မိုးရာသီစိုက်စရိတ်ချေးငွေ ၂၉၂ ဘီလီယံကျော် ထုတ်ချေးနိုင်မည်ဟု ခန့်မှန်း

14 June 2019
မိုးရာသီစိုက်စရိတ်ချေးငွေ ၂၉၂ ဘီလီယံကျော် ထုတ်ချေးနိုင်မည်ဟု ခန့်မှန်း

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် မိုးရာသီစိုက်စရိတ်ချေးငွေ ၂၉၂ ဘီလီယံကျော် ထုတ်ချေးပေးနိုင်မည်ဟု ခန့်မှန်းကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းမန်နေဂျာဦးသန်းဌေးအောင်က ပြောသည်။ 

“ လယ်သမားအများစု တင်ပြကြ၊ ပြောကြတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေချေးတာ နောက်ကျတယ်ဆိုတာ နှစ်စဉ် မေလမှာ ချေးပါတယ်။ တစ်ဘက်ကလည်း မနှစ်က အနီးဆုံးကြွေးပေါ့ ၂၀၁၈ ခုနှစ် မိုးရာသီချေးငွေ၊ ဆောင်းရာသီချေးငွေတွေက တစ်ဘက်က ပြန်ဆပ်ပေါ့၊အခုဆိုရင် မိုးချေးငွေက ၆၉.၃ ရာနှုန်း၊ လူ ၁၀၀ မှာ ၆၉ ယောက် ဆပ်တယ်ပေါ့။ ၃၀ ကျော် ကျန်ပါသေးတယ်။ ဆောင်းချေးငွေဆိုလည်း ၃၉.၇၈ ရာနှုန်းပဲ ဆပ်သေးတယ်၊ လူ ၁၀၀ မှာ ၃၉ ယောက်ပဲ ဆပ်သေးတယ်၊ ကြွေးကျန်တဲ့နှစ်က ကြွေးဖြစ်ဖြစ်၊ လွန်ခဲ့သော ကြွေးဖြစ်ဖြစ်၊ ကြွေးတစ်ကြွေးကျန်ရင် ကြွေးသစ်ထုတ်ချေးခြင်းမရှိပါဘူး” ဟု တိုင်းမန်နေဂျာဦးသန်းဌေးအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာဧက ၁၉ သိန်းကျော်အား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခဲ့ပြီး မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးခြင်း ဖြစ်သည်။

ရိုက်ကူး / တည်းဖြတ် - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly