အသားငါးတွေကိုရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ။ ဘယ်လောက်ခံလဲ ။

အသားငါးတွေကိုရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ။ ဘယ်လောက်ခံလဲ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခုခေတ် အိမ်ရှင်မတွေထဲမှာ နေ့တိုင်း စျေးသွားပြီး ချက်ပြုတ်စားသောက်ကြတဲ့သူ အ တော်ကို နည်းသွားပါပြီ။ အိမ်အလုပ်ကတစ်ဖက် အခြား အပြင်အလုပ်ကတစ်ဖက် တွဲပြီး လုပ်လာကြတဲ့သူများလာတာကြောင့် စျေးအစား ရေခဲသေတ္တာကသာ သူတို့အတွက် အဆင်အပြေဆုံး ပစ္စည်းသိမ်းဆည်းသိုလှောင်ရာ နေရာတစ်ခုဖြစ်လာပါတယ်။

ဒါပေမယ့်  ဒီရေခဲသေတ္တာတွေထဲမှာ စားစရာတွေကို သေချာ မသိမ်းထားတတ်ရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီး သက်ရောက်နို်င်ပါတယ်။ အရေးအကြီးဆုံးကတော့ အသားတွေပေါ့။ ဒီလို ဘက်တီးရီးယားတွေ အပြည့်ဖြစ်နေတတ်တဲ့  အသားတွေကို ရေခဲသေတ္တာထဲမှာ သေချာ မသိမ်းထားတဲ့အခါ ရေခဲသေတ္တာကြီးက ဘက်တီးရီးယားတွေ ပျော်စံရာ နေရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။  ရေခဲသေတ္တာထဲ ထည့်ထားတာပဲ အသားတွေ လုံးဝ ပုပ်မသွားနိုင်ပါဘူး ဆိုတဲ့  အယူအဆကလည်း မှားနေတဲ့အရာတစ်ခုပါ။ ရေခဲသေတ္တာထဲ ဘယ်လောက်ထည့်ထည့် အသားတွေမှာလည်း သူ့သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ဒီတော့ အသားတွေကို ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းရမလဲ၊ ဘယ်အသားတွေက  ဘယ်လောက်ခံလဲ ဆိုတာတွေကို အိမ်တစ်အိမ်ရဲ့ ကျန်းမာရေးကို တာဝန်ယူထားတဲ့ အိမ်ရှင်မတိုင်း သိထားဖို့လိုတယ်နော်။
ရေခဲသေတ္တာရဲ့ အစိတ်အပိုင်းတွေကို အရင်လေ့လာကြည့်ရအောင် ။

အသားတွေ သိမ်းဆည်းတဲ့အကြောင်း အပြောခင် ရေခဲ့သေတ္တာအကြောင်း အရင်သိဖို့လိုပါတယ်။ ရေခဲသေတ္တာဆိုတာ အေးခဲနေတဲ့ နေရာတစ်ခုဖြစ်ပေမယ့် သူ့ကို အကြမ်းအားဖြင့် အကန့် ၂ ကန့် ခွဲထားတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ရေခဲစေတဲ့ အပေါ်ကန့်နဲ့ ဒီတိုင်း အေးနေတဲ့ အောက် အကန့်အကျယ်ကြီး ၂ ခုပေါ့။ အသားတွေကို ထုပ်ပိုးသိမ်းဆည်းတဲ့နေရာမှာ ဒီအကန့်တွေကလည်း အရေးပါတဲ့အတွက် ဆက်ကြည့်လိုက်ရအောင် ။ ။
အနီရောင်ရှိတဲ့အသားတွေ

အမဲသားတို့ ဝက်သားတို့ဆိုတာ ရေခဲသေတ္တာအောက်အကန့်မှာဆိုရင် ၅ ရက်လောက်အထိခံပြီး အပေါ်ကန့် အခဲခန်းထဲမှာဆိုရင် ၁ နှစ်လောက်အထိ သိမ်းထားနိုင်ပါတယ်။
Ground meats

ကြိတ်ထားတဲ့ အသားတွေဖြစ်တဲ့ ကြက်သား၊ အမဲသား၊ ဝက်သားတစ်ချို့တို့ကိုတော့ ရေခဲသေတ္တာ အောက်ကန့်ထဲမှာ ၂ ရက်လောက်ပဲ သိမ်းထားနိုင်ပြီး အပေါ်ကန့်ထဲမှာတော့ ၄ လလောက်ထိ အခဲခံထားလို့ရပါတယ်။
အသားချောင်းတွေ

hot dog တို့လို အသားချောင်းတွေကတော့ အထုတ်မဖွင့်ခင်ဆို ရေခဲသေတ္တာအောက်ကန့်ထဲမှာ အနည်းဆုံး ၂ပတ်လောက်ခံပြီး ဖွင့်ပြီးသား အထုတ်တွေကိုတော့ ၅ ရက်အတွင်းစားပေးရပါမယ်။ ရေခဲတဲ့ အကန့်ထဲမှာ သိမ်းထားမယ်ဆိုရင်တော့ ၁ လ ၂ လ လောက်အထိခံပါတယ်။
ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်း

ဝက်ပေါင်ခြောက်ကတော့ ရေခဲသေတ္တာအောက်ကန့်ထဲမှာ ၁ ပတ်လောက်ပဲ အထားခံပြီး  ဝက်အူချောင်းတွေကတော့ ၂ ရက်လောက်ပဲ ခံပါတယ်။ ရေခဲသေတ္တာ အပေါ်ကန့်ထဲမှာ သိမ်းမယ်ဆိုရင်တော့ ၁ လလောက်အထိ အ ထားခံပါတယ်။
ကြက်ဥ

ကြက်ဥ အစိမ်းတွေကိုတော့ ရေခဲသေတ္တာ အောက်ကန့်မှာပဲ သိမ်းထားတတ်ကြပြီး ၁လလောက်အထိ တာရှည်ခံပါတယ်။ ပြုတ်ပြီးသား ကြက်ဥကတော့ တစ်ပတ်လောက်အထိပဲ ခံတတ်ပြီး ၁ ပတ်ထက်ကျော်သွားရင် မစားသင့်တဲ့ အစားအစာတွေထဲမှာ ပါပါတယ်။
အသားတွေ တာရှည်ခံတဲ့အကြောင်းတွေကို သိပြီးပြီဆိုတော့ အသားတွေကို စနစ်တကျ ဘယ်လို သိမ်းဆည်းကြမလဲ ။ ။

  • စျေးကဝယ်လာတဲ့ အသားတွေကို ရေစင်အောင် ဆေးပါ။
  •     အသားတွေကို သေချာဆေးပြီးပြီးဆိုတာနဲ့ ရေခဲသေတ္တာထဲထည့်ဖို့ ထုပ်ပိုးဖို့ ပြင်ဆင်ပါတော့့။
  • ဘူးထဲမှာ လေအလုံပိတ်ထည့်ထားတာမျိုးဖြစ်ဖြစ်၊ zip lock ပါတဲ့ ပလတ်စတစ်အိတ်လေးထဲ သိမ်းထားတာမျိုး ဖြစ်ဖြစ် သေချာ ထုပ်ပိုးသိမ်းဆည်းပါ။
  •     အသားတွေကို သပ်သပ်နေရာဖယ်ထားပြီး သိမ်းပါ။ အသီးအရွက် တွေနဲ့ မရောပါနဲ့။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly