နိုင်ငံအသီးသီး၊ ဘာသာအသီးသီးက ဂီတဝါသနာရှင်တွေ ပါဝင်ဖျော်ဖြေမယ့် Myanmar Music Festival 2019

နိုင်ငံအသီးသီး၊ ဘာသာအသီးသီးက ဂီတဝါသနာရှင်တွေ ပါဝင်ဖျော်ဖြေမယ့် Myanmar Music Festival 2019

ရန်ကုန်၊ ဇွန် ၁၃ ။           ။ Myanmar Music Festival 2019 ကို ဇွန်လ ၁၆ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်တွင် နိုင်ငံအသီးသီး၊ ဘာသာအသီးသီးက ဂီတဝါသနာရှင်များမှ ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ပဋိပက္ခတွေရဲ့ ဒဏ်ကို ခံစားလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ဂီတဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ တိုင်းရင်းသားအားလုံး သဟဇာတဖြစ်ဖြစ်နဲ့ ဘယ်လိုနေထိုင် မလဲဆိုတာကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ သဟဇာတဖြစ်ဖို့က ဂီတရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေရဲ့ အသီးသီးမှာ ပါလာတဲ့ သူတို့သိထားတဲ့ အနုပညာအချင်းချင်း ဖလှယ်ကြတယ်တာတွေကို တစ်ယောက်နဲ့ တစ်ယောက်ဆီက အပြန်အလှန် သင်ယူခွင့်ရတဲ့ အခွင့် အရေးလည်း ဖြစ်ပါတယ်” ဟု အမေရိကန်သံရုံး၏ Deputy Chief of Mission  George N. SIBLEY က ပြောသည်။

၆ ကြိမ်မြောက်ကျင်းပမည့် အဆိုပါ ဂီတပွဲတော်တွင် မြန်မာနိုင်ငံနှင့် အမေရိကန်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနိုင်ငံများမှ စန္ဒယား၊ တယောနှင့် အဆိုရှင်များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ပြီး ပွဲတော် အတွက် အကြိုလေ့ကျင့်မှုများကို ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ Khayay International School တွင် ပြုလုပ်ခဲ့ကြသည်။

ပွဲတော်တွင် ပါဝင်ဖျော်ဖြေရန် မြန်မာနိုင်ငံအတွင်းက အသက် ၁၈ နှစ်မှ ၃ဝ အတွင်းရှိ ဂီတဝါသနာရှင် များကို ခေါ်ယူရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုမှ ဝါသနာရှင်များ ပါဝင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရပါသည်။

 “ကျွန်တော်တို့အတွက်တော့ အများကြီး အကျိုးဖြစ်ထွန်းတာပေါ့။ နယ်မှာကတော့ မြို့ပေါ်မှာလို သင်တန်းတွေ သိပ်မရှိဘူး။ သင်ဖို့အတွက် သင်တန်းတွေ သိပ်မရှိဘူး။ ကျွန်တော်တို့ အခုလိုမျိုး Select လုပ်ပြီး ရွေးချယ်ခံရတဲ့အတွက် ကျွန်တော်တို့တော့ အများကြီး အကျိုးရှိတယ်ပေါ့နော်။ အကယ်၍ နောက်နှစ်မှာ လုပ်တဲ့ပွဲတွေမှာကျရင် ကျွန်တော်တို့လို Music ဝါသနာပါတဲ့လူငယ်တွေ ရွေးချယ်ခံဖို့ ဝင်လျှောက်ကြပါလို့ ပြောချင်ပါတယ်” ဟု မွန်ပြည်နယ်မှ ဂီတဝါသနာရှင် ကိုထိုက်အောင်က ပြောသည်။

 

၂ဝ၁၄ ခုနှစ်ကစတင်ကျင်းပခဲ့သည့် မြန်မာဂီတပွဲတော်ကို ယခုနှစ်တွင် မြို့တော်ခန်းမ၌ ကျင်းပသွား မည်ဖြစ်ပြီး  အများပြည်သူအခမဲ့လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဂီတပွဲတော်ကို လာရောက်လိုများအနေဖြင့် [email protected]  သို့ ဇွန်လ ၁၄ ရက်နောက်ဆုံး ထား၍ အီးမေးလ်ဖြင့် ကြိုတင်စာရင်းပေးခြင်းနှင့် မြို့တော်ခန်းမဝင်ခွင့်အတွက် မှတ်ပုံတင်၊ Passport ယူဆောင်လာခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly