မန်ချက်စတာ ယူနိုက်တက်ဟာ ကျနော့်အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုပါ။’ - ဒန်နီယဲယ် ဂျိမ်းစ်

မန်ချက်စတာ ယူနိုက်တက်ဟာ ကျနော့်အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုပါ။’ - ဒန်နီယဲယ် ဂျိမ်းစ်
Photo: Man Utd/Twitter

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆွမ်ဆီးအသင်းမှ ဒန်နီယဲယ် ဂျိမ်းစ်ကို ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က နှစ်ဖက်အသင်းက ကြေညာခဲ့ပါတယ်။ အသက် ၂၁ နှစ် ဝေးလ်တောင်ပံကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ နည်းပြ ဆိုးလ်ရှားရဲ့ ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာပါတယ်။

ဂျိမ်းဟာ နောက်ထပ်စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားတဲ့ (၅)နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။

ကနဦးပြောင်းရွှေ့ကြေးဟာ ပေါင် (၁၅)သန်းဝန်းကျင်ခန့်ရှိတယ်လို့ သတင်းများက ဖော်ပြပါတယ်။

ဆွမ်ဆီးအကယ်ဒမီထွက် ဂျိမ်းဟာ ချန်ပီယံရှစ်ကလပ်နဲ့အတူ ၂၀၁၈-၁၉ ရာသီအတွင်း (၃၈)ပွဲပါဝင်ကစားခဲ့ရာမှာ (၅)ဂိုးသွင်းယူခဲ့ပါတယ်။

ဂျိမ်းစ်က "ဒါဟာ ကျနော့်ဘဝရဲ့ အကောင်းဆုံးနေ့တွေထဲက တစ်ခုဖြစ်ပြီး ဒါဟာ ကျနော်စောင့်မျှော်နေခဲ့တဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်တစ်ခုဖြစ်သလို မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း ကစားသမားတစ်ယောက်အနေနဲ့ ရှေ့ဆက်တိုးတက်ကောင်းမွန်ဖို့ ကျနော့်အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။"

ဂျိမ်းစ်ရဲ့ အပြောင်းအရွှေ့ဟာ သူရဲ့ ဖခင်ဆုံးပါးသွားခဲ့ပြီးနောက် တစ်လမကြာခင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

"အခုလိုမန်ယူအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့ခြင်းက ကျနော်နဲ့ ကျနော့်မိသားစုအတွက် တစ်ကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒါပေမယ့်လည်း ကျနော့်ရဲ့ အတွေ့အကြုံကို မျှဝေပေးဖို့ ကျနော့်အဖေမရှိတော့တဲ့အတွက် အရမ်းပဲဝမ်းနည်းမိပါတယ်။ ကျနော် အိုလီနဲ့အတူ လုပ်တွဲအလုပ်သွားဖို့ ၊ အသင်းနဲ့ တွေ့ဆုံဖို့ စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။"လို့ ပြောဆိုသွားပါတယ်။

Ref; AFP

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly