ONE Championship မှ အကောင်းဆုံး တရုတ် ကိုယ်ခံပညာကစားသမားများ

ONE Championship မှ အကောင်းဆုံး တရုတ် ကိုယ်ခံပညာကစားသမားများ

အာရှ၏အခမ်းနားဆုံးကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပြိုင်ပွဲများကိုကျင်းပနေသည့် ONEChampionshipသည် အာရှတစ်လွှားအကောင်းဆုံးကိုယ်ခံပညာကစားသမားများကို စဉ်ဆက်မပြတ်စင်တင်ပေးနေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။အဆိုပါကိုယ်ခံပညာကစားသမားများထဲတွင်တရုတ်ကိုယ်ခံပညာကစားသမားများလည်းအများအပြားပါဝင်နေပြီးလက်ရှိအမျိုးသမီးစတောဝိတ်တန်းကမ္ဘာ့ချန်ပီယံမှာတရုတ်နိုင်ငံသူXiongJing

Nanဖြစ်သည်။ထို့ပြင်ONEHeroSeriesပြိုင်ပွဲများ ကိုလည်းတရုတ်တွင်ကျင်းပပေးကာမျိုးဆက် သစ်ကစားသမားများကို မြေတောင်မြှောက်ပေး လျက်ရှိသည်။ထို့ကြောင့်ONEတွင်လက် ရှိပါဝင်ကစားနေသည့်တရုတ် ကစား သမား အမြောက်အမြားရှိ သည့်အနက် အကောင်းဆုံး ကစားသမားအချို့ကို စုစည်းဖော်ပြလိုက်ရပါသည်။

“The Panda” Xiong Jing Nan  ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းတွင်ပထမဆုံးကမ္ဘာ့ချန်ပီယံဖြစ်ဖူးသည့် တရုတ်အမျိုးသမီးဟုပင်ဆိုရမည့် “ThePanda”XiongJingNanသည် ONEChampionshipတွင် ရှုံးပွဲ မရှိ ပွဲ တိုင်းနိုင်ထားသည့် ကစားသမား ဖြစ်သည်။ ၎င်း၏ ကစားသမား ဘဝ သက်တမ်း တစ်လျှောက်လုံးတွင်ပင် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် တစ်ပွဲသာ ရှုံးပွဲရှိခဲ့ဖူးသည်။

JingNanသည်ပြီးခဲ့သည့်မတ်လ အတွင်းက၎င်းကိုစိန်ခေါ်လာသည့် အက်တမ်ဝိတ်တန်းရှုံးပွဲမရှိချန်ပီယံ AngelaLeeကိုအနိုင်ယူခဲ့ပြီးသည့်နောက်တွင် Xiongသည်ONEChampionship၏အကောင်းဆုံးအမျိုးသမီး ကစား သမား ဟူ သည့်ဘွဲ့ကိုပြိုင်ဘက်မရှိသိမ်းပိုက်နိုင်ခဲ့သည်။၎င်းချန်ပီယံဖြစ်ခဲ့သည့်၂ဝ၁၈ဇန်နဝါရီမှစတင်ကာတစ်နှစ်ကျော်ကာလအတွင်းချန်ပီယံခါးပတ်ကိုစိန်ခေါ်သူ၃ဦးရှိခဲ့ပြီးယင်းတို့နှင့်၃ပွဲစလုံးကိုအနိုင်ယူကာချန်ပီယံဘွဲ့ကို
 ကာကွယ်နိုင်ခဲ့သည်။

ငယ်စဉ်က အလေးမ ကစားသမား ဖြစ်ခဲ့သူ Jing Nan သည် တရုတ်လက်ရွေးစင်အနောက်တိုင်း လက်ဝှေ့ကစားသမားလည်း ဖြစ်ခဲ့သည်။ ဘရာဇီးလ် ဂျူဂျစ်ဆု ပြိုင်ပွဲတွင်ပါ တရုတ်အိုးပင်း ချန်ပီယံဖြစ်ခဲ့သူ Jing Nan သည် ၎င်း၏ ကစားသမားဘဝ တစ်လျှောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲပေါင်း ၁၅ ပွဲ ထိုးသတ်ခဲ့ ရာတွင် ၁၄ ပွဲ အနိုင်ရခဲ့သည်။

“KingKongWarrior”FanRongONE ၏လက်ရှိတရုတ်ကစားသမားများထဲ တွင်ဝိတ်တန်းအမြင့်ဆုံးဖြစ်သည့် “KingKongWarrior”FanRongသည် ၁ဝပွဲဆက်တိုက်အနိုင်ရသည့်ထူးခြားသောစံချိန် ကိုပိုင်ဆိုင်ထားသူ ဖြစ်သည်။  WMMAA ပြိုင်ပွဲ ၏ ချန်ပီယံလည်း ဖြစ်ဖူးသည့် Fan သည် အသက် ၁၅ နှစ် အရွယ်ကတည်းက သူငယ်ချင်းတစ်ဦး၏ တိုက်တွန်းမှုဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို စတင်လေ့လာ လိုက်စားခဲ့သည်။

လူကောင်ကြီးပြီးသန်မာသည့် Fanသည်၎င်း၏ပထမဆုံးပွဲဦးထွက် တွင်ဂျပန်ကစားသမားTsuyoshiYamashitaကို ရှုံးနိမ့်ခဲ့ဖူးသည်။သို့သော်လည်းစိတ်ဓာတ်ကျမသွားဘဲ အရှုံးကိုသင်ခန်းစာယူ ကာနောက်ပွဲများတွင်ပိုမို ကြိုး စား ကစားခဲ့သဖြင့်၁ဝပွဲ ဆက်တိုက်အနိုင်ရခဲ့သည် ။WMMAAတွင်လည်းသုံးပွဲဆက်နိုင်ကာချန်ပီယံဖြစ်ခဲ့သဖြင့် ONEChampionshipကစာချုပ်ချုပ် ဆိုခေါ်ယူခဲ့ခြင်းဖြစ်သည်။ ONEတွင်တစ်ပွဲသာကစားရသေးသည့် Fan သည် ပထမဆုံး ပွဲဦးထွက်တွင် နယ်သာလန် ကစားသမား Reinier De Ridder ကို ရှုံးနိမ်ခဲ့သော်လည်း ယင်းအရှုံးကို သင်ခန်းစာယူပြီး နိုင်ပွဲဆက်အောင် ကစားနိုင်ဦးမည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

“TheUnderdog”LiKaiWen ဘေဂျင်းတွင်ကျင်းပခဲ့သည့်ONE ဖယ်သာဝိတ်တန်းပြိုင်ပွဲတွင်ဗိုလ်စွဲခဲ့ဖူး သည့်“TheUnderdog”LiKaiWenသည် ONE၏နိုင်ပွဲအများဆုံးတရုတ် ကစားသမားဖြစ်သည်။ ၎င်းသည် ၂ဝ၁၄ခုနှစ်က တည်း က ONE Championship နှင့် လက်တွဲခဲ့ခြင်း ဖြစ်ကာ ပွဲပေါင်း ၁ဝ ပွဲ ကစားခဲ့ဖူးပြီး မလေးရှား နာမည်ကြီး ကစားသမားKeanuSubba ကဲ့သို့ ကစားသမား မျိုးကိုပင် အနိုင်ရထားသည်။

အသက်၈နှစ်အရွယ်ကတည်းကမိဘများ၏ အိမ်ထောင်ရေးအကွဲအပြဲကြောင့်ပျော်ရွှင်စရာမကောင်းသည့် ကလေးဘဝကိုပိုင်ဆိုင်ခဲ့ရသူLiသည်ကိုယ်ခံပညာအားကစားတွင်စိတ်နှစ်ကာလေ့ကျင့်ခဲ့ပြီး မိသားစု၏ စိတ်ညစ်စရာ များ ကို ဖြေဖျောက်နိုင်ရန်ကြိုးစားခဲ့သည်။ ရုပ်သံမှကြည့်ရသည့်ကိုယ်ခံပညာသိုင်း ပေါင်းစုံပြိုင်ပွဲများကိုအလွန်အမင်းသဘောကျခဲ့ပြီး ယင်းအားကစားသမားတစ်ယောက်ဖြစ်လိုသည့် အိပ်မက်ငယ်စဉ်ကတည်းက ရှိခဲ့သူ လည်း ဖြစ်သည်။ ထို့ကြောင့် ONE က တရုတ်နိုင်ငံတွင် ကျင်းပသော ပြိုင်ပွဲတွင် ၎င်းကို ပါဝင်ယှဉ်ပြိုင်ရန် အခွင့်အရေးပေးခဲ့ရာ တစ်ညတည်း ကစားသမား နှစ်ဦးကို အနိုင်ကစားပြီး ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

“The Stalker” Xie BinONE Championship တွင် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို စတင်ခဲ့သူ“The Stalker”XieBinသည်အသက်၂၁နှစ်သာရှိသေးသော်လည်းနိုင်ပွဲ၇ပွဲအထိရရှိထားပြီးHefeiမြို့တွင်ကျင်းပခဲ့သည့် ONE ၏ ဘန်တန်ဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲတွင် ဗိုလ်လုပွဲ အထိ တက်နိုင်ခဲ့သူလည်း ဖြစ်သည်။

အသက် ၁၆ နှစ်မှ စတင်ကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကိုတစိုက်မတ်မတ် လေ့ကျင့်ခဲ့သူ Xie သည် အနောက်တိုင်း လက်ဝှေ့၊ ဘရာဇီးလ် ဂျူဂျစ်ဆုနှင့် မွေထိုင်းတို့တွင် ကျွမ်းကျင်အဆင့် ရှိပြီး Li Kai Wen,Ma Jia Wen စသည့် နာမည်ကျော် များနှင့်လည်း တစ်သင်းတည်းအတူ လေ့ကျင့်နေသူဖြစ်သည်။၂ဝ၁၆တွင်ONEနှင့်ပွဲဦးထွက်ပြီးနောက်၎င်း၏အရည်အသွေးများကိုမြင်သာအောင်ထုတ်ပြနိုင်ခဲ့ပြီးနောက်ဆုံးကစားထားသည့်၆ပွဲ ဆက်တိုက် အနိုင်ရ ထားသည်။ Xie Bin သည် ပထမဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ ကမ္ဘာ့ ချန်ပီယံ တရုတ်အမျိုးသား ဖြစ်သည်အထိကစားရန် ရည်မှန်းထားသူလည်း ဖြစ်သည်။

“Rock Man” Chen Leiရှန်ဟိုင်း အိုးပင်း ဘရာဇီးဂျူဂျစ်ဆု ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ထားသူ “RockMan” Chen Lei သည် လွန်ခဲ့သည့် နှစ်နှစ်ခန့် ကမှကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသို့ ကူးပြောင်းလာခဲ့သူ ဖြစ်သော်လည်း ငါးပွဲဆက် အနိုင်ရခဲ့ပြီး နောက်ဆုံးကစားသည့် တစ်ပွဲသာ ရှုံးနိမ့်ထားသူ ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့်ကိုယ်ခံပညာကို လေ့လာသင်ယူခဲ့သူChenသည်အစောပိုင်းက အနောက်တိုင်းလက်ဝှေ့နှင့်မွေထိုင်းတို့ကို သာအားသန်ခဲ့သည်။ဘရာဇီးဂျူဂျစ်ဆုပညာကို ပြိုင်ပွဲတစ်ခု ချန်ပီယံ ဖြစ်သည် အထိ လေ့လာလိုက်စား ခဲ့ပြီးသည့် နောက်မှ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကြိုးဝိုင်းထဲ ရောက်ရှိလာခဲ့သည်။အသက်အရွယ်အားဖြင့် ၃ဝနှစ်ရှိပြီဖြစ်သော်လည်းအကောင်းဆုံးလက်စွမ်း ကိုရရှိနေပြီး နောက်ထပ် ဆယ်စုနှစ် တစ်ခု အထိ ဆက်လက် ကစားနိုင်စွမ်း ရှိသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly