လိုင်ယွန်မှ မန်ဒီကို ပေါင် (၄၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်

လိုင်ယွန်မှ မန်ဒီကို ပေါင် (၄၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်
Photo: EPA

ရီးယဲလ်မက်ဒရစ်အသင်းဟာ လိုင်ယွန်အသင်း ဘယ်အစွန်နောက်ခံလူ ဖာလန် မန်ဒီကို ပေါင် (၄၇.၁)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ စပိန်အင်အားကြီးကလပ်အတွက် ယခုနွေရာသီ အပြောင်းအရွှေ့အသုံးစရိတ်ဟာ ပေါင်သန်း (၃၀၀)အထိ နီးကပ်လာပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ပြင်သစ်နောက်ခံကစားသမားဟာ ဘာနေဗျူးမှာ (၆)နှစ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

"ရီးယဲလ်မက်ဒရစ်နဲ့ လိုင်ယွန်တို့က နောက်ခံလူ ဖာလန် မန်ဒီအတွက် သဘောတူညီမှုရရှိခဲ့ပါတယ်။ ကစားသမားက ဇွန်လ ၁၉ ရက်မှာ အသင်းနဲ့ စတင်ပူးပေါင်းသွားဖြစ်ပြီးနော့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ဘာနေဗျူးမှာရှိနေပါ။"လို့ စပိန်ကလပ်က သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ဖော်ပြသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးမှ ဘယ်လ်ဂျီယံတိုက်စစ်မှူးအတွက် ပေါင်သန်း (၁၅၀)၊ ဖရန့်ဘတ်အသင်းမှ ဆာဘီးယားတိုက်စစ်မှူး လူကာ ဂျိုဗစ်အတွက် ပေါင် (၅၃)သန်းနဲ့ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

မတ်လတုန်းက သူတို့ဟာ ပေါ်တိုနောက်ခံလူ အီဒါ မီလီတိုကို ပြောင်းရွှေ့ကြေး ပေါင် (၄၂.၇)သန်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။

ယခုနွေရာသီမှာ နောက်ထပ်ရောက်လာမယ့် ကစားသမားကတော့ ၂၀၁၈ ခုနှစ်၊ ဇွန်လက ဆန်းတို့စ်အသင်းမှ ပေါင်သန်း (၄)နဲ့ ရီးယဲလ်အသင်းခေါ်ယူခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရိုဒရီဂိုဖြစ်ပြီး သူဟာ ဇူလိုင်လမှာ အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီလူငယ်ကစားသမားဟောင်း မန်ဒီဟာ ၂၀၁၇ ခုနှစ်က လာဟားဘရိတ်အသင်းမှ လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လီဂူ-၁ ကလပ်နဲ့ (၂)ရာသီအတွင်း (၇၉)ပွဲ ကစားခဲ့ပါတယ်။

မန်ဒီကို ရီးယဲလ်အသင်းက ဇွန်လ ၁၉ ရက်နေ့မှာ ဘာနေဗျူးမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly