ထောင်ဝင်စာလာတွေ့ရင်း ကြက်သွန်နီအတွင်း WY ထည့်ပေးခဲ့မှုကို ဖမ်းဆီးရမိ

ထောင်ဝင်စာလာတွေ့ရင်း ကြက်သွန်နီအတွင်း WY ထည့်ပေးခဲ့မှုကို ဖမ်းဆီးရမိ
စိတ်ကြွဆေးပြားများကို တွေ့ရှိရစဉ်။ ဓာတ်ပုံ-AFP

ပုသိမ်၊ ဇွန် ၁၂ ။          ။ မြောင်းမြအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားအား ထောင်ဝင်စာ လာတွေ့ရာ၌ ယူဆောင်လာသည့်ပစ္စည်းများမှ ကြက်သွန်နီများထဲတွင် WY များ ထည့်သွင်းထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု မြောင်းမြအကျဉ်းထောင်တာဝန်ခံအရာရှိ ဦးလတ်စီက မဇ္စျိမသို႔ ပြောသည်။

“ ကျွန်တော်တို့က သေချာရှာမှာပဲ၊ဆက်လက်ပြီးတော့ ရှာမှာပဲ။ တွေ႔ရင်အရေးယူမှာပဲ ၊ကြက်သွန်ကို ဓါးနဲ့ ခွဲပြီးတော့ အလယ်က ကြက်သွန်အလုံးကို ထုတ်ပြီး ထည့်လာတာ။ ကျွန်တော်တို့က ကြက်သွန်လုံးတွေကို ကြည့်တော့ မသင်္ကာဘူး။ လက်နဲ့ဖိကြည့်တော့ ထွက်သွားရော၊ ကျွန်တော်တို့က သေချာရှာတယ် ဒီပစ္စည်းတွေ မရောက်လာဖို့က ရှာဖွေရေးက အဓိကပဲ ”ဟု မြောင်းမြအကျဉ်းထောင်တာဝန်ခံအရာရှိ ဦးလတ်စီက မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင်ပတ်သက်ပြီး ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇွန် ၁၀ ရက်နေ့က မြောင်းမြအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား မြတ်လင်းစံ(ခ)မြတ်လင်းအား ထောင်ဝင်စာလာတွေ ့သူ ဒေါ်ညွန် ့ညွန့်စန်း ယူဆောင်လာသည့် ထောင်ဝင်စာ ပစ္စည်းများအားမြောင်းမြအကျဉ်းထောင်မှာ တာဝန်ရှိသူများ ရှာဖွေစစ်ဆေးရာ ကြက်သွန်နီဥများအား မသင်္ကာသဖြင့် မြောင်းမြမြို့မရဲစခန်းသို ့အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ ့မှ သွားရောက်စစ်ဆေးရာ ကြက်သွန်နီ ၂၆ လုံးအတွင်း WYစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ နှင့် ICE ဟု ယူဆရသည့်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ မြောင်းမြအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသားကို ထောင်ဝင်စာလာတွေ႔တယ်။ သူ့ဆီက စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတာပါ။ ကြက်သွန်နီတွေကို ခွဲထားတဲ့အထဲမှာ ရှာဖွေတွေ႔ရှိတာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရဲတပ်ဖွဲ႔မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

လက်ရှိတွင် မြောင်းမြမြို့မရဲစခန်းတွင် မူးယစ် ပနံပတ်ရ/၂၀၁၉ ဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁(က)တို့ဖြင့် ဒေါ်ညွန့်ညွန့်စန်းအား အမှုဖွင့် အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ႔မှူးရုံးမှ သိရှိရသည်။

၂၀၁၉ ခုနှစ်အတွင်း မြောင်းမြအကျဉ်းထောင်တွင် စိတ်ကြွမူးယစ်ဆေးဝါများ ဖမ်းဆီးရမိမှု ၄ မှု အထိ ရှိကြောင်းကို တိုင်းဒေသကြီးရဲတပ်ဖွဲ႕မှူးရုံးမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly