ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ့်ကိုယ်ကို သေနတ်နှင့် ပစ်ပြီး သေကြောင်းကြံ

ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ့်ကိုယ်ကို သေနတ်နှင့် ပစ်ပြီး သေကြောင်းကြံ

မန္တလေး၊ ဇွန်၁၂၊  ။          ။ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွှန့်သန်း သည် ဇွန်လ ၁၂ရက် နံနက် ၇ နာရီ ၃ဝမိနစ်က မိမိကိုယ်မိမိ သေနတ်ဖြင့် ပစ်ခတ်သေကြောင်း ကြံသွားခဲ့သည် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။

ဖြစ်စဉ်မှာ ရဲမှူးမျိုးညွန့်သန်းသည် ခရိုင်ရဲမှူးထံ သတင်းမပို့သဖြင့် မြို့နယ်မှူးနေအိမ်သို့ ပုသိမ်ကြီး မြို့မစခန်းမှူး ဒုရဲမှူးမြင့်စိုးကို သွားရောက်ကြည့်ရှူ့ခိုင်းခဲ့ရာ နေအိမ် အိပ်ခန်းအတွင်း ဦးခေါင်း သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရဲမှူး မျိုးညွန့်သန်းကို တွေ့ရှိခဲ့ရပြီး ၄င်းလက်ထဲတွင် သေနတ်ကိုင်ထားကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

အဆိုပါသေဆုံးမှုကို မန္တလေးတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့က စစ်ဆေးရာတွင် ရဲမှူးမျိုးညွန့်သည် သေနတ်အား ပါးစပ်မှတေ့၍ ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနောက်စေ့ ပေါက်ထွက် ဒဏ်ရာ ရရှိသေဆုံးခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး မျိုးညွန့်သန်းသည် သေဆုံးချိန်တွင် နေအိမ်၌ တစ်ဦးတည်း ရှိနေပြီး ဇနီးနှင့် သားသမီးများမှာ ပဲခူးတိုင်း ရွှေတောင် မြို့တွင် ရောက်ရှိနေသည်ဟု ရဲတပ်ဖွဲ့အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ကိုယ့်ကိုကိုယ် သတ်သေသွားသည့် ရဲမှူးမျိုးညွှန့်သန်း သည် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ကန့်ကွက်သည်ဟု ဆိုကာ ဖမ်းဆီးခံထားရသည့် အာင်သပြေရွာသား ကိုထွန်းမြင့်ဝင်း ထောင်တွင်းသေဆုံးမှုဖြင့် ပတ်သက်၍ CID မှစစ်ဆေးခံနေရသူ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required