တရုတ်ဆီ ရာဇဝတ်သား လွှဲပြောင်းတဲ့ ဥပဒေကြမ်းကိုဆန့်ကျင်တဲ့ ဟောင်ကောင်က တစ်ကျော့ပြန် သပိတ်တိုက်ပွဲ

တရုတ်ဆီ ရာဇဝတ်သား လွှဲပြောင်းတဲ့ ဥပဒေကြမ်းကိုဆန့်ကျင်တဲ့ ဟောင်ကောင်က တစ်ကျော့ပြန် သပိတ်တိုက်ပွဲ

ဟောင်ကောင်၊ ဇွန် ၁၂ ။            ။ဟောင်ကောင်မှာ သပိတ်မှောက် ဆန္ဒပြသူတွေဟာ ဇွန် ၁၂ ရက် နံနက်ပိုင်းမှာပဲ အဓိကလမ်းမကြီးနှစ်လမ်းကို ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဆီ ရာဇဝတ်သား လွှဲပြောင်းပေးတဲ့ အစိုးရရဲ့ ဥပဒေကြမ်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ သပိတ်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြိုခွင်းခံခဲ့ရပြီး ဒီကနေ့မှာတော့ တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက လူထုစုရုံးချီတက်ပွဲကြီးဟာ အာရှရဲ့ စီးပွားရေးအချက်အလက် ဟောင်ကောင်ကို ကိုင်လှုပ်လိုက်သလို အံ့ဖွယ်ခမန်း ရှိခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ တရုတ်လက်အောက် ပြန်ရောက်ပြီး နောက်ပိုင်း အကြီးမားဆုံး လူထုစုရုံးမှုကြီး ဖြစ်ခဲ့ပြီး ပွဲစီစဉ်သူတွေက အင်အား တစ်သန်းကျော်လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ခုလို ဆန္ဒပြသပိတ်တိုက်ပွဲ ဝင်ကြတာဟာ တရုတ် ထောက်ခံတဲ့ အစိုးရရဲ့ ဥပဒေကြမ်းကို ရုပ်သိမ်းဖို့ တောင်းဆိုဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်း အတည်ပြုရေး ဆွေးနွေးတော့မှာဖြစ်တဲ့ ဒီကနေ့မှာတော့  ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေရှိရာ အဓိကလမ်းမကြီးနှစ်လမ်းကို ပိတ်ဆို့ထားလိုက်ပြီ ဖြစ်ပါတယ်။

အတားအဆီး အပိတ်အဆို့တွေရဲ့ တစ်ဖက်မှာတော့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆန္ဒုပြသူတွေနဲ့ မျက်နှာချင်းဆိုင် အသင့်ရှိနေပါတယ်။

လွှတ်တော်ကောင််စီအရှေ့က ဆန္ဒပြအုပ်စုကို ရဲက စပရေးတွေ သုံးပြီး မအုံကြွအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်တာမျိုးတွေ ရှိလာပြီး အခြေအနေဆိုးလာရင် အင်အားသုံး ဖြိုခွင်းမယ်လို့ သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly