အမေရိကန် ၁၃-၀ ထိုင်း၊ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲအဖြစ် မှတ်တမ်းရေးထိုးခဲ့တဲ့ အမေရိကန်

အမေရိကန် ၁၃-၀ ထိုင်း၊ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲအဖြစ် မှတ်တမ်းရေးထိုးခဲ့တဲ့ အမေရိကန်
Photos: EPA

အမေရိကန်အမျိုးသမီးအသင်းဟ ထိုင်းအမျိုးသမီးအသင်းကို (၁၃-၀)ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၅ ကမ္ဘာ့ဖလားချန်ပီယံ အမေရိကန်အသင်းဟာ ပထမပိုင်းမှာ (၃-၀)ဂိုးပြတ်နဲ့ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာ (၁၀)မိနစ်အတွင်း (၄)ဂိုး ဆက်တိုက် သွင်းယူခဲ့ပြီး အဲဒီနောက် ပွဲချိန်နောက်ဆုံး (၁၆)မိနစ်အတွင်း နောက်ထပ် (၆)ဂိုး သွင်းယူခဲ့ပြန်ပါတယ်။

မော်ဂန်က အမေရိကန်အသင်းအတွက် တစ်ဦးတည်း (၅)ဂိုး သွင်းယူခဲ့ပြီး ရို့စ်လာဗယ်နဲ့ ဆာမာတာ မြူဝစ်တို့က (၂)ဂိုးစီ သွင်းယူခဲ့ပါတယ်။

လင်းစီဟော်ရန်၊ မေဂန် ရပ်ပီနား၊ မယ်လိုရီဖြူးနဲ့ ကာလီလွိုက်တို့ကလည်း (၁)ဂိုးစီ သွင်းယူခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲမှာ အမေရိကန်အသင်းရဲ့ ပြီးခဲ့တဲ့ အကြီးမားဆုံးနိုင်ပွဲကတော့ ၁၉၉၁ ခုနှစ်က တရုတ်တိုင်ပေကို  (၇-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲများ

၁။ အမေရိကန် ၁၃-၀ ထိုင်း (၂၀၁၉)
၂။ ဂျာမနီ ၁၁-၀ အာဂျင်တီးနား (၂၀၀၇)
၃။ ဂျာမနီ ၁၀-၀ အိုင်ဗရီကို့စ် (၂၀၁၅)
၄။ ဆွစ်ဇာလန် ၁၀-၁ အီကွေဒေါ (၂၀၁၅)
၅။ ဆွီဒင် ၈-၀ ဂျပန် (၁၉၉၁)
၆။ နော်ဝေ ၈-၀ နိုင်ဂျီးရီးယား (၁၉၉၅)
၇= အမေရိကန် ၇-၀ တရုတ် တိုင်ပေ (၁၉၉၁)
၇= နော်ဝေ ၇-၀ ကနေဒါ (၁၉၉၅)
၇= တရုတ် ၇-၀ ဂါနာ (၁၉၉၉)

ပွဲပြီးရလဒ်
အမေရိကန် ၁၃-၀ ထိုင်း
ဂိုး - မော်ဂန် (၁၂၊ ၅၃၊ ၇၈၊ ၈၁၊ ၈၇)မိနစ်၊ လာဗယ် (၂၀၊ ၅၆)မိနစ်၊ ဟော်ရန် (၃၂)မိနစ်၊ မြူဝစ် (၅၀၊ ၅၄)မိနစ်၊ ရပ်ပီနား (၇၉)မိနစ်၊ ဖြူး (၈၄)မိနစ်၊ လွိုက် (၉၀+၂)မိနစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly