အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေး “Internet 1O1”ကို စတင်မိတ်ဆက်

အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေး “Internet 1O1”ကို စတင်မိတ်ဆက်

နေပြည်တော်၊ ဇွန်လ၁၁ ။                ။ အူရီဒူးမြန်မာ၊ Facebook နှင့် GSMA တို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင် ဒီဂျစ်တယ် ဗဟုသုတ တိုးပွားရေး “Internet 1O1”စတင်မိတ်ဆက်ပွဲ ကိုယနေ့ ဇွန်လ ၁၁ရက်နေ့က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ “Internet 1O1”ကို တစ်နိုင်ငံလုံးရှိ ကျေးရွာများတွင် အော်ရီဒူး အရောင်းဆိုင်လေးများတွင် မိုဘိုင်းဖုန်း အသုံးပြုသူများကို ၄င်းတို့အတွက် အသုံးဝင်ပြီး တကယ်လိုအပ်မည့် အွန်လိုင်းသတင်းအချက်အလက်နှင့် အွန်လိုင်းကို အန္တရာယ်ကင်းစွာ အသုံးပြုပုံကို သုံးစွဲသူများအား နားလည်လွယ်ကူသော ဗီဒီယိုပြသမှုကဲ့သို့သော ပညာပေးအထောက်အကူ ပစ္စည်းများဖြင့် အူရီဒူးအရောင်းဝန်ထမ်းများမှ မျှဝေရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပရိုဂရမ်ဆိုလို့ရှိရင် ရွာတွေမှာထားတဲ့ ဆိုင်လေးတွေက ခုလောလောဆယ် တစ်နိုင်ငံလုံး ၆၀၀ ကျော် လောက် ရှိပါပြီ ။ ဒီဆိုင်တွေမှာ တိုးပြီးတော့ လုပ်နေပါပြီ။ ဒီဆိုင်တွေက ပိုင်ရှင်တွေက အမျိုးသမီးတွေ ဖြစ်ပါ တယ်။ အမျိုးသမီးတွေကို အလုပ်အကိုင်ပိုရအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဆိုင်တွေမှာ ဆင်းကတ်၊ ဖုန်းကတ်ရတဲ့အပြင် M ပိုက်ဆံ ငွေလွှဲတဲ့ စီးပွားရေးကို အဲ့ဒီမှာ ကျွန်တေ်ာတို့ အေးဂျင့်အနေနဲ့ ပေးထားပါတယ်။ အင်တာနက်နဲ့ ပတ်သက်တဲ့ ပညာရေးကို ဖြန့်ချိပေးဖို့ သေသေချာချာသင်ပေးသွားပါမယ်။ အချိန်ကာလ ခြောက် လ အရင်လုပ်သွားပါမယ်။ ပြီးရင် ရှေ့ဆက်လုပ်သွားပါမယ်” အော်ရီဒူးမြန်မှာမှ Mr.Alok Verma, Chief Commercial Officerက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် အော်ရီဒူးဆင်းကတ်အသုံးပြုသူသည် ၁ဝသန်းကျော်ရှိနေပြီး အဆိုပါ “Internet 1O1”ကို ကျေးရွာပေါင်း ၆ဝဝကျော်တွင် ဖြန့်ဝေပေးထားပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly