အာဆင်နယ်နှင့်ချန်ပီယံလိဂ်ပွဲတွင် ဒိုင်နမိုဇာဂရက်ကစားသမား တားမြစ်ဆေးသုံးခဲ့

အာဆင်နယ်နှင့်ချန်ပီယံလိဂ်ပွဲတွင် ဒိုင်နမိုဇာဂရက်ကစားသမား တားမြစ်ဆေးသုံးခဲ့

အောက်တိုဘာ ၈၊ ဇာဂရက် ။              ။ ကွင်းလယ်ကစားသမားဖြစ်သူ အာရီဟန်အဒီမီသည် အာဆင်နယ်ကိုအနိုင်ရသည့် ချန်ပီယံပွဲအပြီး တားမြစ်ဆေးစစ်ဆေးရာ၌ ဆေးကျခဲ့သည် ဟု ဒိုင်နမိုဇာဂရက်အသင်းက ကြေညာလိုက်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ အဒီမီသည် ပြီးခဲ့သည့်လက အာဆင်နယ်အသင်းကို ဒိုင်နမိုဇာဂရက်အသင်းက ၂-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ပွဲချိန် ပြည့်ပါဝင်ကစားခဲ့သူဖြစ်သည်။

ယူအီးအက်ဖ်အေအနေဖြင့် အရေးယူမှုများပြုလုပ်ရန် လုပ်ဆောင်နေပြီဖြစ်သည်ဟု ဒိုင်နမိုဇာဂရက်အသင်းက ကြေညာခဲ့သည်။ "အဒီမီဟာ ဒီနှစ်အတွင်းမှာ တားမြစ်ဆေးခြောက်ကြိမ်စစ်ခံရပြီး အကြိမ်တိုင်းဆေးအောင်ထားတဲ့သူဖြစ်တဲ့အတွက် အခုရလဒ်အပေါ်အသင်းအနေနဲ့ အံ့အားသင့်မိပါတယ်"ဟု ဒိုင်နမိုဇာဂရက်အသင်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အကယ်၍ အဒီမီ၏ နမူနာစစ်ဆေးမှုပုံစံ (ခ)တွင်လည်း ဆေးသုံးကြောင်းတွေ့ရလျှင် ကစားသမားမှာ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သော်လည်း အသင်းမှာမူ ကစားသမားနှစ်ဦး ထက်ပို၍   ဆေးသုံးကြောင်းမတွေ့လျှင် အမှတ်လျှော့ခံရမည်ဟု ပြိုင်ပွဲစည်းမျဉ်းထုတ်ပြန်ထားခြင်းမရှိပေ။

ဒိုင်နမိုဇာဂရက်နှင့် အိုလံပီယာကို့စ်တို့ကို ရှုံးခဲ့သည့် အာဆင်နယ်အသင်းသည် ဘိုင်ယန်မြူးနစ်နှင့် အိမ်ကွင်း၊ အဝေးကွင်းနှစ်ပွဲဆက် ကစားရ မည်ဖြစ်သည်။

မက်ဆီဒိုးနီးယားလက်ရွေးစင် အဒီမီသည် ပြီးခဲ့သည့်တစ်ပတ်က ဘိုင်ယန်မြူးနစ်ကို ၅-၀ ဂိုးဖြင့်ရှုံးသည့်ပွဲတွင်လည်း ပါဝင်ကစားခဲ့သေးသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly