နယူးယောက်မှာ ရဟတ်ယာဉ်တစ်စီး မိုးမျှော်တိုက် ခေါင်မိုးပေါ် ဆင်းသက်ချိန် တိုက်မိပြီး ရဟတ်ယာဉ်မှူး သေဆုံး

နယူးယောက်မှာ ရဟတ်ယာဉ်တစ်စီး မိုးမျှော်တိုက် ခေါင်မိုးပေါ် ဆင်းသက်ချိန် တိုက်မိပြီး ရဟတ်ယာဉ်မှူး သေဆုံး

နယူးယောက်၊ ဇွန် ၁၁ ။             ။ အမေရိကန်နိုင်ငံ နယူးယောက်က ထရမ့်တာဝါအနီးက မိုးမျှော်တိုက်ပေါ် ဇွန် ၁၀ ရက်နေ့က ရဟတ်ယာဉ်တစ်စင်း ခက်ခက်ခဲခဲ ဆင်းသက်ချိန်မှာ အရှိန်မထိန်းနိုင်ဘဲ တိုက်မိတာကြောင့် ရဟတ်ယာဉ်မှူးဖြစ်သူ သေဆုံးပါတယ်။

Agusta A109E ရဟတ်ယာဉ်ဟာ မန်ဟတ်တန်အရှေ့ပိုင်း ၃၄ လမ်းကနေ နေ့လယ် ၁ နာရီ ၃၂ မိနစ်မှာ ပျံတက်လာပြီး ၁၁ မိနစ်အတွင်းမှာ ခုလို ဖြစ်ရပ် ကြုံတာဖြစ်ကြောင်း နယူးယောက်ရဲမှူးကြီး ဂျိမ်းအိုနေးလ်က ပြောပါတယ်။

မိုးရွာသွန်းနေသလို မြူလည်းဖုံးနေချိန်မှာ ခုလို ပျံသန်းတာကြောင့် ရဟတ်ယာဉ်မှူးဖြစ်သူ တမ်မတ်ကော်မစ်ဟာ ပြဿနာကြုံတွေ့ပြီး ၇၈၇ ရိပ်သာလမ်းမကြီးက ၅၄ ထပ်မြင့်တဲ့ အဆောက်အအုံရဲ့ ခေါင်မိုးပေါ် အရေးပေါ်ဆင်းသက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ပေါ်မှာ ယာဉ်မှူး ကော်မစ်တစ်ဦးသာ ပါရှိခဲ့တာ ဖြစ်ပြီး ခုလို ရဟတ်ယာဉ် တိုက်မိပြီး မီးလောင်မှု ဖြစ်ရာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က မီးလောင်တာကို ချက်ချင်းပဲ မြန်မြန်ဆန်ဆန် ရေနဲ့ ပက်ဖျန်းငြိှမ်းသတ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတာက ရဟတ်ယာဉ်ထဲမှာ ယာဉ်မှူး ကော်မစ် သေဆုံးတာကို တွေ့ရတာပါပဲ။”လို့ နယူးယောက်မီးသတ်ဌာန အကြီးအကဲ  နီဂရိုက ပြောပါတယ်။

ရဟတ်ယာဉ် မီးလောင်တာကို ငြိမ်းသတ်ချိန်မှာ ကြိုတင်ကာကွယ်မှုအနေနဲ့ အဆောက်အအုံထဲက လူလွတ်ရာ ရှောင်ခိုင်းထားခဲ့ပါတယ်။

“တကယ့် ဖြစ်ရပ်ဆိုးတစ်ခုပါပဲ။ တော်သေးတာက ကျန်တဲ့သူတွေ ဘယ်သူမှ ထိခိုက်ဒဏ်ရာ ရတာ မရှိခဲ့တတာပါပဲ။”လို့ မြို့တော်ဝင် ဘီလ်ဒီဘလာစီယိုက ပြောခဲ့ပါတယ်။

on New York skyscraper

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly