မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်​ကယ်​ ၁၅ စီး ခိုးယူခဲ့မှု ပေါ်ပေါက် 

မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်​ကယ်​ ၁၅ စီး ခိုးယူခဲ့မှု ပေါ်ပေါက် 

ပခုက္ကူ ၊ ဇွန် ၁၀ ။        ။ ဆိုင်​ကယ်ခိုးယူမှုဖြင့် လူတစ်ဦးအား စစ်ဆေးရာမှ ဆိုင်​ကယ်​ ၁၅ စီး ခိုးယူခဲ့မှု ဇွန်​ ၉ ရက်​​နေ့က ပေါ်ပေါက်ဖမ်​းဆီးရရှိခဲ့​သည်ဟု ပခုက္ကူမြို့မရဲစခန်​းမှ သိရသည်​။

"ဇွန်​လ ၉ ရက်​​နေ့က ပခုက္ကူမြို့မ​စျေးမှာ ဆိုင်​ကယ်​ခိုးမှုကျူးလွန်​သူကို မသင်္ကာဖွယ်​ရာ ဆိုင်​ကယ်​တစ်စီးနဲ့ ဖမ်​းမိပါတယ်​။ စစ်​​ဆေးလိုက်​တဲ့ အခါ ခိုးမှုကျူးလွန်​ထားတဲ့ ဆိုင်​ကယ်​​ပေါင်​း ၁၅ စီး အထိ သိမ်​းဆည်​းရရှိထားပါတယ်​"ဟု ပခုက္ကူမြို့မရ​ဲစခန်​း စခန်​းမှူး ဒုရဲမှူး မင်​း​ဇော်​ဦးက ​ပြောသည်​။

လက်​ရှိ သိမ်​းဆည်​းရမိသည်​့ ဆိုင်​ကယ်​များမှာ ပခုက္ကူမြို့မ​စျေးတဝိုက်​မှ ခိုးယူထားသည်​့ ဆိုင်​ကယ်​များ ဖြစ်​သည်​ဟု စစ်ဆေးချက်အရ သိရသည်​။

ပခုက္ကူမြို့မရဲစခန်​းတာဝန်​ရှိသူများက ဆိုင်​ကယ်​ခိုးမှု၏ ကွင်​းဆက်ကျူးလွန်သူများအား လိုက်​လံစုံစမ်​းလျှက်​ရှိပြီး ပြည်​သူများအ​နေဖြင်​့ လုံခြုံစိတ်​ချရသည်​့နေရာများတွင်​ ဆိုင်​ကယ်​များ ရပ်​တန်​့ခြင်​း ၊အပ်​နှံခြင်​းများဖြင်​့ လုံခြုံ​ရေးသတိ ရှိကြရန်​ နှိုး​ဆော်​ထားသည်​။

"ကျွန်​​တော်​တို့အ​နေနဲ့ လှည်​့ကင်​း၊ ရပ်​ကင်​းများနဲ့ လုံခြုံ​ရေး ​ဆောင်​ရွက်​​နေပါတယ်​။ပြည်​သူများကလည်​း ဆိုင်​ကယ်​များကို စိတ်​ချရတဲ့ ဆိုင်​​တွေမှာ အပ်​နှံကြမှသာ ဆိုင်​ကယ်​ခိုးမှု​တွေကို ​ရှောင်​ရှားနိုင်​မှာပါ"ဟု ဒုရဲမှူး မင်​း​ဇော်​ဦးက ​ဆိုသည်​။

ပခုက္ကူမြို့မရဲစခန်းမှ ၂၀၁၉ ခုနှစ်​၊ ဇွန်​လအထိ ဆိုင်​ကယ်​ခိုးမှု​ပေါင်​း ၃၆မှုအား ​ဖော်​ထုတ်​ဖမ်​းဆီးထားနိုင်​​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly