ကိုလံဘီယာနဲ့ နယ်စပ်ကို ဗင်နီဇွဲလား ပြန်လည်ဖွင့်လှစ်

ကိုလံဘီယာနဲ့ နယ်စပ်ကို ဗင်နီဇွဲလား ပြန်လည်ဖွင့်လှစ်

ကူကူတာ၊ ဇွန် ၁၀ ။         ။ ဗင်နီဇွဲလားနိုင်ငံ တာချီရာပြည်နယ်နဲ့ ကိုလံဘီယာနိုင်ငံ နော်တီဒီဆန်တန်ဒါပြည်နယ်ကြားက နယ်စပ်ဖြတ်သန်းဂိတ်တွေကို သုံးလကျော် ပိတ်ထားခဲ့ရာကနေ ဗင်နီဇွဲလားနိုင်ငံက ပြန်လည်ဖွင့်လှစ်ပေးလိုက်တာကြောင့် နယ်စပ်ကို ဖြတ်သန်းသွားလာမှုတွေနဲ့ ပြန်လည် အသက်ဝင်လာပါတယ်။

ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုဟာ အဲဒီ နယ်စပ်ဂိတ်နေရာတွေကို  ပြန်လည်ဖွင့်လှစ်ဖို့ အမိန့်ထုတ်ပြန်ပြီး နောက်တစ်ရက် စနေနေ့မှာပဲ ခုလို ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် ကူးသန်းသွားလာမှုကို အာဏာပိုင်တွေက ခွင့်ပြုပေးလိုက်တာပါ။

အဲဒီ ပြည်နယ်နှစ်ခုကြားကို ဆက်သွယ်ထားတဲ့ အဓိကအရေးပါတဲ့ နယ်စပ်စခန်း လေးခုမှာ ဝန်စည််စလွယ်တွေ သယ်ပိုးရင်း၊ လက်ဆွဲသေတ္တာတွေ ဆွဲလာရင်း ဖြတ်သန်းသွားလာတဲ့ ပြည်သူထောင်ပေါင်းများစွာကို မြင်တွေ့ရပါတယ်။

အများစုဟာ ကိုလံဘီယာနိုင်ငံတွင်း ကူကူတာမြို့ဆီ ဦးတည်သွားရာက်ကြတာ ဖြစ်ပါတယ်။ ဒီ နယ်စပ်ဂိတ်တွေကို ဗင်နီဇွဲလား သမ္မတ မာဒူရိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြီး ပိတ်ထားပစ်ခဲ့တာဖြစ်ပြီး  သုံးလကျော်ကြာပြီးမှ ပြန်လည်ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတာ သက်သာလျော့ပါးရေးအတွက် အတိုက်အခံခေါင်းဆောင် အမျိုးသားလွှတ်တော်ဥက္ကဌ ဝိုင်းဂွါဒိုက အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ နိုင်ငံထဲ သွင်းယူဖို့ လုပ်ဆောင်တာကြောင့် ခုလို နယ်စပ်ဖြတ်သန်းဂိတ်တွေကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ အချုပ်အခြာ အပြည့်အဝ ပိုင်ဆိုင်မှုအရ ကိုလံဘီယာနဲ့ နယ်စပ်ဂိတ်တွေကို ဇွန် ၈ ရက််မှာ စတင် ဖွင့်တော့ဖိို့ ကျွန်တော် အမိန့်ထုတ် ညွှန်ကြားပါတယ်။ ကျွန်တော််တို့ရဲ့ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ ပြည်သူတွေက ခိုင်ခိုင်မာမာ ကာကွယ်နေတာ ဖြစ်တယ်။”လို့ သမ္မတ မာဒူရိုက တွစ်တာကနေ ရေးသားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly