အရှိန်ပိုမြင့်လာနေသည့် ကုန်သွယ်ရေးစစ်က ကမ္ဘာ့စီးပွားရေးအပေါ် ခြိမ်းခြောက်နေဟု G-20 အစည်းအဝေးမှာ ဆွေးနွေး

အရှိန်ပိုမြင့်လာနေသည့် ကုန်သွယ်ရေးစစ်က ကမ္ဘာ့စီးပွားရေးအပေါ် ခြိမ်းခြောက်နေဟု G-20 အစည်းအဝေးမှာ ဆွေးနွေး

ဇွန် ၁၀ ။           ။ လက်ရှိအချိန်မှာ ကုန်သွယ်ရေး တင်းမာမှုတွေ ပိုအရှိန်မြင့် ဆိုးရွားလာနေပြီး ယင်းအခြေအနေက ကမ္ဘာ့စီးပွားရေး တစ်ခုလုံးအပေါ် အန္တရာယ်တွေ ကျရောက်စေဖို့ ခြိမ်းခြောက်နေလျက် ရှိကြောင်း နိုင်ငံတကာက အဆင့်မြင့် ဘဏ္ဍာရေးမူဝါဒချမှတ်သူတွေက ဇွန်လ ၉ ရက်မှာ တစ်ညီတစ်ညွတ်တည်း ဝန်ခံသွားခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ ဖူကူအိုကာ မြို့မှာ ကျင်းပတဲ့ G-20 အုပ်စု ဘဏ္ဍာရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေ၊ ဗဟိုဘဏ် အကြီးအကဲတွေ စုဝေးတက်ရောက်လာကြပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ယင်း အစည်းအဝေးအပြီး အပြီးသတ် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်ထဲမှာတော့ လက်ရှိ ကမ္ဘာ့စီးပွားရေး တိုးတက်မှုတွေဟာ ဆက်လက်နှေးကွေးနေဆဲဖြစ်ပြီး အကျဘက်ကို ပိုမိုဆိုက်ရောက်နိုင်တဲ့ အလားအလာတွေ ရှိနေသေးကြောင်း တက်ရောက်ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေက ဝန်ခံသွားခဲ့ကြပါတယ်။

ဂျပန်အနောက်ပိုင်း ဆိပ်ကမ်းမြို့မှာ နှစ်ရက်တာ ကျင်းပခဲ့တဲ့ ယင်း ဆွေးနွေးပွဲတွေအတွင်း အင်တာနက်ကုမ္ပဏီကြီးတွေအပေါ် အခွန်ကောက်ခံရေးကိုပါ အပြီးသတ်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

ဒါ့အပြင် ပထမဆုံးအနေနဲ့ နိုင်ငံတကာမှာ အသက်အရွယ်ကြီးရင့် အိုမင်းရင့်ရော်မှု ပြဿနာက စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြစ်စေလျက် ရှိတယ်ဆိုပြီး ယင်း အစည်းအဝေးမှာ ဆွေးနွေးသွားခဲ့ကြပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly