လေးမျက်နှာမြို့နယ် ကိုယ်စားလှယ်က ဓာတ်သတ္တု ထုတ်လုပ်မှုအား စီမံနေမှုကို မေးခွန်းထုတ်

10 June 2019
လေးမျက်နှာမြို့နယ် ကိုယ်စားလှယ်က ဓာတ်သတ္တု ထုတ်လုပ်မှုအား စီမံနေမှုကို မေးခွန်းထုတ်

လိုင်စင်မရှိဘဲ ဓာတ်သတ္တုများ ထုတ်ယူနေမှုအခြေအနေနှင့် တိုင်းဒေသကြီးအတွင်း လမ်းတံတား၊ အဆောက်အဦစသည့် စီမံကိန်းလုပ်ငန်းများတွင် အရည်အသွေး မပြည့်မီသည့် သဲ၊ ကျောက်များကို အသုံးပြုနေရသလို ဒေသစျေးနှုန်းထက် တန်ဖိုးကြီးမြင့်စွာ ပေးဝယ်နေရသဖြင့် အရည်အသွေးနှင့်လုပ်ငန်း အချိန်မီပြီးစီးနိုင်ရေးကို များစွာထိခိုက်စေနိုင်ကြောင်း လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးခိုင်က လွှတ်တော်တွင် ပြောသည်။ ထို့ပြင် တောင်နံရံများတွင် တရားမဝင် ကျောက်ထုတ်နေမှုများကိုပါ ဦးစိုးခိုင်က ထောက်ပြပြောဆိုခဲ့သည်။

“ခွင့်ပြုပေးခဲ့ခြင်းများကို စိစစ်ကြပ်မတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်အလိုက် ခရိုင်အုပ်ချုပ်ရေးမှူးများ ဦးစီးပြီး ကြီးကြပ်ရေးအဖွဲ ့များကို ၎င်းမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ ဦးစီးပြီး ဖမ်ဆီးရမိရေးအဖွဲ့ကို ဖွဲ ့စည်းထားရှိပြီးတော့ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဧရာဝတီတိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ဖြေကြားသည်။

ရိုက်ကူး-စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly