ဖိလစ်ပိုင်တွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုတစ်ခုကြောင့် မင်္ဂလာဆောင်ခါနီးသတို့သမီးတစ်ဦးအပါအဝင် လူ ၁၃ ဦး သေဆုံး

ဖိလစ်ပိုင်တွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုတစ်ခုကြောင့် မင်္ဂလာဆောင်ခါနီးသတို့သမီးတစ်ဦးအပါအဝင် လူ ၁၃ ဦး သေဆုံး

ဇွန် ၉ ။          ။ ဖိလစ်ပိုင်နိုင်ငံမှာ ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတစ်ခုအတွင်း မင်္ဂလာဆောင်ခါနီး သတို့သမီးတစ်ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၉ ရက်မှာ ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ မင်္ဂလာဆောင် မတိုင်ခင် ရိုးရာ အခမ်းအနားတစ်ခုကို တက်ရောက်ပြီး ပြန်လာခဲ့တဲ့ ထရပ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်လို့ သတို့သမီးတစ်ဦး၊ ကလေးနှစ်ဦးအပါအဝင် လူ ဒါဇင်နဲ့ချီ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ထရပ်ကားဟာ လူ ၅၃ ဦးကို တင်ဆောင်ပြီး နိုင်ငံအရှေ့ပိုင်း Camarines Sur ပြည်နယ်မှာ မောင်းနှင်လာခဲ့ရာကနေ တောင်ကုန်းလမ်းတစ်ခုမှာ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

ယင်း ကားမှောက်မှုကြောင့် ဒါဇင်နဲ့ချီလည်း ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

အဆိုပါ လူအုပ်စုကတော့ ဖိလစ်ပိုင် ရိုးရာတစ်ခုဖြစ်သည့် အမျိုးသားနဲ့ မိသားစုက အမျိုးသမီးဖြစ်သူအိမ်သွားပြီး လက်ထပ်ခွင့် တရားဝင် တောင်းခံရသည့် အစဉ်အလာအခမ်းအနားတစ်ခုမှာ ပါဝင်တက်ရောက်ပြီး ပြန်လာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ယင်း ယာဉ်တိုက်မှုကြောင့်  သေဆုံးသွားသူတွေထဲမှာ သတို့သမီးဖြစ်သူလည်း ပါဝင်တယ်လို့ သိရပါတယ်။ သို့ပေမယ့် ယင်းကားပေါ်မှာ သတို့သမီးဖြစ်သူ ဘာကြောင့်လိုက်ပါသွားခဲ့တာလည်း ဆိုတာကတော့  ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

ယာဉ်မတော်တဆမှုနဲ့ ပတ်သက်လို့ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေတော့  ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly