ရာဇဝတ်သားလွှဲပြောင်းရေး ဥပဒေကို ကန့်ကွက်ရန် ဟောင်ကောင်မှာ ချီတက်ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွား

ရာဇဝတ်သားလွှဲပြောင်းရေး ဥပဒေကို ကန့်ကွက်ရန် ဟောင်ကောင်မှာ ချီတက်ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွား

ဇွန် ၉ ။          ။ ရာဇဝတ်သားလွှဲပြောင်းရေး ဆိုင်ရာ အငြင်းပွား ဥပဒေတစ်ရပ် အတည်ပြုတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဇွန်လ ၉ ရက်က ဟောင်ကောင်မှာ အကြီးအကျယ် လမ်းထွက် ချီတက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

တရုတ်ထံသို့ ရာဇဝတ်သား လွှဲပြောင်းမှုကို ခွင့်ပြုဖို့ အစိုးရက စီစဉ်နေမှုအပေါ် ဟောင်ကောင်ပြည်သူတွေ ဆန့်ကျင်နေကြတာဖြစ်ပြီး ဒါဟာ နှစ်များစွာအတွင်း ပေကျင်းအစိုးရလိုလားတဲ့ ဟောင်ကောင်အုပ်ချုပ်သူတို့အပေါ် ဆန့်ကျင်တဲ့ အကြီးအကျယ်ဆုံး လူထု အုံကြွတုန့်ပြန်မှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ဇွန်လ ၉ ရက်မှာ ပူပြင်းတဲ့ နေရောင်အောက်မှာ ထောင်သောင်းချီသော ဟောင်ကောင်လူထုဟာ မြို့တွင်းက လမ်းမတွေပေါ် စုရုံးချီတက်ဆန္ဒပြခဲ့ကြပြီး အစိုးရကိုလည်း လက်ရှိ စီစဉ်နေတဲ့ ရာဇဝတ်သားလွှဲပြောင်းရေး ဥပဒေ ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိ တရုတ်အစိုးရ လိုလားတဲ့ ဟောင်ကောင် ခေါင်းဆောင်တွေကတော့ ရာဇဝတ်သားလွှဲပြောင်းရေး သဘောတူညီချက်တောင်  မရှိပဲနဲ့ တရုတ်အပါအဝင် တရားစီရင်ရာ နေရာတွေဆီ ရာဇဝတ်သားလွှဲပြောင်းခွင့် ပေးမယ့် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုဖို့ တွန်းအားပေးလုပ်ဆောင်နေလျက် ရှိပါတယ်။

လမ်းထွက် ဆန္ဒပြမှုတွေအတွင်းမှာတော့ “ ဆိုးယုတ်တဲ့ ဥပဒေ ဖျက်သိမ်းပစ်” ၊ “ ရာဇဝတ်သားလွှဲပြောင်းမှု ဥပဒေဆန့်ကျင်ရေး” ဆိုတဲ့ ကြွေးကြော်မှုတွေကို အော်ဟစ်ပြုလုပ်သွားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly