ဘူတာနယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်မှုများ မဖြေရှင်းပေးသဖြင့် တစ်ကိုယ်တော်ဆန္ဒပြ

08 June 2019
ဘူတာနယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်မှုများ မဖြေရှင်းပေးသဖြင့် တစ်ကိုယ်တော်ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ လွန်တောင်းဘူတာနယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဋ္ဌာနနှင့်တိုင်းဒေသကြီးအစိုးရမှ ယခုအချိန်အထိ ထိရောက်စွာဖြေရှင်းပေးခြင်းမရှိ ဟုဆိုကာ မတ္တရာဘူတာမှ စတင်ကာမန္တလေးဘူတာကြီးအထိ မီးရထားလမ်းတစ်လျှောက် ဒီမိုကရက်တစ် ပါတီမြန်မာ မတ္တရာမြို့နယ် ဥက္ကဋ္ဌ ဦးရဲဝင်းမှ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော်စဉ်။

အဆိုပါလမ်းလျှောက်ဆန္ဒထုတ်ထုတ်ဖော်မှုကို ၂၀၁၉ ခုနှစ် ၊ဇွန်လ ၆ ရက်မှစတင်ကာ မတ္တရာဘူတာမှ လွန်တောင်း ဘူတာအထိလည်းကောင်း ဇွန်လ ၇ ရက်နေ့တွင် လွန်တောင်းဘူတာမှ စတင်ကာထွက်လာခဲ့ပြီး ပုသိမ်းကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ၊ ကပိုင်ဘူတာအရောက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တားဆီး ညှိနှိုင်းမှုများကြောင့် ဆက်လက်ထွက်ခွာခြင်းမပြုလုပ်တော့ပဲ ဆန္ဒထုတ်ဖော်မှုကို ရပ်နားခဲ့သည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly