ဆရာ/ဆရာမ မငှားနိုင်သောကြောင့် အလယ်တန်းကျောင်းသားများ ပညာရေးခက်ခဲနေ

08 June 2019
ဆရာ/ဆရာမ မငှားနိုင်သောကြောင့် အလယ်တန်းကျောင်းသားများ ပညာရေးခက်ခဲနေ

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် ဆရာ/ဆရာမ မငှားနိုင်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် လက်ချိတ်ကျေးရွာအုပ်စု နှင်းကြီးကျေးရွာရှိ အလယ်တန်း ကျောင်းသား ၄၀ ကျော်အတွက် ပညာဆက်လက်သင်ကြားရေး အခက်အခဲရှိနေကြောင်း သိရသည်။

နှင်းကြီးမူလကျောင်းကို မူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် ပညာရေးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊လွှတ်တော်ကိုယ်စားလှယ်များထံသို့ တင်ပြထားသော်လည်း မရရှိသော ကြောင့် နှင်းကြီးကျေးရွာ မူလတန်းကျောင်းတွင် ဇွန်လ ၇ ရက်၌ သတင်းစာရှင်းပွဲပြုလုပ်ခဲ့သည်။

ပညာသင်နှစ် တစ်နှစ်အတွက် ဆရာ/ဆရာ ငှားရမ်းခမှာ ငွေ ၄၅ သိန်းကျပ် ကုန်ကျပြီး အခုလက်ရှိ နှင်းကြီးမူလတန်းကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား ၉၂ ဦး အလယ်တန်းအဆင့် ၄၂ ဦးရှိကြောင်း သိရသည်။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊မဇ္စျိမ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly