ယူ-၁၉ ကစားသမားများ ခြေစွမ်းနိမ့်ကျခြင်းမှာ အကယ်ဒမီတစ်ခုထဲတွင် တာဝန်မရှိဟု ကျောင်းအုပ်ကြီး တုံ့ပြန်

ယူ-၁၉ ကစားသမားများ ခြေစွမ်းနိမ့်ကျခြင်းမှာ အကယ်ဒမီတစ်ခုထဲတွင် တာဝန်မရှိဟု ကျောင်းအုပ်ကြီး တုံ့ပြန်
မြန်မာ ယူ-၁၉ အသင်းအား လေ့ကျင့်ရေး၌ တွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

အောက်တိုဘာ ၈၊ ရန်ကုန် ။      ။ အာရှ ယူ-၁၉ချန်ပီယံရှစ် ခြေစစ်ပွဲ ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၉အသင်းတွင် ကစားသမားများ ခြေစွမ်းနိမ့်ကျနေရခြင်းမှာ အကယ်ဒမီတစ်ခုထဲတွင် တာဝန်မရှိ ဟုမြန်မာနိုင်ငံဘောလုံးအကယ်ဒမီ (မန္တလေး)ကျောင်းအုြပ်ကီး ဦးစိုးညွန့်ကဆိုသည်။

မြန်မာယူ-၁၉ကစားသမားအများစု မှာဘောလုံးပညာနိမ့်ပါးပြီး ယင်းအတွက်၎င်းတွင် တာဝန်မရှိပဲဘောလုံး အကယ်ဒမီ များတွင်သာ တာဝန်ရှိသည်ဟု နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်က ဝေဖန်ခဲ့သလို ပရိသတ်များကလည်း ကစားသမားများခြေစွမ်းကို ဝေဖန်ပြစ်တင် ခဲ့ကြသည်။

“ခြေစစ်ပွဲ မအောင်တာကို ကျွန်တော့်အနေနဲ့ တာဝန်ယူပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ ကစားသမားတွေရဲ့ ချို့တဲ့ တဲ့ ဘောလုံးပညာအခြေခံကိုတော့ တာဝန်မယူနိုင်ပါဘူး။ ယူ-၁၉ အသင်းက အကယ်ဒမီက လူတွေချည်းပဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရန်အနေနဲ့ ရှိရမယ့် ယူ-၁၈ အသင်းမှာလည်း ခြေစွမ်းကို အားမရတဲ့အတွက် မရွေးခဲ့တာပါ။ ဘောလုံးအကယ်ဒမီကို အတွေ့အကြုံရှိတဲ့ နည်းပြကောင်းတွေ ကိုင်တွယ်လေ့ကျင့် စေချင်ပါတယ် ” ဟု ဂတ်ဇီဆီ ဖရိုင်းဒရစ်က ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာ ယူ-၁၉ အသင်း အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့်အပြင် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်လည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

“ ယူ-၁၉ က ကစားသမားလေးတွေ ခြေစွမ်းမကောင်းဘူး ဆိုတာတော့ လက်ခံပါတယ်။ ဒါပေမယ့် သူတို့တွေက ပြီးခဲ့တဲ့နှစ်ကတည်းက အကယ်ဒမီက လူရွေးပြီးတော့ လူငယ်လိဂ်မှာ ကစားနေတာပါ။ အရင်က အကယ်ဒမီမှာ ကောင်းတဲ့ ကစားသမားတွေ အောင်သူတို့ ကျော်မင်းဦးတို့လည်း ထွက်ခဲ့ဖူးပါတယ်။ ကောင်းတဲ့ကစားသမားတွေ ထွက်တုန်းက အကယ်ဒမီကို မပြောပဲ ညံ့တော့မှ အကယ်ဒမီတစ်ခုထဲ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။ ဒီမှာလည်း အေ လိုင်စင်ရ နည်းပြတွေက သေချာသင်ကြားပေးတာပါ ” ဟု ဝေဖန်မှုများနှင့် ပတ်သက်၍ မန္တလေးအကယ်ဒမီ ကျောင်းအုပ် ဦးစိုးညွန့်က တုံ့ပြန်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဘောလုံးအကယ်ဒမီကို မန္တလေးနှင့် ပုသိမ်တို့၌ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး နှစ်စဉ် ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ခန့် တက်ရောက်ကာ တစ်နှစ်လျှင် ကစားသမားပေါင်း ၃၀ ဦးကျော် မွေးထုတ်ပေးလျက်ရှိကာ တစ်နှစ်ကုန်ကျစရိတ် စုစုပေါင်း သိန်းသုံးထောင်ကျော် အသုံးပြုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly