လူငယ်မျိုးဆက် ဒါရိုက်တာများက တစ်ချိန်က ရုပ်ရှင်ရွှေခေတ်ကို ပြန်လည် အသက်သွင်းလာ

လူငယ်မျိုးဆက် ဒါရိုက်တာများက တစ်ချိန်က ရုပ်ရှင်ရွှေခေတ်ကို ပြန်လည် အသက်သွင်းလာ

ရတနာသိုက် ရှာဖွေတဲ့ မရဏဘေးနဲ့ ရင်းရတဲ့ ပြိုင်ပွဲ၊ ကားကားချင်း လိုက်လံတဲ့ ရင်တမမနဲ့ ရိုက်ချက်နဲ့ သူတပြန်ငါတပြန် တိုက်ခိုက်သတ်ပုတ်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ မြန်မာ့ ရုပ်ရှင်လောကကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားလာကြတာကတော့ မျိုးဆက်သစ် လူငယ် ဒါရိုက်တာတွေပါပဲ။

တစ်ချိန်က ရွှေခေတ်ဖြစ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ကို ပြန်လည်ရှင်သန်ပြီး နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် လူငယ်ဒါရိုက်တာတွေက ရည််ရွယ်ကြိုးစားလာကြတာပါ။

အရှေ့တောင်အာရှ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ တစ်ချိန်က ရုပ်ရှင်နယ်ပယ်ရဲ့ အထင်ကရဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှှစ် စစ်အုပ်ချုပ်ရေးအောက်မှာ ဆင်ဆာဖြတ်တောက်မှုတွေနဲ့အတူ ရုပ်ရှင်နယ်ပယ်ရဲ့ တီထွင်ဖန်တီးမှုတွေဟာလည်း ဖိနှိပ်ခံခဲ့ရပါတယ်။

၂၀၁၁ ကစတင်ပြီး မြန်မာနိုင်ငံဟာ တံခါးဖွင့်လှစ်လာတာနဲ့အတူ ရုပ်ရှင်လုပ်ငန်းဟာလည်း နိုင်ငံတကာဇာတ်ခုံဆီ ခြေလှမ်းဖို့ ပြင်လာပါတယ်။ ဒါဟာဆိုရင် မြန်မာ့ရုပ်ရှင်လုပ်ငန်း လာမယ့်နှစ်မှာ နှစ်တစ်ရာပြည့်တဲ့ အချိန်အခါသမယလည်း ဖြစ်ပါတယ်။

“မြန်မာနိုင်ငံလို ရုပ်ရှင်လုပ်ငန်းဟာ နှစ်တစ်ရာလောက် သက်တမ်းရှိနေပေမယ့်လည်း ပုံစံကောင်း မထွက်လာသေးဘူး။”လို့ သရုပ်ဆောင်နဲ့ အကြံပေးအဖြစ် ရုပ်ရှင်နယ်ပယ်မှာ ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့သူ အသက် ၆၆ နှစ်ရှိ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

မြန်မာ့ရုပ်ရှင်ရဲ့ ဖန်တရာတေ ဇာတ်လမ်းတွေက နိုင်ငံခြားဖြန့်ဝေသူတွေအတွက် မျက်စိကျစရာ ဖြစ်မလာသေးပါဘူး။

ဒါပေမယ့် ဒီအတားအဆီးတွေကို ကျော်လွှားဖို့ ပြည််ပကနေ ရုပ်ရှင််ပညာ ဆည်းပူးလာကြတဲ့ လူငယ်လက်တစ်ဆုပ်စာကတော့ အားမာန်ခဲပြီး ကြိုးစားနေပြီ ဖြစ်ပါတယ်။

စင်ကာပူမှာ ရုပ်ရှင်ပညာဆည်းပူးပြီး ပြန််လာတဲ့ အသက် ၂၉ နှစ်အရွယ် လူငယ်ဒါရိုက်တာ အာကာဝင်းက ဒုဌဝတီကို လွန်၍ ဇာတ်ကားကို ၂၀၁၈ မှာ ရုံတင်ခဲ့ပြီး အသစ်အသစ် ဆန်းပြားတဲ့ အက်ရှင်ခန်းတွေနဲ့ ရုပ်ရှင်ကြည့် ပရိသတ်ကို ဖမ်းစားခဲ့ပါတယ်။

“ကျွန်တော်တို့တွေ တန််းဝင်တဲ့ ရုပ်ရှင်တွေ ထွက်ပေါ်လာဖို့ ကြိုးစားနေတာပါ။”လို့ ဒါရိုက်တာ အာကာမင်းက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

“အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားက ရုပ်ရှင်တွေတောင် အရည်အသွေး ဒီလောက်မဟုတ်ဘဲနဲ့ နိုင်ငံတကာကို ရောင်းချနေနိုင်တာပဲ။”လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်က နယူးယောက်က ရုပ်ရှင်ကျောင်းတစ်ကျောင်းမှာ ပညာဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံဆီ ပြန်လာတဲ့ ရုပ်ရှင်လောကကို တစ်ဆစ်ချိုးစေခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကလည်း “မနှစ်ကအထိ ကျွန်မအတွက် မျှော်လင့်ချက် မရှိခဲ့ဘူး။”လို့ ဆိုပါတယ်။

“ဒီက သရုပ်ဆောင် တော်တော်များများဟာ တစ်နှစ်ကို ရုပ်ရှင်ကား ၂၀ လောက် ရိုက်နိုင်ကြတယ်။ ကျွန်မနဲ့ဆို သူတို့အနေနဲ့ ခြောက်လမှ တစ်ကားလောက် ရိုက်နိုင်မှာ သူတို့ သိနေတယ်။”လို့ ခရစ္စတီးနားခီက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံခြားက ရုပ်ရှင်သမားတွေဟာ မြန်မာနိုင်ငံကို ရိုက်ကွင်းတည်နေရာအဖြစ် စိတ်ဝင်စားလာကြပါတယ်။ မကြာသေးမီက ဟောင်ကောင်ရုပ်ရှင် Line Walker 2 ကို ရန်ကုန်မှာ လာရိုက်သွားသလို ဟောလိဝုဒ် အကျော်အမော် မင်းသားကြီး နီကိုလပ်ကေ့စ်ရဲ့ သိပ္ပံစွန့်စားခန်း ဇာတ်ကား Jiu Jitsu ကို လာရောက်ရိုက်ကူးဖို့ ရှိနေတယ်လို့ ကောလဟလတွေလည်း ထွက်ပေါ်နေပါတယ်။

“ဒီက ပရိသတ်အတွက် ကျွန်တော်တို့ အလုပ်ကောင်းကောင်း လုပ်ဖို့ လိုပါတယ်။”လို့ လူငယ် ဒါရိုက်တာ အာကာဝင်းက ပြောခဲ့ပါတော့တယ်။

New Myanmar filmmakers shoot to rekindle golden years

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly