အိုးဘိုထောင်အတွင်း အောင်သပြေရွာသားသေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးနေ

အိုးဘိုထောင်အတွင်း အောင်သပြေရွာသားသေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးနေ
 ဓာတ်ပုံ - (ကိုကိုအောင်/မဇ္ဈိမ)

မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း အချုပ်သား ကိုထွန်းမြင့်ဝင်း သေဆုံးမှုအပေါ် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အဖြစ်မှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေကြောင်း အကျဉ်းဦးစီးဌာနက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလိပ်မြေစက်ရုံ စီမံကိန်းကန့်ကွက်မှုတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း(ခ) ကိုထွန်းသည် အိုဘိုထောင်အတွင်း ဇွန်လ ၅ရက်၊ နံနက်ပိုင်းက သေဆုံးသွားခဲ့သည်။

သေဆုံးသူသည် အရက်ကြောင်၍ အကျဉ်းထောင်အတွင်း ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောဆိုသော်လည်း ရုပ်အလောင်းတွင် နှိပ်စက်ခံထားရဖွယ် ဒဏ်ရာများတွေ့ရှိ၍ ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးရန် မိသားစုဝင်များက တောင်းဆိုထားသည်။

ကိုထွန်းမြင့်ဝင်း၏ ဈာပနကို အောင်သပြေကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly