တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းအောင်ချက် ၃၁ ရာခိုင်နှုန်းရှိ

တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းအောင်ချက် ၃၁ ရာခိုင်နှုန်းရှိ
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန် ၊ ဇွန် ၈ ။         ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်များကို ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိသည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုသူ ဦးရေသည်  ၈၅၁၅၁၄ ဦး ရှိနေခဲ့ပြီး ၂၆၇၆၉၆ ဦး အောင်မြင်ခဲ့သည်။

တိုင်းနှင့်ပြည်နယ်များအနက် အောင်ချက်ရာခိုင်နှုန်းအမြင့်မားဆုံးအဖြစ် မွန်ပြည်နယ်က ရပ်တည်ခဲ့ပြီး အောင်ချက် ၃၇ ဒဿမ ၅၄ ရာခိုင်နှုန်း ရှိကာ ချင်းပြည်နယ်သည် ၁၉ ဒဿမ ၅၉ ဖြင့် အောင်ချက် ရာခိုင်နှုန်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အောင်ချက်စာရင်းများမှာ ကချင်ပြည်နယ်တွင် ၂၉ ဒသမ ၂၈ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင် ၂၇ ဒသမ ၉၆ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၂၇ ဒသမ ၆၇ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၁၉ ဒသမ ၅၉ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၄ ဒသမ ၁၅ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၃ ဒသမ ၇၈ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ၂၆ ဒသမ ၇၆ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်)တွင် ၂၉ ဒသမ ၄၆ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၃၇ ဒသမ ၅၄ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးတွင် ၃၂ ဒသမ ၂၉ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၆ ဒသမ ၁၃ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၃၀ ဒသမ ၈၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၂၃ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၂ ဒသမ ၆၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၃၁ ဒသမ ၅၁ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀ ဒသမ ၇၉ ရာခိုင်နှုန်း နှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် ၂၈ ဒသမ ၉၀ ရာခိုင်နှုန်းဖြစ်သည်။

ယခုနှစ်၏ အောင်ချက်ရာခိုင်နှုန်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းထက် ၁ ရာခိုင်နှုန်း လျော့ကျသွားသည်ကို ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၇၈၀၀၀၀ ကျော် ရှိခဲ့ပြီး ၂၅၀၀၀၀ ကျော်အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အောင်ချက် ၃၁ ဒဿမ ၈၂ ရာခိုင်နှုန်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly