တိုင်ကြားစာများ ကြန့်ကြာနေမှုအတွက် လွှတ်တော်တွင် မေးခွန်းထုတ်

တိုင်ကြားစာများ ကြန့်ကြာနေမှုအတွက် လွှတ်တော်တွင် မေးခွန်းထုတ်
ဓာတ်ပုံ- ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

ပုသိမ်၊ ဇွန် ၇ ။            ။ ပြည်သူတို့၏ တိုင်ကြားစာများနှင့်ပတ်သက်၍ ကြန် ့ကြာနေခြင်း မထိရောက်ခြင်းတို့အတွက် ငပုတော မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ကျင်းပစဲ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

“ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများသည် မိမိတို့ နစ်နာချက်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့သို့လိပ်မူ၍ တိုင်ကြားကြပါသည်။ ထိုသို့တိုင်ကြားသော်လည်း တိုင်ကြားစာများမှ ပျောက် နေခြင်း မထိရောက်ခြင်း၊အချိန်ကြန့်ကြာခြင်း ဌာနများမှ ဘက်လိုက်စစ်ဆေးမူများကြောင့် မထိရောက်ခြင်းများ ကြုံတွေ့နေရပါသည်”ဟု ဦးဖြိုးဇော်ရွှေက ပြောသည်။

အဆိုပါတိုင်ကြားစာများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်ထမ်းများအနေဖြင့် တိုင်ကြားလာမှု အပေါ် သက်ဆိုင်ရာ တိုင်းခရိုင်မြို့နယ်များကစိစစ်တင်ပြစေခြင်း၊ ပြန််လည်လမ်းညွန်စေခြင်း၊  အထက် ဌာနများနှင့်ဆက်စပ် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်နေပြီး အခြားရုံးလုပ်ငန်း တာဝန်များကိုပါ အချိန် နှင့် တပြေးညီ ဆက်စပ်ဆောင်ရွက်ရကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြန်လည်ဖြေကြားခဲ့သည်။

“တိုင်ကြားစာများမှာ များပြား၍ကြန် ့ကြာရခြင်း နှစ်ဦးနှစ်ဖက်အဆင်ပြေစေရန် ညှိနှိုင်းပေးသော်လည်း ညှိနှိုင်းမရဘဲ အမှုကိစ္စမပြီးပြတ်ခြင်းနှင့် ကြန့်ကြာနေမှုများဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။ တိုင်းဒေ သကြီး အစိုးရအဖွဲ ့အနေဖြင့် ရုံးဝန်ထမ်းများအား သတ်မှတ်ထားသည့် အချိန်အတိုင်းအတာတွင် စိစစ် ခြင်းနိုးဆော်စာ ထွက်ခြင်းတို့ကိုဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို အလေးထားစိစစ် ကြပ်မတ် ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပေးအပ်ထားသည့် တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိကြောင်း စိစစ်၍ ပေါ်ပေါက်လာပါက သက်ဆိုင်ရာဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေ နှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါတယ်”ဟု  တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly