ဇွန် ၇ ၊ ပခုက္ကူ ။ ။ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ဓမ္မတာနှင်႔ဆန်႔ကျင် သည် အဓမ္မပြုကျင့်ခဲ့မှုဖြင့်
ပခုက္ကူမြို့မရဲစခန်းဂိတ် တာဝန်ကျရဲတစ်ဦးကို ဇွန် ၆ ရက်နေ့က ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။
"နစ်နာသူကိုရော၊ ကျူးလွန်သူကိုပါ နှစ်ဖက်စလုံးကို ဆေးစာပေးပြီး ပခုက္ကူဆေးရုံမှာ ဆေးစစ်ချက် ယူထားတယ်။ အမှုကတော့ ဖွင်႔ထားပါတယ်။လက်ရှိတော့ ကျူးလွန်သူကို စစ်ဆေးဆဲပါ"ဟု ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျူးလွန်ခံရသည့် ကလေးငယ်သည် အသက် ၅ နှစ်ဝန်းကျင်ရှိ မိန်းကလေးငယ်ဖြစ်ပြီး ရဲစခန်းဝင်းအတွင်း နေထိုင်သူ ဖြစ်ကာ ဓမ္မတာနှင့် ဆန့်ကျင်သော အဓမ္မမှု ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု လတ်တလော စစ်ဆေးချက်များအရ သိရသည်။
"အဓိက ကတော့ ဆေးရုံက ဆေးစာပြန်ကြားချက် ရမှသာလျှင် ပိုပြီး ပြည်႔ပြည်႔စုံစုံသိရမှာပါ"ဟု တာဝန်ရှိသူက ဆိုသည်။
ယင်းဖြစ်စဉ်နှင်႔ပတ်သက်၍ ကျူးလွန်သူ ယူဆရသူ ရဲဒုတပ်ကြပ်အား ထိန်းသိမ်းထားသည်ဟု သိရသည်။
"ကျူးလွန်သူကို ဖမ်းဆီးမိန်႔က ဝန်ထမ်းလုပ်ထုံးလုပ်နည်းနဲ့သွားရမှာပါ။ နယ်ဘက်နဲ့ဖမ်မှာလား၊ အရပ်ဘက်နဲ့ ဖမ်းမှာလားတော့ မသိသေးဘူး"ဟု ယင်းအမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် အဆိုပါကိစ္စရပ်နှင်႔ပတ်သက်၍ ရဲဒုတပ်ကြပ် သန်႔ဇင်ဦးအား (ပ)၂၃၄၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၅၀၆ အရ အမှုဖွင်႔စစ်ဆေးနေကြောင်း သိရသည်။