အမေများန့ဂုဏ်ပြုတင်ဆက်

အမေများန့ဂုဏ်ပြုတင်ဆက်

ကမ္ဘာပေါ်မှာ ရှိတဲ့ အမေတွေ အားလုံးကို ဂုဏ်ပြုတဲ့ အနေနဲ့ နှစ်စဉ်မေလ ၁၂ ရက်နေ့ကို မိခင်များနေ့လို့ နိုင်ငံ အများစုက သတ်မှတ်ကြပါတယ်။ မြန်မာ နိုင်ငံမှာတော့ စာရေးဆရာ ဒါရိုက်တာ ဦးသုခ ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ပြက္ခဒိန်မှာလည်း ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် ကမ္ပည်းတင်နိုင်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုအရ အမေကို ဘုရားနဲ့တစ်ဂိုဏ်းထဲ ထားပြီး မာတာပိတုဂုဏောအနန္တောဆိုပြီး ပူဇော် အရိုအသေ ပေးခဲ့ကြပါတယ်။ လူသားတစ်ဦး လူလားမြောက်ပြီး ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ဖို့ အသွေးအသားတွေ ပေးဆပ်ခဲ့တဲ့ အမေအိုတွေရဲ့ သားသမီးတွေအပေါ်ထားတဲ့ မျှော်လင့်ချက်တွေက ဘာတွေဖြစ်မလဲ။ နေ့စဉ် စားဝတ်နေရေးအတွက် ရှင်သန်ရုန်းကန်နေချိန်မှာ မိခင်တွေရဲ့ ရင်တွင်း စကားသံတွေက ဘာတွေဖြစ်မလဲ နားထောင်ကြည့်ရအောင်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly