ကလေးလုပ်သား ပပျောက်ရေး ဝိုင်းဝန်းကြိုးစားပေးရန် ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ပြော

07 June 2019
ကလေးလုပ်သား ပပျောက်ရေး ဝိုင်းဝန်းကြိုးစားပေးရန် ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ပြော

ကလေးလုပ်သားပပျောက်ရေးအတွက် ဝိုင်းဝန်ကြိုးစားပေးကြပါရန် ဧရာဝတီတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေးက ကော်မတီ ၈ ခု ည်ိှနှိုင်းတွေ့ဆုံပွဲတွင်ပြောကြားသည်။

"ကျွန်မတို့တိုင်းက ပိုပြီးများတယ်လို့ သုံးသပ်တဲ့အထဲမှာပါတယ်၊ကျွန်မတို့က လုံးဝပျောက်ကွယ် မ သွားနိုင်ခင် တောင်မှ တဖြည်းဖြည်းလျော့နည်းသွားအောင်၊ဒီကလေးတွေရဲ့ ဘဝအခြေအနေ တစ် ဆစ်ချိုးအနေနဲ့ ဘယ်လိုမြင့်တင်ပေးနိုင်မလည်း အသက်အရွယ်ငယ်ရွယ်စဉ်အချိန်မှာ အချိန် မတိုင်ခင် အလုပ်ဝင်နေရတဲ့အခြေအနေတွေအပေါ်မှာ ဒီထက်ပိုကောင်းတဲ့ ဘဝကို ဖန်တီး ပေးနိုင်မလဲ ဝိုင်း ဝန်ကြိုးစားပေးကြပါ”ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ကလေးလုပ်သား ပပျောက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

မြန်မာနိုင်ငံတွင် အသက် ၅နှစ်မှ၁ရနှစ်အတွင်းရှိ ကလေး၁ရသန်းအနက် ကလေး၁ဝဦးမှ ၁ဦးသည် ကလေးအလုပ်သမားဖြစ်နေကြောင်း ILOမှတ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် အသက် ၁၈နှစ်အောက် နိုင်ငံလူဦးရေ၏ ၃၃.၈ရာနှုန်းရှိပြီး၊မြို့ပြတွင် ၈.၈၅ရာနှုန်း၊ကျေးလက်တွင် ၂၄.၉၈ ရာနှုန်း ရှိသည်။ကလေးလုပ်သား ပပျောက်ရေးလုပ်ငန်းအစည်းအဝေးအား ဇွန်လ၆ရက်နေ့တွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရိုက်ကူး- စည်သူမောင်မောင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly