လက်ရွေးစင်ကစားသမားများအတွက် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သီးသန့် ထောက်ပံကြေး ထပ်ပေးမည်

လက်ရွေးစင်ကစားသမားများအတွက် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သီးသန့် ထောက်ပံကြေး ထပ်ပေးမည်
 မြန်မာလက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ အနေဖြင့် ဖိလစ်ပိုင် Sea Game  ပြိုင်ပွဲ နှင့် အခြားပြိုင်ပွဲများအတွက် လက်ရှိအချိန်တွင် နေပြည်တော်၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည်။   ၂၀၁၅ စင်ကာပူဆီးဂိမ်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲမှ ပြိုင်ပွဲဝင်ကစားသမားနှစ်ဦး ယှဉ်ပြိုင်စဉ်။ (ဓာတ်ပုံ- Singapore SEA GAMES)

ရန်ကုန်၊ ဇွန်လ ၇ ။              ။ ပိုက်ကျော်ခြင်း လက်ရွေးစင် အားကစားသမားများကို လာမည့်သြဂုတ်လမှ စတင်ကာ အဖွဲ့ချုပ်မှ သီးသန့် ထောက်ပံ့ကြေးပေးသွားမည်ဟု ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲအောင်က  မဇ္ဇိုမသို့ ပြောသည်။

"၈လပိုင်းကနေစပေးမှဖို့လုပ်ထားပါတယ်။အခုလောလောဆယ်ကတော့အများကြီးပါ။လူလည်းမဖြတ်ရသေးဘူး။ကစားသမား၇၀နီးပါးလောက်ရှိပါတယ်။ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ပေးတာပါ။အား/ကာသိပ္ပံရဲ့ဝန်ထမ်းလစာက သပ်သပ်ပါ။ကျွန်တော်တို့ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်၁၇ဦးရဲ့ထောက်ပံ့ကြေးပါ။ကျွန်တော်တို့အဖွဲ့အချုပ်မှာပါတဲ့အဖွဲ့ဝင်တွေရဲ့သီးသန့်ထောက်ပံ့ကြေးပါ။အဖွဲ့ချုပ်ကလည်းအခုမှပြန်လည်ဖွဲ့စည်းတာပါ။အဖွဲ့ချုပ်မှာလည်းရန်ပုံငွေမရှိပါဘူး။ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ အဖွဲ့ဝင်တွေရဲ့စိုက်ငွေနဲ့မျှတပြီး ခွဲဝေပေးသွားမှာပါ " ဟုဦးရဲအောင်က ပြောသည်။

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်သည် လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများကို သြဂုတ်လ မှ စတင်ကာ ထောက်ပံ့ကြေး ပေးမည်ဖြစ်ကြောင်း ဇွန်လ ၆ ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

"ပုံမှန်ကသူတို့ရဲ့ဝန်ထမ်းလစာကအားကစားနဲ့ကာယပညာဦးစီးဌာနကတစ်လကိုလက်ရွေးစင်ရွှေရဖူးတဲ့သူဆို၁သိန်းပေးပါတယ်။လက်ရွေးစင်ဟောင်းတွေဆို၈သောင်းပေးပါတယ်အသစ်ဆိ၃သောင်း၅သောင်းပေးပါတယ်။ဒါက အား/ကာကပေးတာပါ။အခုပေးမှကကျွန်တော်တို့အဖွဲ့ချုပ်ကသီးသန့်ထောက်ပံငွပါ။ပေးမယ့်ငွေပမာဏကဒီဇူလိုင်လကုန်မှတွက်ချက်ပြီးတော့အားလုံးကိုဘယ်လို့ပေးသင့်လဲဆိုတာကိုအစည်းဝေးဆုံးဖြတ်ပြီးမှကျွန်တော်တို့ထုတ်ပြန်ပါမယ် " ဟု ဦးရဲအောင် က ထပ်ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly