ရန်ကုန်ရှိ ဆေးရုံ၊ လမ်းမီး၊ မီးပွိုင့်နှင့် CNG ဆိုင်များကို ဦးစားပေးအဆင့်ဖြင့် လျှပ်စစ်မီးမပြတ်ရေး ဆောင်ရွက်မည်

07 June 2019
ရန်ကုန်ရှိ ဆေးရုံ၊ လမ်းမီး၊ မီးပွိုင့်နှင့် CNG ဆိုင်များကို ဦးစားပေးအဆင့်ဖြင့် လျှပ်စစ်မီးမပြတ်ရေး ဆောင်ရွက်မည်

အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံ၊ လမ်းမီး၊ မီးပွိုင့်များအပါအဝင် CNG ဆိုင်များကို လျှပ်စစ်မီး မပြတ်ရေးအတွက် တိုင်းအစိုးရအနေဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

ဇွန် ၅ ရက်နေ့က တိုင်းအစိုးရရုံးတွင် ပြုလုပ်ခဲ့သည့် “ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ” တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး/ တည်းဖြတ် - စိုးသူအောင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57593

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly