တပ်က တရားစွဲထားသည့် ရွှေဝါရောင်ဆရာတော်အမှုကို တရားရုံးလက်မခံ

07 June 2019
တပ်က တရားစွဲထားသည့် ရွှေဝါရောင်ဆရာတော်အမှုကို တရားရုံးလက်မခံ

တပ်မတော် မှ တရားလိုပြုလုပ်ပြီး စွဲဆိုခြင်းခံထားရသည့် ရွှေဝါရောင်ဆရာတော်(အလင်္ကာကြယ်) ၏ အမှုအား အကြောင်းအရာမခိုင်လုံ၍ တရားရုံးမှ အမှုအား ပလပ်လိုက်သည်။

တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဝေဖန်သည်ဟု ဆိုပြီး ရွှေဝါရောင် ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)ကို တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်ကတရားလိုပြုလုပ်ပြီး မန္တလေးအမရပူရတရားရုံးတွင် စွဲဆိုထားခြင်းဖြစ်သည်။

ရိုက်ကူး- ဘိုဘို(မဇ္စျိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly