ASEAN ICT Awards 2019 တွင် မြန်မာနိုင်ငံက ပညာရှင်များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

ASEAN ICT Awards 2019 တွင် မြန်မာနိုင်ငံက ပညာရှင်များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်
 ဓာတ်ပုံ -ဖူးအိအိနွယ်

ရန်ကုန်၊ ဇွန် ၆ ရက် ။         ။ အာဆီယံဒေသအတွင်း ICT နည်းပညာဆိုင်ရာတီထွင်ဆန်းသစ်မှုများအတွက် ကျင်းပသော ASEAN ICT Awards 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပညာရှင်များအနေနှင့် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဖိတ်ခေါ်လျှက်ရှိသည်။

အဆိုပါ ASEAN ICT Awards 2019 တွင်  The Public Sector၊ The Private Sector၊ Corporate Social Responsibility၊ Digital Content Category၊ Start-up Company၊ Research and Development အစရှိသည့် ပြိုင်ပွဲအမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေနှင့် လျှောက် လွှာကို ဇူလိုင်လ ၂၅ ရက်နေ့နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ကို ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ပါ။ ဖုန်းနံပတ်ကတော့ ဝ၁ ၆၅၂၃ဝရ ပေါ့နော်။ အဲ့ဒီကို ဆက်သွယ်လို့ ရပါတယ်။ အီးမေးလ်နဲ့ ဆက်သွယ်မယ်ဆိုရင် ictcompetition@ gmail.com ပါ။ အဲ့ဒီ အီးမေးလ်ကို ဆက်သွယ်လို့ ရပါတယ်။ ပြိုင်ပွဲဝင်လျှောက်လွှာတွေကိုတော့ ဇူလိုင် ၂၅ နောက်ဆုံးထားပြီးတော့မှ ကျွန်မတို့ဆီကို ရောက်အောင် ပို့ပေးပါ။ အာဆီယံရဲ့ DeadLine ကတော့ သြဂုတ်လ ၁ ရက်နေ့ပေါ့။ ဒါပေမယ့် ကျွန်မတို့က နိုင်ငံရဲ့ Slection ကိုတော့ ၂၅ နောက်ဆုံး ထားပြီး ရွေးမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး(၂) ဒေါ်အေးအေးသင်းက ပြောသည်။

အဆိုပါ ပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့ပြီး ယခု (၉) ကြိမ်မြောက်ကျင်းပခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ Corporate Social Responsibility နှင့် Start-up အပိုင်းတွင်သာ ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့ဖူးသောကြောင့် အခြားအပိုင်းများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြရန်  မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်က တိုက်တွန်းခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ အဲ့ဒီ Public အနေနဲ့ ပြိုင်တာတို့၊ Digital Content တို့၊ ဒီ Public Sector တို့ အနေနဲ့ကျတော့ ဆုရတာ မရှိသေးဘူးပေါ့နော်။ အဲ့ဒီတော့ အဲ့တော့ အဲ့ဒီအပိုင်းအနေနဲ့ လည်း ဆုရချင်ပါတယ်။ မရဘူးဆိုတာကလည်း ဝင်မပြိုင်ကြတာပေါ့နော်။ အဲ့ဒီတော့ ကျွန်မအနေနဲ့ ဝင်ပြိုင်ကြည့်ပါ။ ကြိုးစားကြည့်ပါ။ အဲ့လို ဖိတ်ခေါ်ချင်ပါတယ်” ဟု ၄င်းက ပြောသည်။

ဆုများကို ပြိုင်ပွဲအမျိုးအစားတစ်ခုချင်းစီအတွက် ပထမ၊ ဒုတိယ၊ တတိယဆုများကို ပေးအပ်သွား မည်ဖြစ်ပြီး ဆုရရှိသူများကို အောက်တိုဘာလတွင် Laos နိုင်ငံ၊ Vientiane မြို့၌ ကျင်းပမည့် Telecommunication Minister Meeting တွင် ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဆုပေးပွဲကို တက်ရောက်ရန်အတွက် လူနှစ်ဦးကို ခရီးစရိတ် အမေရိ ကန်ဒေါ်လာ ၁ဝဝဝ စီအချိုးကျရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly