တိုင်းရင်းသားအဆိုတော် အားဆန်းရဲ့ "ရင်ခုန်လိုက်တိုင်းမှာ မင်းပါ" တေးစီးရီး မိတ်ဆက်

တိုင်းရင်းသားအဆိုတော် အားဆန်းရဲ့ "ရင်ခုန်လိုက်တိုင်းမှာ မင်းပါ" တေးစီးရီး မိတ်ဆက်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇွန် ၆ ။           ။ ကချင်တိုင်းရင်းသား မျက်နှာသစ်တေးသံရှင် အားဆန်း၏ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားသော ပထမဆုံးတေးအယ်ဘမ်ဖြစ်သည့် " ရင်ခုန်လိုက်တိုင်းမှာ မင်းပါ" အမည်ရှိသော တေးစီးရီး မိတ်ဆက် ခြင်း အခမ်းအနားကို ဇွန်လ ၆ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ House Of Orchid တွင် ပြုလုပ် ခဲ့သည်။

" ပျော်ပါတယ်ဗျာ။ ကျွန်တော် ဒီလိုပဲကြိုးစားပြီး လုပ်ခဲ့ရတော့ အခွေပြီးသွားတဲ့အတွက် ပိုပြီးတော့ ပျော်ပါတယ်။ ဒီအခွေနဲပတ်သက်ပြီးတော့ အားပေးဖို့ ၊ကြိုးစားထားပါတယ်။ တစ်ပုဒ်ချင်းတစ်ပုဒ်စီတိုင်း ကို  Base ဂီတာ တီးတဲ့ကိုရဲဘွန်းနဲ့ရောပြီးတော့ ပါဝင်အားဖြည့်စီစဉ်ပြီးတော့မှ လုပ်ထားတာပါ။ အားရပါတယ်။ သီချင်းအပုဒ်တိုင်း အပုဒ်တိုင်းကို ၊ တိုင်းရင်းသားဆိုတော့ နည်းနည်းလေးပိုပြီးတော့ စကားပီအောင်တော့ လုပ်ထားရပါတယ်”  ဟု အားဆန်းက ပြောသည်။

အဆိုပါတေးအယ်လ်ဘမ်တွင် တေးသီချင်း ၁ဝပုဒ်ပါဝင်ပြီး အချစ်သီချင်းများသာပါဝင်မည်ဖြစ်ကြောင်း MI4 brandနှင့် The Birdတီးဝိုင်းဖြင့် တီးခတ်ထားပြီး ဇွန်လ နောက်ဆုံးအပတ်တွင် ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly