ဆေးခြောက်အနွယ်ဝင် အပင်များ စိုက်ပျိုးခဲ့သူများကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး

05 June 2019
ဆေးခြောက်အနွယ်ဝင် အပင်များ စိုက်ပျိုးခဲ့သူများကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဇုန်ဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်အနွယ်ဝင် အပင်များ စိုက်ပျိုးခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားအပါအဝင် ၃ဦးကို မြင်းခြံခရိုင် တရားရုံး တွင် ဇွန်လ ၄ရက်က ဒုတိယအကြိမ် ရုံးထုတ်ကာ အမှုနှင့်ဆက်စပ်သူ တရားခံပြေး ၅ဦးနှင့်ပတ်သက်၍ တရားလိုသက်သေများကို စတင် စစ်ဆေးခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက "အခုဟာက အမှုတစ်ခုလုံးကို ကြာနာတာမဟုတ်သေးဘူး။ ဝရမ်းထုတ်ထားတဲ့ တရားခံ ငါးယောက်ကို စုံစမ်းဖမ်းဆီးမှုမရနိုင်ဘူးဆိုတဲ့ အခြေအနေကို စစ်နေတာ။ အဲဒါပြီးတော့မှှ နောက်တစ်ပတ်ရုံးချိန်း ၁၈ ရက်နေ့မှာလည်း ပြီးမှာမဟုတ်ဘူး။ မှင်နီသက်သေ၊ မှင်ပြာသက်သေ လုံခြုံရေးသက်သေတွေ စစ်ပြီးတော့မှ ပြစ်မှုကြီး အမှုကို ဆက်လုပ်မှာ” ဟု ပြောသည်။

ရိုက်ကူး- အောင်ခိုင်မြဲ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57542
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly