နှစ်နိုင်ငံ ခင်မင်ရင်းနှီးမှု ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန် တရုတ်သမ္မတ ရုရှားသို့ ရောက်ရှိလာ

နှစ်နိုင်ငံ ခင်မင်ရင်းနှီးမှု ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန် တရုတ်သမ္မတ ရုရှားသို့ ရောက်ရှိလာ

ဇွန် ၅ ။         ။ နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးမှု ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် တရုတ် သမ္မတ ရှီကျင့်ဖျင် ဇွန်လ ၅ ရက်မှာ ရုရှားနိုင်ငံကို သုံးရက်တာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပါတယ်။

ဒါ့အပြင် ယခုခရီးစဉ်ဟာ နှစ်နိုင်ငံအကြား စီးပွားရေး ချိတ်ဆက် ဆောင်ရွက်မှုတွေကို ခိုင်မာအောင် တွန်းအားပေးဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ယခု ခရီးစဉ်မှာ တရုတ်သမ္မတဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပြီး ယင်းနောက် နိုင်ငံတော် ဧည့်ခံပွဲတစ်ခုကိုလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။

ဒါဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို သိမ်းယူမှုကြောင့် မော်စကိုနဲ့ အနောက်နိုင်ငံတွေနဲ့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီးနောက်  ငါးနှစ်အကြာမှာပဲ ယခုလို တရုတ်သမ္မတ ရုရှားကို ရောက်ရှိလာတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ အမေရိကန်နဲ့အကြား ကုန်သွယ်ရေး စစ် အရှိန်မြင့်တက်နေချိန်မှာပဲ ယခုလို တရုတ်သမ္မတရဲ့ ရုရှားခရီးစဉ် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ယခု ခရီးစဉ်မှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ကတော့ ရုရှားကို လက်ဆောင်ပေးဖို့အတွက် ပန်ဒါဝက်ဝံ နှစ်ကောင်ကိုပါ ယူဆောင်လာခဲ့သေးတယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly