စင်ကာပူရဲ့ နှစ် ၂၀၀ ပြည့် သမိုင်းမှတ်တိုင် အထိမ်းအမှတ်အဖြစ် စင်ကာပူဒေါ်လာ ၂၀ တန် ငွေစက္ကူသစ် ထုတ်

စင်ကာပူရဲ့ နှစ် ၂၀၀ ပြည့် သမိုင်းမှတ်တိုင် အထိမ်းအမှတ်အဖြစ် စင်ကာပူဒေါ်လာ ၂၀ တန် ငွေစက္ကူသစ် ထုတ်

ဇွန် ၅ ။         ။ စင်ကာပူနိုင်ငံရဲ့ နှစ် ၂၀၀ ပြည့် သမိုင်းမှတ်တိုင် ရောက်ရှိမှု အထိမ်းအမှတ်အဖြစ် စင်ကာပူ ဒေါ်လာ ၂၀ တန် ငွေစက္ကူသစ်တစ်မျိုးကို သမ္မတ Halimah Yacob က ဇွန်လ ၅ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။

စင်ကာပူ ငွေကြေး အာဏာပိုင်အဖွဲ့ MAS က ထုတ်ဝေလိုက်တဲ့ ယခု ငွေစက္ကူကတော့ နိုင်ငံအဖြစ် တက်လှမ်းရောက်ရှိခဲ့တဲ့ စင်ကာပူရဲ့ ခရီးလမ်းကို ဖော်ညွန်းနေလျက် ရှိပြီး မျက်မှောက်ခေတ် စင်ကာပူလို့ ဖြစ်လာအောင် အုတ်မြစ်ချပေးခဲ့တဲ့ ဘိုးဘေးဘီဘင်တွေကိုလည်း ဂုဏ်ပြုပေးရာ ရောက်လျက် ရှိပါတယ်။

အထိမ်းအမှတ်အဖြစ် ထုတ်လိုက်တဲ့ ယခု ငွေစက္ကူသစ် ရှေ့ဘက်ခြမ်းမှာတော့ စင်ကာပူရဲ့ ပထမဆုံးသော သမ္မတ Mr Yusof Ishak  ရဲ့ ရုပ်ပုံနဲ့ ယခင်တရားလွှတ်တော်ချုပ်နဲ့ မြို့တော်ခန်းမ ပုံတို့ကို ရိုက်နှိပ်ထားပါတယ်။

ငွေစက္ကူ ကျောဘက်မှာတော့ စင်ကာပူ နိုင်ငံတည်ထောင်ရာမှာ နယ်ပယ်စုံကနေ ပါဝင်ခဲ့ကြတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ် ရှစ်ဦး ပုံ ပါရှိမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၈၁၉ ခုနှစ်က ဗြိတိသျှ  နိုင်ငံရေးသမား Sir Stamford Raffles စင်ကာပူကို ရောက်ရှိလာခဲ့ကာ  ကိုလိုနီ စင်ကာပူကို ဗြိတိန်ကုမ္ပဏီတစ်ခုရဲ့ ကုန်သွယ်ရေး စခန်းနေရာတစ်ခုအဖြစ် တည်ထောင်ခဲ့ရာကနေတဆင့် စင်ကာပူရဲ့လမ်းကြောင်းကို ပြောင်းလဲစေခဲ့တဲ့ အထင်ကရ အလှည့်အပြောင်း ဖြစ်ရပ် ဖြစ်ခဲ့တဲ့ နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ယခု ငွေစက္ကူသစ်ကို ထုတ်ခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly