ပေါ့ဂ်ဘာမပါဘဲ ယူနိုက်တက်ကို ဆုဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်တယ်လို့ ပြောတဲ့ မာရာဒိုနာ

ပေါ့ဂ်ဘာမပါဘဲ ယူနိုက်တက်ကို ဆုဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်တယ်လို့ ပြောတဲ့ မာရာဒိုနာ

အာဂျင်တီးနားကြယ်ပွင့်ကစားသမားဟာင်းက သူအနေနဲ့ မန်ယူအသင်းကို ကိုင်တွယ်နိုင်မယ့် အခွင့်အရေးရမယ်ဆိုရင် ဆုဖလားတွေကို သူ ယူဆောင်ပေးနိုင်တယ်လို့ ပြောပါတယ်။

မာရာဒိုနာက သူဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကိုက်ညီမှုရှိတဲ့ သူဖြစ်တယ်လို့ ပြောဆိုပြီး ဂန္တဝင်ကစားသမားဟောင်းက အသင်းရဲ့ အောင်မြင်မှုတွေကို ပြန်လည်ယူဆောင်ပေးဖို့ ဦးဆောင်နိုင်တယ်လို့ ဆိုပါတယ်။

မာရာဒိုနာဟာ လက်ရှိမှာ မက္ကဆီကိုရဲ့ ဒုတိယတန်းမှာ ကစားနေတဲ့ ဒေါ်ရာဒေါ့စ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ လက်ရှိအချိန်မှာ မော်ရင်ဟိုရဲ့ နေရာကို ယာယီနည်းပြအနေနဲ့ ဝင်ရောက်လာပြီးနောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ဆိုးလ်ရှားရဲ့ ကိုင်တွယ်မှုအောက်မှာ ရှိနေပါတယ်။

ဒါပေမယ့် မာရာဒိုနာက သူဟာ မန်ယူအသင်းကို ကိုင်တွယ်ခွင့် ပေးအပ်ခဲ့မယ်ဆိုရင် ဆုဖလားတွေကို အိုးထရက်ဖို့ဒ်ဆီ သူပြန်ပြီး ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်တယ်လို့ ပြောဆိုသွားပါတယ်။

“မန်ချက်စတာ (ယူနိုက်တက်)က နည်းပြတစ်ဦး လိုအပ်မယ်နေမယ်ဆိုရင် အဲဒီနည်းပြနေရာအတွက် ကျနော် ပြုလုပ်နိုင်ပါတယ်။”လို့ သူက FourFourTwo ကို ပြောခဲ့ပါတယ်။

“သူတို့ (ယူနိုက်တက်)ဟာ ကမ္ဘာအနှံ့အပြားမှာ ဂျာစီတွေ အများအပြားရောင်းချနေရတဲ့ အသင်းပါ။ ဒါပေမယ့် သူတို့လိုအပ်နေတာက ဆုဖလားတွေပါပဲ။ သူတို့အတွက် ဒါတွေကို ကျနော်လုပ်ပေးနိုင်ပါတယ်။”

နပိုလီကြယ်ပွင့်ဟောင်းက သူအနေနဲ့ မန်ယူအသင်းမှာ လုံလောက်တဲ့အားထုတ်မှုမရှိတဲ့ ကစားသမားတစ်ဦးကိုလည်း ပြောဆိုသွားပါတယ်။

“ယူနိုက်တက်မှာဆိုရင် ဟာရဲရားကို ကျနော် နှစ်သက်မိပါတယ်။ ပေါ့ဂ်ဘာကိုလား? သူ့မှာ လုံလောက်တဲ့ ကြိုးစားအားထုတ်မှု မရှိဘူး။”လို့ သူက ပြောပါတယ်။

“ကျနော် ၁၉၈၃-၈၄ ခုနှစ်မှာ Cup Winners’ Cup ကွာတားဖိုင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ဖူးပါတယ်။ ဘယ်လောက် ဆူညံသလဲဆိုရင် ဘိုကာဂျူနီယာကွင်းလိုပါပဲ။”

ဒါအပြင် မာရာဒိုက “ယူနိုက်တက်က အင်္ဂလန်မှာ ကျနော့်အကြိုက်ဆုံးအသင်းအဖြစ် အရင်ကတည်းက ရှိနေခဲ့တာပါ။ ကြီးကျယ်တဲ့ ကစားသမားတွေနဲ့ ဆာအဲလက်စ်ဖာဂူဆန်အောက်မှာ ကြီးကျယ်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ကျနော် အကြိုက်အသင်းက မန်စီးတီးလို့ ပြောပါမယ်။ လူတစ်ယောက်ရဲ့ အကြိုက်ကို ပြောင်းလဲလို့မရဘူးဆိုတာကို ကျနော်သိပေမယ့် အဂူရိုကြောင့်ဖြစ်ပါတယ်။ ကျနော်တို့ အများကြီး ပြောဆိုခဲ့ပါတယ်။ သူဟာ အရမ်းကောင်းတဲ့ အသင်းတစ်သင်းမှာ ကစားနေပါတယ်။”

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly