အိန္ဒိယစာသင်ကျောင်းတစ်ခုမှာ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို ကျောင်းလခအဖြစ် သတ်မှတ်တောင်းခံနေ

အိန္ဒိယစာသင်ကျောင်းတစ်ခုမှာ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို ကျောင်းလခအဖြစ် သတ်မှတ်တောင်းခံနေ

ဇွန် ၅ ။          ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက စာသင်ကျောင်းတစ်ကျောင်းကတော့ စွန့်ပစ်ပလတ်စတစ် ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုကို ကျင့်သုံးနေလျက် ရှိပါတယ်။

ဒါကတော့ ကျောင်းမှာ လာတတ်တဲ့ ကျောင်းသားကလေးငယ်တွေဆီကနေ ကျောင်းလခအနေနဲ့ ပလတ်စတစ်စွန့့်ပစ်ပစ္စည်းတွေကိုသာ တောင်းခံရယူပြီး အခမဲ့စာသင်ကြားပေးနေခြင်း ဖြစ်ပါတယ်။

အာသံပြည်နယ် Dispur မြို့ပြင်ပ Akshar Forum စာသင်ကျောင်းမှာတော့ ကျောင်းသား ၁၁၀ ခန့်ဟာ အပတ်စဉ်တိုင်း ၎င်းတို့ရဲ့ နေအိမ်တွေ၊ ရပ်ကွက်တွေကနေ ပလတ်စတစ် စွန့်ပစ်ပစ္စည်း အခု ၂၀ ခန့်ကို ရှာဖွေစုဆောင်းပြီး ကျောင်းကို ယူလာပေးကြရပါတယ်။

“ ပလတ်စတစ် အသုံးပြုမှုဟာ အာသံပြည်နယ် တစ်ဝှမ်းမှာတော့ တော့်တော့်ကို များပြားနေပါတယ်” လို့ ယခု ပရောဂျက်ကို ထူထောင်သူ ပါမီတာ ဆာမာက ပြောပါတယ်။

ယမန်နှစ်ကအထိ ယင်းကျောင်းမှာ ငွေကြေးကောက်ခံခြင်း မရှိဘဲ သင်ကြားပေးနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယင်းနောက်ပိုင်း ကျောင်းမှာ ပလတ်စတစ် အခကြေးငွေ ဆိုတဲ့ စနစ်ကို မိတ်ဆက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကျောင်းသားမိဘတွေကိုလည်း ဒီ recycling အစီအစဉ်မှာ ပါဝင်ဖို့ တိုက်တွန်းခဲ့ရတယ်လို့ သိရပါတယ်။

“ ကိုယ့်ရဲ့ ကလေးတွေကို ဒီကျောင်းမှာ အခမဲ့ အလကား ပညာသင်ယူခွင့် ရစေချင်တယ်ဆိုရင် ဒီကျောင်းကို ပလတ်စတစ် ပစ္စည်း တွေ ပေးပို့ပေးဖို့ ကျွန်မတို့ဘက်က ကျောင်းသားမိဘတွေကို ပြောခဲ့ရပါတယ်” လို့  ဆာမာက ပြောသွားပါတယ်။

ဒါ့အပြင် မိဘတွေအနေနဲ့ ပလတ်စတစ်ပစ္စည်းတွေကို မီးမရှို့ပါဘူးဆိုတဲ့ ကတိကဝတ်ကိုပါ ပေးအောင် လုပ်ခဲ့ရတယ်လို့ သူမက ထပ်လောင်းပြောပါတယ်။

ယခုအခါမှာတော့ ယင်းကျောင်းမှာ တက်နေတဲ့ ကလေးတွေဟာ ၎င်းတို့နေထိုင်ရာ ရပ်ကွက်တွေမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို လိုက်လံရှာဖွေစုဆောင်းပြီး  ကျောင်းကို ယူဆောင်လာနေကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly