သြစတြေးလျမြောက်ပိုင်းတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၄ ဦးထက်မနည်း သေဆုံး

သြစတြေးလျမြောက်ပိုင်းတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၄ ဦးထက်မနည်း သေဆုံး
Photo: Twitter/@AlwaysACowboy

ဇွန် ၅ ။          ။ သြစတြေးလျနိုင်ငံ ဒါဝင်မြို့မှာ ဇွန်လ ၄ ရက်က သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ လေးဦး သေဆုံံးပြီး တစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယခု ပစ်ခတ်မှုနဲ့ပတ်သက်လို့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယခု ပစ်ခတ်မှုဖြစ်စဉ်က အကြမ်းဖက်မှုနဲ့ မသက်ဆိုင်ဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမားဟာ ပစ်မှတ် တစ်ဦးတည်းကို လိုက်ရှာခဲ့ပုံရပြီး နေရာအသီးသီးမှာ ပစ်ခတ်မှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ယခုဖြစ်စဉ်မှာ သေဆုံးသူတွေနဲ့၊ သေနတ်သမားရဲ့ အမည်ကို အာဏာပိုင်တွေက ထုတ်ဖော်ခြင်းမရှိသေးပါဘူး။

ဒါဟာ နိုင်ငံမှာ ၁၉၉၆ ခုနှစ်က သေနတ်ဥပဒေကို ပြင်ဆင်ပြောင်းလဲပြီးနောက်ပိုင်း ခုလို ပစ်ခတ်မှုမျိုး မတွေ့ရတာ အတော်ကြာခဲ့ပြီလို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly