ယခင်အစိုးရများ ဆိုးမွေများကိုပဲ လက်ညှိုးထိုးနေတာမျိုး မဖြစ်သင့်တော့ဘူး

05 June 2019
ယခင်အစိုးရများ ဆိုးမွေများကိုပဲ လက်ညှိုးထိုးနေတာမျိုး မဖြစ်သင့်တော့ဘူး

လက်ရှိ မကွေးတိုင်းအစိုးရ သက်တမ်း ၃ နှစ်ပြည့် လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲအပေါ် မကွေးတိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇွန် ၄ ရက်နေ့က ဒေသခံသတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဝေဖန်ပြောဆိုလိုက်သည်။

" လက်ရှိ အစိုးရသက်တမ်း ၃ နှစ် ပြည့်လာပြီဖြစ်တဲ့အတွက် ယခင်အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေတွေကိုချည်း လက်ညှိုးထိုးနေတာမျိုး မဖြစ်သင့်တော့ဘူး။ အစိုးရတစ်ရပ် ဖြစ်လာရင် ယခင်အစိုးရအဆက်ဆက်ရဲ့ ကောင်းမွေ၊ဆိုးမွေခံရမှာဖြစ်ပြီး ယခင်အစိုးရအဆက်ဆက်ရဲ့ဆိုးမွေတွေချည်း လက်ညိုးထိုးနေတာမျိုး မဟုတ်ဘဲ ကောင်းမွေများကိုလည်းပြောသင့်ပါတယ်။ " ဟု မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်နိုင်လင်းက ပြောသည်။

တိုင်းအစိုးရ၏ ၃ နှစ်သက်တမ်းရှင်းလင်းမှုသည် ယေဘူယျဆန်နေပြီး ပြည်သူများ သိချင်သည်များ သိခွင့်မရကြောင်း၊ကြံ့ခိုင်ရေးပါတီအနေဖြင့် အတိုက်အခံလုပ်နေခြင်းမဟုတ်ဘဲ စောင့်ကြည့်နေသည့်အဆင့်သာ နေခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဝေဖန်ထောက်ပြသွားရန် အစီအစဉ်များရှိကြောင်း ၎င်းကပြောသည်။

ရိုက်ကူး-တင်ရွှေ၊ မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly