ထျန်အန်းမင်အရေးအခင်း နှစ် ၃၀ ပြည့်၌ ပေကျင်းမှာ လုံခြုံရေး အထူးတင်းကြပ်

ထျန်အန်းမင်အရေးအခင်း နှစ် ၃၀ ပြည့်၌ ပေကျင်းမှာ လုံခြုံရေး အထူးတင်းကြပ်

ပေကျင်း၊ ဇွန် ၄ ။             ။ ထျန်အန်းမင်အရေးအခင်း နှစ် ၃၀ ပြည့်မြောက််တဲ့ ဇွန် ၄ ရက်နေ့မှာ ပေကျင်းမြိို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်နေပြီး လုံခြုံရေးလည်း အထူးတင်းကြပ်ထားပါတယ်။

နိုင်ငံရေး ထိလွယ်ရှလွယ်ဖြစ်တဲ့ ထျန်အန်းမင်အရေးအခင်း နှစ်ပတ်လည်နေ့မတိုင််ခင်မှာ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာနဲ့ အင်တာနက်ကို ဆင်ဆာဖြတ်တောက် တင်းကြပ်တာတွေလည်း လုပ်ဆောင်ထားခဲ့တာပါ။

တိမ်ဖုံးပြီး အုံ့မှိုင်းနေတဲ့ ဒီကနေ့မှာဆိုရင် ထျန်အန်းမင်ရင််ပြင်အနီးက မြေအောက်ဘူတာကနေ ထွက်ခွာလာတဲ့ ခရီးသွားဧည့်သည်တွေနဲ့ လမ်းသွားလမ်းလာတွေကို ရဲတွေက မှတ်တမ်းမှတ်ရာစစ်ဆေးတာ၊ မှတ်ပုံတင်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံအတွက် သမိုင်းမှတ်တမ်းတစ််ရပ်ဖြစ်တဲ့ ထျန်အန်းမင်အရေးအခင်းဟာ ၁၉၈၉ ခုနှစ်အတွင်းက ပေါ်ပေါက်ခဲ့ပြီး ဇွန် ၄ ရက်နေ့မှာ ရင်ပြင်မှာ စုရုံးဆန္ဒပြနေသူတွေကို စစ်တင့်ကားတွေ၊ စစ်သားတွေနဲ့ ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

ထျန်အန်းမင်ရင်ပြင်မှာ နိုင်ငံခြားသား သတင်းထောက််တွေကို ဝင်ခွင့်မပေးသလို ဓာတ်ပုံရိုက်တာတွေကိုလည်း ရဲက သတိပေးတားမြစ်ထားပါတယ်။

ထျန်အန်းမင်အရေးအခင်းကို သတ္တိပြောင်မြောက်တဲ့ လှုပ်ရှားမှုဆိုပြီး အမေရိကန်က ချီးကျူးဂုဏ်ပြုကာ တရုတ်နိုင်ငံရဲ့ နိုင်ထက်စီးနင်းပြုကျင့်မှုသမိုင်းသစ်ဆိုပြီး ရှုတ််ချခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly