Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားမှုအတွက် တရားလိုပြ သက်သေထွက်ဆိုရန် ဆရာတော် ဦးဝီရသူကို ဆင့်ခေါ်စာအကြိမ် (၂၀)ကျော်ပေးပို့ခဲ့သော်လည်း လာရောက်ခြင်း မရှိခဲ့ကြောင်း ကိုဆွေဝင်း၏ ရှေ့နေထံမှသိရသည်။
အချိန်ကာလ(၂)နီးပါး ကြာမြင့်နေပြီဖြစ်သော Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု၏ (၆၆) ကြိမ်မြောက် ရုံးချိန်းကို မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်တရားရုံးတွင် ၂၀၁၉ ခုနှစ်၊ဇွန်လ ၃ ရက် နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
(ရိုက်ကူး - ဘိုဘို/မဇ္ဈိမ)
အဆိုပါအမှုတွင် နောက်ဆုံး စစ်ဆေးရန် တရားလိုပြသက်သေ (၄)ဦးသာ ကျန်ရှိခြင်းဖြစ်ပြီး တရားလိုပြ သက်သေတွင် ပါဝင်သူ ကိုကျော်စွာဝင်းအား ဆင့်ခေါ်စာ(၁၈)ကြိမ်၊ ဆရာတော်ဦးဝီရသူအား ဆင့်ခေါ်စာ အကြိမ်(၂၀) ကျော် ဆင့်စာထုတ်ထားကြောင်းနှင့် ရဲမှ ဆင့်စာများ ဆင့်ခေါ်ရာတွင် ဆင့်စာအတည် မဖြစ် ကြောင်း၊ ဆင့်ခေါ်ခံရသူနှင့် မတွေ့ကြောင်း အကြောင်းပြန်ခဲ့ပြီး ၄င်းအချက်များကြောင့် အမှုမှာကြာမြင့် နေရခြင်း ဖြစ်ကြောင်း ကိုဆွေဝင်း၏ ရှေ့နေမှ မဇ္စျိမကိုပြောသည်။
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ