"အခုချိန်မှာ တပ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ထွက်သွားဖို့ ...

04 June 2019
"အခုချိန်မှာ တပ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ထွက်သွားဖို့ ...

"အခုချိန်မှာ တပ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ထွက်သွားဖို့၊ စီးပွားရေးအရ ထွက်သွားဖို့အတွက် တောင်းဆိုတာတွေ တွေ့ရတယ်။ အဲ့ဒီလို တောင်းဆိုမှုတွေကို ထပ်ပြီးတော့ တောင်းဆိုကြပါ။ လှုပ်ရှားကြပါ.."

တပ်မတော်၏ တရားစွဲခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦး

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်တရားရုံး၌ တရားစွဲထားသောအမှု အတွက် ရဲတပ်ဖွဲ့မှလုံခြုံရေးကို ယခင်ရုံးချိန်းထက် ပိုမိုတင်းကြပ်ထားပြီး ရဲအချုပ်ကားကိုလည်း တရားရုံး တံခါးအဝအထိ နောက်ပြန်ထိုးထားကာ တရားရုံး၏တံခါးကို ပိတ်ဆို့ထားသည်။

ဇွန်လ ၃ ရက်နေ့၊ ညနေပိုင်းမှာ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးကို သာမန်ထက် ပိုမိုတင်းကြပ် ထားပြီး တရားရုံးအတွင်း ဝင်ခွင့်ကတ်ပြုလုပ်ထားသော မီဒီယာအချို့နှင့် ကျောင်းသား အချို့လည်း တရားရုံးအတွင်းသို့ ကနဦးက ဝင်ခွင့်မရရှိဘဲ တရားရုံးအတွင်း စစ်ဆေးပြီးခါနီးတွင်သာ တချို့အား ဝင်ခွင့်ပေးခဲ့သည်ဟု သိရသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦးကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ပထမဆုံး ရုံးထုတ်ခဲ့ရာတွင် လာရောက်ဝန်းရံသူတို့နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့အကြား ရုန်းရင်းဆန်းခတ် ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့  လုံခြုံရေးအခြေအနေ ပိုမိုတင်းကြပ်လာခြင်းလည်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly