အမေရိကန်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားနဲ့ ဆရာတွေ ဘေးမကင်းကြောင်း တရုတ် သတိပေး

အမေရိကန်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားနဲ့ ဆရာတွေ ဘေးမကင်းကြောင်း တရုတ် သတိပေး

ပေကျင်း၊ ဇွန် ၄ ။            ။ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူနဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေအနေနဲ့ ဘေးအန္တရာယ် မကင်းကြောင်း တရုတ်နိုင်ငံက ဇွန် ၃ ရက်မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးစစ်ပွဲနဲ့ အခြားသော တင်းမာမှုတွေကြားမှာ အမေရိကန်ဟာ တရုတ်နိုင်ငံသားတွေအပေါ် ဗီဇာငြင်းပယ်တာ၊ နှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်တာတွေ ရှိနေတာကို ထောက်ပြပြောဆိုပြီး ခုလို သတိပေးလာတာလည်း ဖြစ်ပါတယ်။

အမေရိကန်ရောက် ကျောင်းသားကျောင်းသူတွေအနေနဲ့ ဘေးအန္တရာယ် သတိပြုနေကြပြီး သင့်တော်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြင််ဆင်ထားဖို့ တရုတ် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးတာ ဖြစ်ပါတယ်။

တရုတ် ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမတွေဟာ အမေရိကန်ဗီဇာလျှောက်ရာမှ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ နှောင့်နှေးကြန့်ကြာမှုတွေလည်း ရှိနေပြီး ဗီဇာရတဲ့အခါမှာလည်း ဗီဇာသက်တမ်း တိုတောင်းကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်က တက္ကသိုလ်တွေအတွက်  အကြီးမားဆုံး နိုင်ငံတကာ ကျောင်းသားရင်းမြစ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ ပညာလာရောက်သင်ကြားတဲ့ တရုတ်ကျောင်းသား၊ ကျောင်းသူဦးရေဟာ ၃၆၀၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဒါဟာဆိုရင် အမေရိကန်ရောက် ပြည်ပကျောင်းသားဦးရေရဲ့ သုံးပုံတစ်ပုံနှုန်းထား ရှိနေတာဖြစ်ပြီး တရုတ်ကျောင်းသား၊ ကျောင်းသူ အများစုဟာ အချိန်ပြည့်ကျူရှင်ယူကြတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly