အပျော်စီးသင်္ဘောကြီးတစ်စင်း အရှိန်မထိန်းနိုင်ဘဲ ဗင်းနစ် ဆိပ်ခံတံတားကို ဝင်တိုက်

အပျော်စီးသင်္ဘောကြီးတစ်စင်း အရှိန်မထိန်းနိုင်ဘဲ ဗင်းနစ် ဆိပ်ခံတံတားကို ဝင်တိုက်

ဇွန် ၃ ။             ။ ဧရာမ အပျော်စီးသင်္ဘောကြီးတစ်စင်း အီတလီနိုင်ငံ ဗင်းနစ်မြို့ ဆိပ်ကမ်းကို ဆိုက်ကပ်စဉ် အရှိန်မထိန်းနိုင်ဘဲ ဆိပ်ခံတံတားနဲ့ အခြား ခရီးသွားရေယာဉ်တစ်စင်းကို ဝင်တိုက်မိတဲ့ဖြစ်စဉ်တစ်ခု ဇွန်လ ၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။

အပျော်စီး သင်္ဘော MSC Opera ဟာ အင်ဂျင်ချို့ယွင်းမှုဖြစ်ကာ ဆိပ်ကမ်းဘေးနံရံတစ်လျှောက် ပွတ်တိုက်ဆွဲလာခဲ့ပြီး ခရီးသွားရေယာဉ်တစ်စင်းကို ဝင်တိုက်ခဲ့ချိန် ဆိပ်ကမ်းပေါ်က ခရီးသွားတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတာကိုလည်း တွစ်တာပေါ်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

“ ဒီ သင်္ဘောကြီး ကျွန်တော်တို့ဆီ တည့်တည့်ကြီး ဝင်လာတာလည်း မြင်တော့ အကုန်လုံး အော်ပြီး ထွက်ပြေးခဲ့ကြရပါတယ်” လို့ အခင်းဖြစ်ချိန်မှာ ရှိနေခဲ့တဲဲ့  သင်္ဘောသားတစ်ဦးက ပြောကြောင်း အီတလီ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

“ ရုတ်တရက်ကြီး ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ကုန်တယ်၊ ချက်ချင်းပဲ ထပြေးခဲ့ကြရတာပေါ့” လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဗင်းနစ်မြို့ ဆန် ဘက်စီလီယို ဇက်တာရီ ဆိပ်ကမ်းမှာ ဖြစ်ခဲ့တဲ့ ယင်းဖြစ်စဉ်မှာ ခရီးသွား လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း ဆိပ်ကမ်းအာဏာပိုင်တွေထံကနေ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly