နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်ဝန်ကြီးချုပ်နှင့် ယနေ့ တွေ့ဆုံမည်

By Radio Praha
03 June 2019
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်ဝန်ကြီးချုပ်နှင့် ယနေ့ တွေ့ဆုံမည်
Photo- EPA

ဇွန် ၃ ။              ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇွန်လ ၃ ရက် တွင် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် အန်ဒရီ ဘာဘစ်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း Radio Praha သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ထိုသို့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ချက်နိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်းများ နှင့် လူ့အခွင့်အရေး ကိစ္စရပ်များ စသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးသွားဖွယ် ရှိနေသည်။

ယင်းအပြင် ဇွန်လ ၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ချက် နိုင်ငံခြားရေး ဝန်ကြီး သောမတ်စ် ပက်ထရီဆက်၊ ချက်သမ္မတ မီလိုစ် ဇီးမန် တို့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇွန်လ ၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းနိုင်ငံတွင် ပြုလုပ်မည့် စီးပွားရေး ဖိုရမ်တစ်ခုသို့ တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly