ပန်းနာရင်ကျပ်ရောဂါ ကို ဘယ်လိုကာကွယ်မလဲ

By မျိုးသန့်(မဇ္စျိမ)
03 June 2019
ပန်းနာရင်ကျပ်ရောဂါ ကို ဘယ်လိုကာကွယ်မလဲ

မင်္ဂလာပါ မဇ္စျိမ ပရိတ်သတ်များခင်ဗျာ ၊ အပတ်စဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ ။ ဒီနေ့တော့ ပန်းနာရင်ကျပ်ရောဂါနဲ့ ပတ်သက် ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။ ဆွေးနွေးပွဲကို ဖိတ်ခေါ်ထားတဲ့ ဆရာဝန်ကြီးကတော့ ဆရာကြီး ဦးရဲထွန်း ဖြစ်ပါတယ် ။ ဆရာကြီးဟာဆိုရင် အဆုတ်နဲ့ရင်ခေါင်း ရောဂါဆိုင်ရာ အထူးကုဆရာကြီး ဖြစ်ပါတယ်ခင်ဗျာ။  နောက်တစ်ယောက်နဲ့ ထပ်မံပြီး မိတ်ဆက်ပေးရမယ်ဆိုရင် အားလုံးသိကြတဲ့ အတိုင်းပဲ Mr.Ravindra Jain ဖြစ်ပါတယ် ။ Mr.Ravindra Jain ကတော့ ဒီ 4R Health Talk အစီအစဉ်ကို ဖြစ်မြောက်ဖို့ အဓိကကူညီပေးတဲ့သူဖြစ်ပါတယ် ။ 4R Consultancy Co.ltd ရဲ့ မန်းနေဂျင်းဒါရိုက်တာလည်း ဖြစ်ပါတယ် ခင်ဗျာ ။ သူကတော့ ဒီအဖွင့် စကားလေးပြောပါလိမ့်မယ် ။   ကျေးဇူးတင်ပါတယ် ။
 
Mr.Ravindra Jain ။   ။ မနေ့ကဆိုလို့ရှိရင်  ကမ္ဘာ့ပန်းနာရင်ကျပ်ရောဂါနေ့ ဖြစ်တာနှင့် အညီ ဒီနေ့ မှာတော့ ကျွန်တော်တို့ ပန်းနာရင်ကျပ်ရောဂါ ခံစားနေရတဲ့ လူတယောက်အနေနဲ့ ဘဝကို ဘယ်လိုဖြတ်သန်းသင့်သလဲ။ ဘယ်လိုကာကွယ်သင့်သလဲ၊ ဘယ်လိုမျိုး ဒီပန်းနာရင်ကျပ်ရောဂါကို ကျွန်တာ်တို့ ဆောင်ရန်ရှောင်ရန်တွေ ဘာတွေလိုသလဲဆိုတာကို အထူးပြု ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။ ဆရာကြီးဦးရဲထွန်းဟာ ဆိုလို့ရှိရင် ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီးတော့မှ အဖြေတွေကို ဖြေသွားပေးမယ် ။ ဆရာကြီးက သင်္ဃန်းကျွန်း စံပြဆေးရုံမှာလည်း တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ် ။
 
မေး(မျိုးသန့်)    ။ ဆရာကြီးခင်ဗျာ ပန်းနာရင်ကျပ်ပေါ့နော် ။  ရင်ကျပ်တာက ဒါအသက်ရှူ ကျပ်တာပေါ့ ၊ ပန်းနာဆိုတာက ဘယ်လို ၊ ဘာကြောင့် အဲဒီ စကားလုံး ၂ လုံး က တွဲပြီးတော့ ပန်းနာရင်ကျပ် ဖြစ်လာတာလဲ ခင်ဗျာ ။ အဲဒီဟာလေး နည်းနည်းပြောပြစေလိုပါတယ် ။

ဖြေ ။    ။  မေးခွန်းသိပ်ကောင်းတယ် ။ ကျွန်တော်တို့လည်း စောစောကတည်းက ပြောချင်နေတာပါ ။ ကျွန်တော်တို့က   စပြောကတည်းက ပန်းနာရင်ကျပ်ဆိုပေမယ့် အဓိကကတော့ ရင်ကျပ်ရောဂါပါ ၊ ကျွန်တော်တို့ Asthma လို့ပဲခေါ်တာပေါ့နော် ၊ ကျွန်တော်တို့ အင်္ဂလိပ်လိုဆိုရင်တော့ Asthma ပေါ့ ၊ ရင်ကျပ်ဆိုတဲ့ ဥစ္စာက လေပြွန်လေးတွေ ကျဉ်းသွားတယ် ၊ allergic တစ်ခုကြောင့် ကျဉ်းသွားတယ် ။ ပြီးလို့ရှိရင် ရင်ထဲမှာကျပ်လာတယ် ၊ အဲဒီအခါကျလို့ရှိရင် ကျွန်တော်တို့ ဒီရင်ကျပ်ရောဂါ စပြီးတော့ ဖြစ်လာတာပေါ့နော် ။ စောစောကပြောသွားတဲ့ ပန်းနာဆိုတဲ့ ဥစ္စာကတော့ ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင်     ဟိုးအရင်တုန်းက  ရင်ကျပ်ရောဂါကို သေချာမသိဘူး ။ သေချာမသိတော့ ကုသပုံ ကုသနည်းတွေကလည်း ထိထိရောက်ရောက်ကုသတာ မရှိဘူးဗျ ။ မရှိတဲ့အခါကျတော့ ဒီရင်ကျပ်ရောဂါက ဘာဖြစ်သလဲဆိုတော့ နာတာရှည်တွေ ဖြစ်ကုန်ပြီးတော့ အဆုတ်ပွ နာတာရှည်တွေဖြစ်ပြီးတော့ ပန်းနာသဘောမျိုးဖြစ်ပြီး   မောပန်းလွယ်တယ် ။ ပြီးလို့ရှိရင်သူက ဘယ်လိုခေါ်မလဲ လူမမာကြီးလို ဖြစ်နေတဲ့ ဥစ္စာမျိုးတွေပေါ့နော်၊   အဲ့ဒါမျိုးတွေ ဖြစ်တာ ၊   ဒီခေတ်မှာတော့ စောစောကပြောတဲ့ ရင်ကျပ်လို့ပဲ သုံးပြီးတော့ ရင်ကျပ်ကို စောစောကပြောတဲ့ အတိုင်းပဲ သေသေချာချာ တိတိကျကျသာ ကုမယ်ဆိုရင် ကျွန်တော်တို့ ပန်းနာရင်ကျပ် ဆိုတဲ့  ပန်းနာအဆင့်ကို မရောက်အောင် ကျွန်တော်တို့ တားဆီးပေးလို့ ရပါတယ် ။
 မေး ။   ။ကျေးဇူးပါဆရာကြီး ။   ပန်းနာရင်ကျပ်ဖြစ်ရတဲ့ အဓိက အခြေခံ အကြောင်းအရင်းက ဘာများဖြစ်မလဲ မသိဘူး ခင်ဗျာ ။

ဖြေ ။    ။ အဓိကကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပန်းနာရင်ကျပ်ဖြစ်တဲ့ အကြောင်းအရင်းဆိုတဲ့ ဥစ္စာမှာ ကျွန်တော်တို့ သေချာမသိဘူး ခင်ဗျာ့။ သေချာမသိဘူးဆိုတဲ့ဥစ္စာက ဥပမာအားဖြင့် အဲဒီ ဥစ္စာကို ကျွန်တော်တို့ နားလည်လွယ်အောင်ပြောလို့ရှိရင် ဥပမာအားဖြင့် TB ဖြစ်တယ်ဗျာ ။ ပြီးခဲ့တဲ့ အခေါက်က ကျွန်တော်တို့ ဆွေးနွေးကြတဲ့ TB ရောဂါ ဖြစ်တယ် ။ Mycobacterium tuberculosis လို့ခေါ်တဲ့ ပိုးမွှားကြောင့်ဖြစ်တယ် ။ အဲဒါ သိတယ်၊ သိတော့ အဲဒါကိုဘာလုပ်လဲ ဆိုလို့ရှိရင်  Mycobacterium tuberculosis ကို သတ်တဲ့  NTDB ဆိုတဲ့ဆေးပေးရင်ရပြီ ။ အဲဒီ့အတွက်ကြောင့် သူကဘာလုပ်လဲဆိုလို့ရှိရင် ၆ လဆို ၆ လ ဆေးပေးရင်ရပြီ ။ ရင်ကျပ်ရောဂါကကျတော့ ပြောရမယ်ဆိုလို့ရှိရင် ဘယ်ကနေဘယ်လို စဖြစ်လဲဆိုတာ မသိဘူး ။ ဒါပေမယ့် ဖြစ်နိုင်ချေရှိတဲ့ အပိုင်းက ၂ ပိုင်းရှိတယ် ။ ကျွန်တော်တို့ ကမျိုးရိုးဗီဇ အပိုင်းနဲ့ ခုနကပြောတဲ့ environmental လို့ခေါ်တဲ့ ပတ်ဝန်းကျင်အနေအထားအပိုင်းပဲ ဖြစ်ပါတယ် ။ မျိုးရိုးဗီဇမှာဆိုရင် မျိုးရိုးလိုက်တယ် ၊ ပြီးလို့ရှိရင် ရင်ကျပ်မျိုးရိုးကနေ ဆင်းသက်လာတယ် ။ အဲဒီလိုဆိုရင် မျိုးရိုးဗီဇအရ ရင်ကျပ်ရောဂါ ဖြစ်ဖို့များတယ် ။ ထိုနည်းလည်းကောင်းပဲ စောစောကပြောတဲ့ လေမသန့်တာတွေရှိမယ်၊ အခုဆိုရင် ကျွန်တော်တို့ ဆေးလိပ်သောက်ခြင်းပေါ့ဗျာ၊ ဆေးလိပ်သောက်တဲ့အခါမှာ ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင်ကနေ ကြီးပြင်းလာရတယ် ၊  အဲဒီလိုမျိုးဆိုလို့ရှိရင် ကြီးလာတဲ့အခါမှာ ရင်ကျပ်ရောဂါ ဖြစ်တယ် ၊ အဲဒီတော့ စောစောက ကျွန်တော်တို့ပြောခဲ့သလိုပဲ ရင်ကျပ်ရောဂါဆိုသည်မှာ ဖြစ်စဉ်ကို ကျွန်တော်တို့ ခန့်မှန်းခြေပဲ သိတယ် ။ ဘာကြောင့်ဖြစ်လဲဆိုတာကို ကျွန်တော်တို့ တိတိကျကျမသိတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကိုပဲ ကျွန်တော်တို့ ကုသရတဲ့ သဘောရှိတယ် ။ ဒါကြောင့်မို့လို့ အဲဒီ့ရောဂါ စရလာပြီဆိုလို့ရှိရင် လူနာများကိုလည်း ပြောချင်ပါတယ် ၊ ရေရှည်ပေါ့နော် တောက်လျှောက်ဆေးကုသရမှာပါ ။ ပျောက်ကင်းသွားတယ်ဆိုတာ မရှိသော်ငြားလည်းပဲ စောစောကပြောသလိုပဲ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ဘဝပေါ့၊ အကျိုးရှိတဲ့ဘဝ ကောင်းကောင်းမွန်မွန်လေးနဲ့ ဖြတ်သန်းသွားလို့ရအောင် ကျွန်တော်တို့ ကုသထုံး၊ ကုသပုံ ၊ ကုသနည်းတွေ ကျွန်တော်တို့ အများကြီးရှိပါတယ် ။ အဲဒါလေးကိုလည်း ကျွန်တော်တို့ ဒီ ကမ္ဘာ့ ရင်ကျပ်ရောဂါနေ့မှာ ကျွန်တော်တို့ အဓိကထားပြောချင်တာလည်း အဲဒါပါပဲ ။ ရင်ကျပ်ရောဂါကို ပိုပြီးတော့ နားလည်သွားမယ် ၊ နောက် ဘယ်လိုကုသရမလဲ ရင်ကျပ်ရောဂါရှိတဲ့ လူများသည် ဘာတွေကိုရှောင်၊ ဘာတွေကိုဆောင် ပြီးတော့နေရမယ် ၊ အဲဒါလေးကို အဓိကပြောချင်တာပါ ။

မေး ။   ။ ဟုတ်ကဲ့ပါ ၊  ဆရာကြီး ကလေးတွေဆိုလို့ရှိရင်  အသက်ရှူကိရိယာလား ၊ အဲဒီရှူဆေးလေးနဲ့လည်း ရှူကြတာရှိတယ် ။ အဲဒီတော့   အသက်အရွယ်အလိုက်ပေါ့နော်၊ ပန်းနာရင်ကျပ်က ဘယ်သူတွေမှာ အဖြစ်များလဲ ဆရာ ။

ဖြေ ။    ။ အဲဒီဟာက ကျွန်တော်တို့ ပြောရမယ်ဆိုလို့ရှိရင် အဓိကအားဖြင့် ကျွန်တော်တို့ ရင်ကျပ်ရောဂါမှာ အပိုင်း ၂ ပိုင်း ခွဲလိုက်တယ် ။ တစ်ပိုင်းက ကလေးရင်ကျပ်ရောဂါနှင့် လူကြီး ရင်ကျပ်ရောဂါဆိုပြီးတော့ရှိတယ် ။ကလေးရင်ကျပ်ရောဂါ ဆိုသည်မှာ childhood Asthma လို့ခေါ်ပြီးတော့၊ ရင်ကျပ်ရောဂါတွေသည် မွေးစကတည်းက စပြီးတော့ ဖြစ်တည်လာတယ် ။ ဖြစ်တည်လာပေမယ့်လည်း ကုသနည်းကတော့ ၅ နှစ်အောက် ကလေးမှာ တစ်မျိုး။ ၅ နှစ် နှင့် ၁၂ နှစ်မှာ တစ်မျိုး။ ၁၂ နှစ် ကျော်သွားရင် တစ်မျိုး ဆိုပြီးတော့  ကုသနည်းကတော့ အနည်းငယ် ကွဲလွဲမူရှိတာပေါ့နော် ၊ နောက် လူကြီးရင်ကျပ်ရောဂါ ဆိုတာကလည်း လူကြီးဘဝရောက်တော့မှ ရင်ကျပ်တာတွေရှိတယ် ။ အခု နောက်ပိုင်းမှာဆိုလို့ရှိရင် ကျွန်တော်တို့ တွေ့နေရတာက အသက် ၅၀ ၊ ၆၀ လောက်ကျမှ ရင်ကျပ်ရောဂါ စဖြစ်တာတွေကိုလည်း တွေ့ရတဲ့အတွက်ကြောင့်၊ ဘယ်ဥစ္စာမှာ စဖြစ်သလဲဆိုတဲ့ ဥစ္စာကတော့ ကျွန်တော်တို့ ရာခိုင်နှုန်း အတိအကျတော့ များတယ် ၊ နည်းတယ် မပြောနိုင်ပေမယ့် ၊ တစ်ကမ္ဘာလုံး အနေအထားအားဖြင့်ဆိုရင်တော့ ပြီးခဲ့တဲ့ ၄ ၊ ၅ နှစ်ကစပြီး တိုးပွားလာတာကို တွေ့ရပါတယ် ။

မေး ။   ။ဆရာကြီးခင်ဗျား၊   ပန်းနာရင်ကျပ်လို့ ပြောလိုက်လို့ရှိရင် အသက်ရှူလမ်းကြောင်းနှင့် အများကြီး သက်ဆိုင်တယ်လို့ ထင်ပါတယ် ။   လူနေမူဘဝတွေ ပြောင်းလဲလာတယ် ၊ အရင်တုန်းက   ခြံဝန်းကြီးနဲ့ လေကောင်းလေသန့် ကောင်းကောင်းမွန်မွန် ရှူခဲ့ကြရတယ် ၊ အခုဆိုလို့ရှိရင် ကားတွေ များလာတယ် ။ အခန်းကျဉ်းလေးထဲမှာနေရတယ် ၊ ဒီလိုမျိုး life style ပြောင်းလဲသွားတဲ့ အခါကျတော့ ဒီပန်းနာရင်ကျပ်က ဘယ်လိုပြောမလဲဆိုတော့ ဖြစ်ပွားနူန်းပဲဖြစ်ဖြစ် ၊ နောက်ပတ်ဝန်းကျင်က ပိုပြီးတော့မှ တွန်းပို့လိုက်တယ် ဆိုတဲ့ဟာပေါ့ အဲဒီ့အခြေအနေမျိုး နည်းနည်းလေး ပြောပြပေးပါ ခင်ဗျာ့ ။

ဖြေ ။    ။ ဟုတ်ပါတယ်။ ခုနကပြောသွားတဲ့ ဥစ္စာက တစ်စိတ်တစ်ပိုင်းတော့ ဆိုင်တယ်။ တစ်စိတ်တစ်ပိုင်းတော့ ဆိုင်တယ်ဆိုတဲ့ ဥစ္စာက ပွင့်ပွင့်လင်းလင်းပြောရရင် ဒီရင်ကျပ်ရောဂါအပြင်ကို နောက်ထပ် လေပြွန်နှင့်ဆိုင်တဲ့ ရောဂါကြီးတစ်မျိုးရှိသေးတယ် ။ အဲဒီဟာက ဘာလဲဆိုရင် နာတာရှည် အဆုတ် လေပြွန်ကျဉ်းရောဂါပေါ့ ၊ သူကတော့ ဆေးလိပ်အသောက်များလို့ ဖြစ်တာပေါ့နော် ၊ ဒါပေမယ့်လည်း စောစောကပြောတဲ့ လေထုမသန့်တဲ့ အခါမျိုးကျရင် ဖြစ်တတ်တယ်ပေါ့နော် ၊ ဒါဖြင့် ရင်ကျပ်ရောဂါကို လေထုညစ်ညမ်းတဲ့ Air Pollution လို့ ခေါ်တာပေါ့နော် ၊ စောစောက ဒီနေထိုင်မူ စနစ်တွေပြောင်းလာတယ် ၊ အခုမှာဆို ကျွန်တော်တို့ ရန်ကုန်မှာဆိုရင်ပဲ ကားတွေများလာတယ် ၊ ကားတွေကထွက်လာတဲ့ အိတ်ဇောထဲကနေပြီးတော့ လေထုညစ်ညမ်းမူရှိမယ် ၊ ပြီးရင် နည်းနည်းလူနေမူအရ လူနေထူထပ်လာတယ် ။ ဒါတွေသည် ကျွန်တော်တို့ အနေနှင့်ပြောရမယ် ဆိုရင်တော့ အကြောင်းအရာ တစ်ရပ်အနေနဲ့ ပါဝင်ပါတယ် ၊ သူတစ်ခုတည်းကြောင့်မို့လို့ ရင်ကျပ်တယ်လို့ မပြောနိုင်ပေမယ့်၊ မျိုးရိုးဗီဇအခြေခံရှိတဲ့ လူတွေမှာ အဲဒါလေးနှင့် တွေ့လိုက်တယ်ဆိုတဲ့ အခါမှာ ပိုပြီးတော့ ဖြစ်ပွားတာပေါ့နော် ။

မေး ။   ။ ဆရာကြီး  ခုနကပြောတဲ့ ရှူဆေးဘူးပေါ့နော် ၊ အဲဒီ့ရှူဆေးဘူးက ပန်းနာရင်ကျပ်ရောဂါအတွက် ရောဂါသက်သာစေဖို့အတွက် ဘယ်လောက်ထိ အထောက်အကူပြုလဲ။ ပြီးတော့ ဒီရှူဆေးဘူးကို အသုံးပြုတဲ့ ကလေးတွေပဲဖြစ်ဖြစ် လူကြီးတွေပဲဖြစ်ဖြစ် နည်းနည်း သတိထားရမှာလေးကို ပြောပြပေးပါလား ။

ဖြေ ။    ။ မှန်ပါတယ် ။ အမှန်ကတော့လေ ကျွန်တော်တို့ ဒီဥစ္စာလေးကိုလည်း သေချာပြောချင်ပါတယ် ။ ကျွန်တော်တို့ ရင်ကျပ်ရောဂါကို ကုသတဲ့အခါမှာ အပိုင်းလေးတွေ ရှိပါတယ် ။ နံပါတ် (၁) အပိုင်းကဘာလဲဆိုလို့ရှိရင်၊ အဓိကအခြေခံကျဆုံးအပိုင်းသည် ဒီရောဂါကို လူနာ ပြီးရင် လူနာ ရဲ့ မိဘ၊ လူနာရဲ့ မိဘဆိုတာ ကလေးဖြစ်တယ်ပေါ့နော်။ ကလေးက ရင်ကျပ်ဖြစ်ခဲ့ရင် လူနာရဲ့မိဘများသည်  သေသေချာချာ နားလည်ဖို့လိုပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ်စဉ်ကို နားလည်ရမယ် ၊ ရောဂါကုသပုံကို နားလည်ရမယ် ။ ဆောင်ရန် ရှောင်ရန်တွေကို နားလည်ရမယ် ။  အဲဒါ အခြေခံကျကျပေါ့ ။ နံပါတ် (၂) ကဘာလဲဆိုရင် သူ့ကို လှုံ့ဆော်စေတာကို ရှောင်ရမှာပေါ့ ။ စောစောက ကျွန်တော်တို့ ဆွေးနွေးခဲ့သလိုပဲ Air Pollution လို့ခေါ်တဲ့ လေထုညစ်ညမ်းမူကို ရှောင်ရမယ် ။ နောက်တစ်ခါကျလို့ ရှိရင် လူကြီးရင်ကျပ်လေးတွေမှာ ဘာလေးတွေတွေ့ တတ်လဲဆိုရင် ရင်ကျပ်တော့ ရင်ကျပ်ပဲ ၊ ဒါပေမယ့် ရင်ကျပ်ရောဂါသည်တွေက ဆေးလိပ်သောက်ရင် ပိုပြီးတော့ ရင်ကျပ်ရောဂါ ပိုကြွတတ်တယ် ၊ ဒီဆေးလိပ်ဖြတ်တဲ့ ဥစ္စာကလည်း အခြေခံအနေနဲ့ ပါတယ်ပေါ့ ။ နံပါတ် (၃) ကျတော့ ကျွန်တော်တို့ ဆေးကုသမူ အပိုင်းပေါ့၊ ဒါကြောင့်မို့လည်း ကျွန်တော်က ခုနကပြောတဲ့ အခါမှာ ရင်ကျပ်ရောဂါက ကျွန်တော်တို့ တောက်လျှောက်ရေရှည် ကုသတဲ့ အတွက်ကြောင့် ကျွန်တော်တို့ နောက်ပိုင်းတွေမှာ ဆေးကုသမူ အပေါင်း(+) ကျွန်တော်တို့ စောစောကပြောတဲ့ အကြံဉာဏ်ပေါ့ ။ ဘယ်လိုနေ ဘယ်လိုထိုင် ၊ ဘယ်လိုစားသောက်ဆိုတဲ့ ဥစ္စာတွေက အရေးပါတယ် ။ ဆေးကုသမူကို ပြန်ပြီးတော့ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ မှာ စောစောကပြောတဲ့ ရှူဆေးရှိတယ် ။ အဲဒါကို   ကျွန်တော်တို့ နိုင်ငံကလူတွေက နာမည်ပေးတာ သိပ်တော်တယ်ဗျ ။ ကားတွေဆိုလို့ရှိရင်လည်း ဘာခေါ်မလဲ နွားခေါင်းတို့ ဘာတို့ပေးကြတယ်၊ ကျွန်တော်တို့ ပေးတဲ့ဆေးကိုလည်း အာထဲ ဖြန်းတဲ့အတွက်ကြောငု့် အာဖြန်းဆေးလို့ ပေးတာပေါ့ ။ အမှန်တော့ အဲဒါလည်းကောင်းတယ်၊ အာဖြန်းဆေးပေးမှပဲ မဟုတ်ရင် နှာရှူဆေးဆိုတော့ နှာခေါင်းထဲ သွားရှူနေမှာစိုးရတယ် ။ အာဖြန်းဆေး ဆိုတာလည်း မဆိုးဘူပေါ့နော် ၊ အဲဒီတော့ ရှူဆေးရှိတယ်၊ အရေးကြီးရင်ကြီးသလိုသောက်ဖို့ သောက်ဆေးရှိတယ် ။ ထပ်ပြီးတော့မှ အရေကြီးလို့ရှိရင် သောက်ဆေးရှိတယ် ။ အဲဒီတော့ ရင်ကျပ်ရောဂါမှာ ကျွန်တော်တို့ ပုံမှန်ကုသတာနဲ့ အရေးပေါ် ဒီရောဂါကြွတဲ့အချိန်မှာ ကုသပုံခြင်းက မတူဘူးဗျ ။ ကျွန်တော်တို့ အခုဆွေးနွေးပေးမှာ အဓိက စောစောကပြောတဲ့ ပုံမှန်အနေအထားမှာ ကုသတဲ့အခါမှာ ရှူဆေးကိုပဲ အဓိကထားပြီးပြောမယ်ဆိုရင် ရှူဆေးမှာမှ ခုနက ၂ ခုထပ်ရှိပါတယ်။ အဲ့ဒါလေးကိုလည်း ကျွန်တော် ဒီ Talk လေးကတစ်ဆင့် လူတိုင်းကိုကျယ်ကျယ်ပြန့်ပြန့် ပြောချင်ပါတယ် ။ ဘာလို့ဆိုတော့ များသောအားဖြင့် အာဖြန်းဆေး ၊ ရှူဆေးဆိုရင် တစ်မျိုးတစ်စားတည်းလို့ပဲ ထင်တာ ။ မဟုတ်ဘူး သူက နှစ်မျိုးရှိတယ် ။ အဓိကအမျိုးအစားက ၂ မျိုးရှိတယ် ။ (၁) ကဘာလဲဆိုရင်လေပြွန်ကို ချဲ့ပေးလိုက်တာ၊ အဲဒီဟာ အရေးပေါ် ကျွန်တော်တို့ ကျဉ်းတဲ့အခါကျရင် ကျယ်အောင်လုပ်ပေးလိုက်တာ၊ အဲ့ဒါသည် ကျွန်တော်တို့ bronchodilator လို့ခေါ်ပါတယ် ။ အဲဒီဟာသည် ကျွန်တော်တို့ ဖြစ်ရင်ရှူပါတယ် ။မဖြစ်ရင်တော့ ကျွန်တော်တို့ နားထားလို့ ရပါတယ်။ အဲဒီဟာ အဲ ရှူဆေး ။ နောက် ရှူဆေး တစ်မျိုးရှိပါတယ် အဲဒီဟာ raliever လို့ခေါ်ပါတယ် ။ corticosteroids ဆိုတဲ့ဆေးတွေ ပါပါတယ် ။ အဲဒီ corticosteroids ဆေးတွေသည် ဘာဖြစ်သလဲဆို လေပြွန်လေးတွေမှာရှိတဲ့ ရောင်တာလေးတွေကို ကျသွားစေပါတယ် ။ အမှန်က ကျွန်တော်တို့ ရင်ကျပ်ဆိုတဲ့ ဥစ္စာမှာ Allergic တွေဝင်တယ် ။ ပြီးရင် မတည့်တဲ့ အမှုန်တွေဝင်လို့ရှိရင် ဓာတ်မတည့်တဲ့ သဘောမျိုးဖြစ်ပြီးတော့ ကျွန်တော်တို့ လေပြွန်လေးတွေက ရောင်လာပါတယ် ။ အဲဒီ့ရောင်တာလေးတွေက ကြာရှည်ရောင်တဲ့အခါမျိုး ဖြစ်လာခဲ့ရင် နောက်ကျလို့ ပိတ်သွားရင် ကျွန်တော်တို့ Chronic Asthma ဆိုတာဖြစ်သွားတယ် ။ အဲဒီရောင်တာလေးတွေကို ကျသွားအောင်လုပ်တဲ့ ရှူဆေးက ကျတော့ ပုံမှန်ဆွဲ ရှူရပါတယ် ။ အဲဒီတော့ လူနာတွေကဘယ်လို အမှတ်မှားလဲဆိုတော့ ခုနက လေပြွန်ချဲ့တဲ့ဆေးသည် အာနိသင်လာတယ် ကောင်းတယ် ။ အဲဒီဟာလေးတွေပဲ သူတို့က စွဲရှူတော့လေ စောစောက လေပြွန်အရောင်မကျတဲ့ အခါကျတော့လေ ကြာလာတော့ ဘာဖြစ်လာလည်းဆိုတော့ လေပြွန်လေးတွေက ပိတ်ပိတ်လာပြီး ပြန်ချဲ့လို့ မရတော့ဘူး။ ချဲ့လို့မရတဲ့ အခါကျတော့ ရှူဆေးတွေကို သွားမသုံးနဲ့ အဲဒီဟာတွေက စွဲတယ် ၊ နောက်ကျရင် မတိုးတော့ဘူး။ အမှန်တော့ မဟုတ်ဘူး၊ ရှူဆေး အမျိုးအစား ရှူတာခြင်းမှားနေလို့၊ နောက်တစ်ခုကကျတာ့ လေပြွန်ချဲ့တာ အရှည်စားပေါ့ ကျွန်တော်တို့ စောစောကပြောတဲ့ဥစ္စာ လေပြွန်ချဲ့တာ သူက ၆ နာရီ ခံတယ်ဆိုရင်၊ ရှူဆေးကကျတော့ ၁၂ နာရီလောက်ခံတယ် ။ အဲဒီဟာ နဲ့ စောစောကပြောတဲ့ corticosteroids နဲ့တွဲရှူတဲ့ ဥစ္စာမျိုးတွေလည်း ရှိတယ်ပေါ့နော် ၊ ဒါကြောင့် ရှူဆေးရှူတော့ ဘေးထွက် ဆိုးကျိုး  ဘာရှိသလဲဆိုရင်အမှန်တိုင်ပြောရရင် ရှူဆေး နှင့် သောက်ဆေးမှာ ရှူဆေးကသက်သာတယ် ။ ဥပမာအားဖြင့် ကျွန်တော်တို့ salbutamol ဆိုတဲ့ ဒီချဲ့တာပဲ ကျွန်တော်တို့ ပြောပါမယ် ။ salbutamol တစ်လုံးမှာ ကျွန်တော်တို့ 2 mg  ပါပါတယ် ။ Microgram  ဆိုလို့ ရှိရင် 2000 microgram ပါပါတယ် ။ ကျွန်တော်တို့ ဒီ ရှူဆေးမှာ 1 part လို့ခေါ်တဲ့ တစ်ချက်ပဲ နှိပ်ပြီးတော့ ရှူတဲ့ အခါမှာ 100 micro gram ၊ ဘယ်လောက်လဲဆို အဆ ၂၀ ပါတယ် ။ အဲဒီတော့ တစ်ချက်ပဲ ရှူ လိုက်တာ လေပြွန်ထဲကိုရောက်သွားတယ် ။ တိုက်ရိုုက်ထိရောက်မူရှိတယ် ။ ဟိုသောက်ဆေးကိုသောက်လို့ရှိရင် ကျွန်တော်တို့ အစာအိမ်ကိုသွားမယ် ၊ ဖြတ်ပြီးတော့မှအဆုတ်ထဲလာမယ် ၊ အဲဒီ အခါမျိုးကျတော့ အဆ ၂၀ လည်း ပြင်းသေးတယ်၊ ပြီးလို့ရှိရင် ဒီလိုမျိုးလာတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာက Use to မဖြစ်သေးတဲ့ Culture ကို ကျွန်တော်တို့ တော်တော် ကျော်ဖြတ်ရပါတယ် ။ one decade လောက်ကိုကျွန်တော်တို့ ကျော်ဖြတ် ရပါတယ် ။ အဲဒီတော့ အခု တော်တော် များများတော့ ရှူဆေးရှူ တဲ့ Culture လေးရောက်လာတာပေါ့နော် ။ အမှန်တော့ နိုင်ငံတကာမှာ ကျင့်သုံးနေတာပါ ။ စောစောက ကျွန်တော်တို့ပြောသလိုပဲ ဘေးထွက်ဆိုးကျိုး နည်းတယ် ၊ Side Effect နည်းတယ်ပေါ့နော် ၊ ကြာကြာရှူလို့ရှိရင်တော့ စတီးရွိုက်တွေ ကြာကြာရှူရင် ဘေးထွက်ဆိုးကျိုးလေးတော့ ရှိသော်ငြားလည်းပဲ ရောဂါတိုးတက်လာမူနှင့် ပြန်တွက်လို့ ရှိရင် တန်ပါတယ် ။ စတီးရွိုက် က ကျွန်တော်တို့ ရှူတယ်၊ ပါးစပ်မှာ အနာပေါက်တယ်၊ ကောင်းကောင်း ပလုတ်ကျင်းပေးရမယ် ။ ပြီးရင် Hight dose ဆိုတဲ့ steroids တွေကို ကျွန်တော်တို့ ရှူရမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေးတွေကတော့ ပေါ်လာကောင်း ပေါ်လာမယ် ။ ဒါပေမယ့် ကြာကြာရှူတော့ dose (ဆေးပမာဏ)များတုန်းမှာ ပေါ်တာပါ ။ ကျန်တာကတော့ ဘေးထွက်ဆိုးကျိုး က ဒီလောက် မရှိဘူး ။

မေး ။   ။ ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ ။ ကျွန်တော်သတိထားမိသလောက်ဆိုလို့ ရှိရင် လူလတ်ပိုင်းကတော့ သိပ်ပြီးတော့ ပြဿနာ မရှိဘူးပေါ့နော် ၊ ပန်းနာရင်ကျပ်ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုမျိုး ပြုစုသင့်သလဲ ဆရာ ။

ဖြေ ။    ။ အမှန်ကတော့ ဒီလိုဗျ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က လူကြီးဆရာဝန်နဲ့ အနေနဲ့လုပ်တာ ။ ကလေးကျလည်း ကလေးရင်ကျပ်ကုနေတဲ့ ဆရာဝန်တွေ ရှိတယ်ပေါ့ ။ ဒါပေမယ့် ကျွန်တော်က Knowledge  ပိုင်းဆိုင်ရာပဲ ကျွန်တော် ပြောပါမယ် ။ ကလေးတစ်ယောက်က ရင်ကျပ်ပြီဆိုရင်ပေါ့နော် ကျွန်တော့် ဆီလာတဲ့ မိဘတွေပေါ့၊ မိဘတွေ ဆိုတာက ရင်ကျပ်မိဘတွေပေါ့ ။သူတို့ မွေးလာတဲ့ ကလေးမှာ ကူးသွားမလား၊ အဲဒီ ကလေးတွေမှာရော ဖြစ်မလားဆိုတာ ပထမဆုံးသူတို့  စိုးရိမ်တာပေါ့ ။ စိုးရိမ်တော့ လေ့လာ တွေ့့ရှိချက်တွေမှာဆိုရင် မိဘတစ်ယောက်က ရင်ကျပ်ရောဂါရှိတယ်ဆိုရင် ကျွန်တော်တို့ 3 in 1 ပေ့ါ ၊ သုံးယောက်မှ ကလေးတစ်ယောက် ပါလာနိုင်တယ် ။ မိဘ ၂ ယောက်လုံးမှာ ရှိတယ်ဆိုရင်တော့ 7 in 10 ဆို တော့၊ လေ့လာချက်အရ သိရတယ်ပေါ့နော် ။ ဟုတ်ပြီ တစ်ခါတစ်ခါ ကျလို့ ရှိရင်တော့ ကျွန်တော်တို့ skip လုပ်သွားတာတွေ ရှိတယ်ပေါ့နော် ။ ဆိုလိုသည်မှာ အမေ အဖေမှာ မရှိဘူးဗျ ၊ အဲဒီတော့ တစ်ခါတစ်ခါ ကျတော့ ကျွန်တော်တို့ ဆီရောက်လာတဲ့ ကလေး အကြီးစားတွေ ပေါ့နော်၊ မေးကြည့်တဲ့အခါ အမေ အဖေမှာ မရှိဘူးတဲ့ ၊ ကျွန်တော်လည်းထပ်မေးတယ် အဲဒီတော့ အဘိုး၊ အဘွားမှာ ရှိလားဆိုရင် တစ်ခါ တစ်လေကျ အဘိုး၊ အဘွားမှာ ရှိနေတတ်တယ် ။ ဦးလေးတို့ ၊အဒေါ်တို့မှာ ရှိတယ်ပေါ့နော် ၊ အဲဒီလိုပေါ့ ၊ မျိုးရိုးလိုက်တာရှိတယ်ပေါ့နော် ၊ ကျော်သွားတာပေါ့ ။ သူ့ကို ဘယ်လိုပြုစုမလဲ ဆိုရင် စနစ်တကျ ကုရမယ် ။ စနစ်တကျ ကုမှသာလျှင်  ကျွန်တော်တို့ ရင်ကျပ်ရောဂါရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်တဲ့ hypoxia လို့ခေါ်တဲ့ အောက်စီဂျင်နည်းတဲ့ ဥစ္စာလေးတွေ သူ့မှာ မခံစားရဘဲနဲ့ ပုံမှန်အတိုင််း ကြီးထွားတာပေါ့နော် ။ ခန္ဓာကိုယ် ရဲ့ ကြီးထွားတာက ပုံမှန်ကြီးထွားမှာ၊ ဦးဏှောက်ကလည်း ပုံမှန်ဖွံ့ဖြိုးမှာ အဲဒီအခါကျလို့ရှိရင် စောစောကပြောတဲ့ ခန္ဓာကိုယ်သေးတာတို့ ဉာဏ်နည်းတာတို့ မဖြစ်ဘူးပေါ့ ။ အဲဒီအခါကျတော့ ကုသတဲ့အခါကျရင် ကုသပုံဥစ္စာတွေတော့ ကလေးအထူးကု ဆရာဝန်နှင့် သေချာတိုင်ပင်ပြီး ကုသ ၊ အဲဒီမှာလည်း ဘာဖြစ်လဲဆိုရင် စောစောကပြောတဲ့ ရှူဆေး သိပ်မရှူချင်ကြဘူး ။ ရှူဆေးရှူလို့ရှိရင် ပျင်းလို့လား ဘာလဲဆို အဲဒီဟာမျိုးတွေ ကျွန်တော်တို့ ဆီမှာ တော်တော် ထင်တာ ။ မဟုတ်ဘူးဗျ ။ ရှူဆေးက တစ်ခါတစ်ခါကျလို့ရှိရင် ကိုယ့် ဝန်းကျင်မှာ မရှူတော့ အထူးအဆန်းကြီးလို ဖြစ်နေတယ် ။ နောက်တစ်ခုက ကလေးတွေ အထူးသဖြင့်ပေါ့နော် ၅ နှစ်အောက် ကလေးတွေကကျတော့ ရှူဆေးက နည်းနည်းခက်တယ်။ ခက်တဲ့ အခါကျတော့ ဘယ်လိုလုပ်ပေးရလဲဆို ကျွန်တော်တို့ spacer လို့ခေါ်တဲ့ ကြားခံ ပစ္စည်းလေးတစ်ခု ရှိတယ်ဗျ ။ အဲဒီ ပစ္စည်းလေးကိုထည့် နောက်ပြီးကျရင် Mask လေးနှင့် အုပ်ပေးရတာလေးရှိတယ်ဗျ ။ နည်းနည်းကြီးသွားလို့ သင်နိုင်တယ်ဆိုရင် ၁၀ နှစ် ၁၂ နှစ်လောက်ဆို မဆိုးဘူးဗျ ။ နောက်တစ်ခုက အစားအသောက်ပေါ့ ။ ကျွန်တော်တို့ နိုင်ငံမှာ တော်တော်များများ ကလေးမှာလည်းတွေ့တယ် ၊ လူကြီးမှာလည်းတွေ့တယ် ၊ အစားအသောက်ကတော့ တော်တော်လေး ဂရုစိုက်တယ် အဲဒီရင်ကျပ်သမားတွေက ရင်ကျပ်တဲ့ ဥစ္စာမျိုးတွေသည် တစ်ယောက်နှင့် တစ်ယောက် မတူတဲ့အတွက် ရှောင်ရမှာပေါ့ ။ ဒါပေမယ့် ကလေးတွေမှာတော့ တော်တော်အတွေ့များတာတော့ ဒီအချိုရည်တွေပေါ့နော် ။ အချိုရည်တို့ ice-cream တို့ကတော့ ရင်ကျပ်တာကို တော်တော်ဖြစ်စေတယ်ပေါ့နော် ။ အဲဒီဟာ မျိုးလေးတွေတွေ့တယ် အဲဒီဟာမျိုးလေးတွေကို ရှောင်ဖို့ လိုပါတယ် ။ နောက်တစ်ခုကဘာလဲဆို နှာခေါင်းနှင့် ပတ်သက်တာပေါ့နော်၊ အမြဲတမ်းနှာစေးတယ် ဆိုလို့ရှိရင် အဲဒီရင်ကျပ်က ထတတ်တဲ့အခါကျတော့ ဒါကြောင့် ကလေးကို ကျွန်တော်တို့ အအေးမပတ်အောင် ထားရတာမျိုးရှိတာပေါ့နော် ။ စောစောက မေးသွားတဲ့ အထဲမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာရှိတယ် ။အဲဒီအခါကျရင် တစ်ချို့ကလေးတွေက ဘောလုံးကစားချင်တာမျိုး ရှိတယ် ။ ရေကူးချင်တာမျိုး ရှိတယ် ။ အဲဒီအခါကျရင် မိဘတွေက ရင်ကျပ်နေတာ ဖြစ်ပါ့မလား  ။အမှန်ကတော့ သေသေချာချာလေး စောစောကကျွန်တော် ပြောသလိုပေါ့ ထိန်းဆေးလေ Controler ဆိုတဲ့ ထိန်းဆေးလေးနဲ့ ကာကွယ်သွားလို့ရှိရင် အဲဒီ ဥစ္စာတွေက Normal Qulity အလိုက်ပါ ၊ ကြားတော့ ကြားဖူးမှာပေါ့ ပရီမီယားလိဂ် ဘောလုံးသမား တော်တော်များများတော့ မဟုတ်ဘူး၊ အနည်းငယ်မှာ သူတို့ ဆီမှာလည်းရင်ကျပ်ရှိတယ် ။ တစ်ခါတစ်ခါ ကျလို့ရှိရင် သူတို့ ဘောလုံးကွင်းထဲ မကန်ခင်မှာ reliever ဆိုတဲ့ ဒီ salbutamol လေးတွေ ရှူ ပြီးမှ ဝင်သွားကြတယ် ။ ထိုနည်းလည်းကောင်းပဲ ဒီကလေးက ရင်ကျပ်ရှိတယ် စိတ်မချဘူး ရေကူးချင်တယ် ၊ ပြေးချင်တယ် ၊ ဟုတ်ပြီ စောစောကလို ကောင်းကောင်း ထိန်းထားပြီးပြီ ၊ မိဘကလည်း စိတ်မချဘူး အဲဒီလိုမတိုင်ခင်လေးမှာ စောစောကပြောတဲ့ ဒီ Reliever လေးတွေကို နည်းနည်းပါးပါး ရှူ သွားလို့ ရှိရင်လည်း သူပုံမှန် လုပ်ချင်တဲ့ အားကစားလေးလည်း ပုံမှန်လုပ်လို့ ရတာပေါ့နော် ။

မေး ။   ။အသက်နည်းနည်း ကြီးတဲ့ ပန်းနာရင်ကျပ်ရောဂါ ခံစားနေရတဲ့ အဖိုး၊ အဖွားတွေ အတွက်လည်း ဆောင်ရန် ရှောင်ရန်လေး ပြောပေးပါ ခင်ဗျာ ။

ဖြေ ။    ။ အမှန်ကတော့လေ စောစောကပြောသလိုပေါ့၊ ဒီရင်ကျပ်ရောဂါက ဘယ်အသက်အရွယ် အပိုင်းအခြားမဆို ဖြစ်တတ်ပါတယ် ။ အဲဒီတော့ လူငယ်ပိုင်းလည်းဖြစ်နိုင်တယ် ။ လူလတ်ပိုင်းလည်း ဖြစ်နိုင်တယ် ။ သက်ကြီးရွယ်အိုတွေလည်း ဖြစ်နိုင်ပါတယ် ။ အဲဒီတော့ စဖြစ်ကတည်း ကကောင်းကောင်းသာ ကုသမယ်ဆို သက်ကြီးရွယ်အိုဖြစ်ပေမယ့် သူ့အတွက်က ဝန်ထုပ်ဝန်ပိုးအတွက်မဖြစ်ဘူးပေါ့နော် ။ အခြေခံ အနေနဲ့တော့ အသက်ကြီးတာတို့ ငယ်တာတို့ မရှိပေမယ့်၊ သူရဲ့ ကုသပုံ ကုသနည်းတွေကတော့   ကျွန်တော်တို့ ခုနကပြောသလိုပဲ ဖြစ်ပွားစေရမယ့် အကြောင်းအရင်းများကိုတော့ ရှောင်ရမှာပေါ့နော် ။ လှုံ့ဆော်ပေးတဲ့ အကြောင်းအရင်းတွေပေါ၊့ ဥပမာအားဖြင့် မတည့်တာတွေ စားသောက်ခြင်းတွေ၊ အဲဒီဟာလည်း တစ်ယောက်နှင့် တစ်ယောက် မတူဘူး ဗျ ။ အဲဒီဟာကြောင့် ကျွန်တော့လူနာတွေကိုတော့ ကျွန်တော်က ဘာပြောလဲ ဆိုရင် အခြေခံ မတည့်တာလေးတွေကတော့ ဥပမာအားဖြင့် သူများ Allergic ဖြစ်တဲ့ ဥစ္စာမျိုးတွေ၊ Seafood ကြောင့် ဖြစ်ရင်ဖြစ်မယ်ဗျာ ၊ တစ်ချို့ အသားတွေဖြစ်မယ် ၊အဲဒီဥစ္စာတွေ တော့ ရှောင်ရမှာပေါ့ ။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ အသီးအနှံတွေလည်း တစ်ယောက်နှင့်တစ်ယောက် မတူတာလေးတွေ ရှိတယ်ဗျ ။ အဲဒီအခါကျတော့ ကိုယ့်ဟာကို ရှောင်ရတာပေါ့ ။ နောက်တစ်ခုကကျတော့ ရာသီဥတု အခြေအနေပေါ့၊ ရာသီဥတု အခြေအနေကတော့ များသောအားဖြင့် အပူမှာ ကျပ်တာရှိတယ် ၊ အအေးမှာ ကျပ်တာ ရှိတယ်ပေါ့ ။ တစ်ယောက်နှင့်တစ်ယောက် မတူဘူး ရှောင်ဖို့လိုမယ် ။ နောက်တစ်ခုကကျတော့ ဒီရင်ကျပ်ထစေမယ့် ဟာပေါ့ ။ တစ်ခါတစ်ခါ ကျတော့ တစ်ချို့လူနာတွေက ဘာကိုရုတ်တရတ်ကြီး ထကျပ်တတ်လဲဆိုတော့ ဥပမာအားဖြင့် အိမ်ပြင်တဲ့နေရာ သွားလိုက်တယ် ၊ အဲဒီအိမ်မှာ ဆေးသုတ်နေတယ်၊ အဲဒီဆေးတွေလည်း   ရုတ်တရတ် ရှူမိရင်ဖြစ်တယ် ။ တစ်ခါတစ်ခါကျရင် လမ်းမှာသွားတယ်၊ သွားတဲ့အခါကျ တစ်စုံတစ်ယောက်ကနေပြီး ရေမွှေးတွေသုံးထားတယ်။ အဲဒီ ရေမွှေးစူးစူးတွေ စူးကနဲဝင်သွားလို့ရှိရင် အဲဒီဥစ္စာဖြစ်တယ် ၊ နောက်တစ်ခုကကျတော့ ဖုန်တွေထတဲ့နေရာတွေမှာပေါ့နော်၊ လုပ်ငန်းခွင်၊ ဥပမာအားဖြင့် ဆန်စက်တွေ ရှိတဲ့နေရာမျိုးမှာဆိုရင် ရင်ကျပ်တွေ၊ ကောင်းကောင်း မငြိမ်သေးတဲ့ အခါ၊ ထနေတဲ့ အခါကျတော့ ဒါတွေ ရှောင်ရမှာပေါ့ ။ နောက်ပြီးကျလို့ရှိရင် ရင်ကျပ် ကြွလာပြီဆိုတဲ့ အခါမျိုးတွေကျရင် ကျွန်တော်တို့ စောစောကပြောတာ ကိုယ်သုံးနေကျ သောက်ဆေးတို့ ရှူဆေးတို့ မရှိရင်လည်း၊ ကျွန်တော်တို့ စောစီးစွာ နီးစပ်ရာဆေးခန်းကိုအမြန်ဆုံး သွားရောက်ဖို့ လိုပါတယ် ။ ရင်ကျပ်ရောဂါဆိုတဲ့ဟာသည် ပွင့်ပွင့်လင်းလင်း ပြောရရင် သေဆုံးရမယ့်ရောဂါ မဟုတ်ဘူး ။ ကျွန်တော်တို့ ဒီ လုပ်သင့် လုပ်ထိုက်တဲ့ အချိန် ကုသသင့် ကုသအပ်တဲ့ အချိန်မျိုးမှာဆို ဘာမှ အသေအပျောက်များစရာ အကြောင်းမရှိပေမယ့် ၊ နားလည်မူ လွဲမှားစွာနှင့် ကိုယ့်အိမ်မှာပဲ ကိုယ်နေတယ် ပျောက်သွားမယ်လို့ထင်တယ် ၊ ဒီဆေးတွေရှူနေတယ် ၊ ဥပမာဖြင့် ရှူဆေးလေး တွေ အရင်တစ်ခေါက်တုန်းကရှူတော့ သက်သာနေတာပဲ ဒီတစ်ခေါက်လည်း ၄ ၊ ၅ ကြိမ်ရှူတယ်  ။  ၄ ၊ ၅ ကြိမ် ရှူ ပြီးတော့မှ မရှူနိုင်ရင် တော်တော်ဖြစ်တော့မှ သွားလို့ ရှိရင်တော့  ဟိုဘက်မှာ ကုသတာ တော်တော် နောက်ကျတဲ့  အပိုင်းလေးတွေ တွေ့ရတယ်ပေါ့နော် ။ အဲဒီဟာလေးတွေလည်း ရှောင်ဖို့လိုတာပေါ့နော် ။

မေး ။   ။   ပန်းနာရင်ကျပ်ရှိတဲ့ သူက ကိုယ်ဝန်ဆောင်တဲ့ အခါမှာ အဟန့် အတား ဖြစ်လား ဆရာ။

ဖြေ ။    ။မှန်ပါတယ် အဲဒီဟာလေးလည်း ကျွန်တော် ပြောချင်တာပေါ့နော် ။ ကိုယ်ဝန်ဆောင်တဲ့ အခါကျလို့ ရှိရင် ဒီရင်ကျပ်က ဘယ်လိုဖြစ်ပွားနိ်ုင်လဲဆိုလို့ရှိရင်၊ လူနားလည်အောင် ပြောရမယ်ဆိုလို့ရှိရင်၊ သူကဖြစ်စဉ်လို ဖြစ်သွားတယ်လို့ ပြောရမှာပေါ့နော် ၊ အမှန်အတိုင်း သေချာပြောရရင် ၃ ပုံ ၁ ပုံသည် သူနေမြဲအတိုင်းပဲနေတယ် ။ ရင်ကျပ်တာ ကိုယ်ဝန်မဆောင်ခင်က အချိန်လည်း အခုချိန်နဲ့ တူတူပဲ ၊ ၃ ပုံ ၁ ပုံ သည် ပိုဆိုးလာတယ် ။ ၃ ပုံ ၁ ပုံ သည် ပျောက်ကင်းပြီးတော့ သက်သာသွားတယ် ၊ ဒါ အခြေခံကိုပြောပြတာ ။ ဒါပေမယ့် ရင်ကျပ်သမား တစ်ယောက်သည် ကိုယ်ဝန်ဆောင်မယ်ဆိုရင် မဆောင်ခင်ကတည်းက ကြိုတင်ပြီးတော့ ထိထိ ရောက်ရောက် ကုသထားပေါ့ ။ control လုပ်တယ်ပေါ့၊ controller ဆိုတာနဲ့ control လုပ်ဖို့ လိုတယ် ၊ ကိုယ်ဝန်  ပထမ  ၃ လမှာတော့ ကျွန်တော်တို့ steroid ရှူဆေးများက လိုအပ်ရင်သုံးစွဲပါတယ် ။ ဒါပေမယ့်လည်း တကယ်လို့ ထိန်းလို့ရတယ် ဆိုလို့ရှိရင်တော့ တစ်ချို့တွေက  ကြောက်လို့ ခဏရပ်ထားတာမျိုးရှိတယ် ။ ဒါပေမယ့် သောက်ဆေး prednisolone ကိုတော့ တတ်နိုင်သမျှ ကျွန်တော်တို့က မသုံးစေချင်ဘူး ။ ဒီ ကိုယ်ဝန်နုစဉ်မှာ ပေါ့နော် ။ ကိုယ်ဝန်ရင့်လာပြီဆိုရင်တော့ ကျွန်တော်တို့ ကိုယ်ဝန်မဆောင်စဉ်ကအတိုင်းပဲ ရှူဆေးတွေကို သုံးစွဲလို့ ရတယ်ပေါ့နော် ။ ဘာမှ စိုးရိမ်စရာမရှိပါဘူး ။ တစ်ခုရှိတာက ကိုယ်ဝန်ရင့်လာတဲ့အခါ အောက်က ကျွန်တော်တို့ ဒီ ဗိုက်ပိုင်းဆိုင်ရာက တက်လာတဲ့ အခါမှာ အမှေးပါးက အပေါ်ကို တင်လာလို့ ရှိရင် အဆုတ်က နည်းနည်းလေး ရှူရတာခက်ခဲလာတာ ရှိပါတယ် ။ ခက်ခဲလာတဲ့ အခါကျတော့ အဆုတ်က နည်းနည်းလေး ပိုမောချင်တာတို့ ရင်ကျပ် ထချင်တာတို့ ဖြစ်လာတတ်ပါတယ် ။ အဲဒီဟာလေးတွေကိုလည်း ကျွန်တော်တို့က စောစောကပြောတဲ့ ထိန်းတာလေးတွေနှင့် ကျွန်တော်တို့ သေချာလုပ်ပြီးတော့ ထိန်းလို့ရှိရင် ရပါတယ် ။ အကြံပေးချင်တာက  အိမ်ထောင်သည်များ ရင်ကျပ်ရှိတယ်ဆိုရင်ပေါ့၊ ကိုယ်ဝန်ဆောင်သည်ဖြစ်စေ မဆောင်သည်ဖြစ်စေ နည်းနည်းရင်ကျပ်ရောဂါကို ထိန်းထားပေးပါလို့ ၊ ရင်ကျပ်ရောဂါရှိလို့ ကိုယ်ဝန် မဆောင်ရဘူး ဆိုတာလည်း မဟုတ်ပါဘူး ။ ကိုယ်ဝန်ဆောင်လို့ ရပါတယ် ။ ဒါပေမယ့်လည်း စောစောက ထိန်းထားပြီးတော့ ပေါ့နော် Control ကောင်းတဲ့ Asthma ပေါ့နော် ၊ ရင်ကျပ်ရောဂါက Control ကောင်းရင် ကိုယ်ဝန်ဆောင်ရင်လည်း သူ့ ပုံမှန်မိခင်လိုပဲ သွားလို့ နေထိုင်လို့ ရပါတယ် ။ 

မေး။              ။ ပန်းနာရင်ကျပ်ရောဂါ ရှိနေတဲ့ ကိုယ်ဝန်သည် အမျိုးသမီး တစ်ယောက်အနေနဲ့ပေါ့နော်၊ ဒီမိခင်နို့ဟာ ကလေးအတွက် ပန်းနာရင်ကျပ်ကို လျော့ပါးစေတယ် ဆိုပြီးတော့မှ ကျွန်တော် တစ်ချက်တွေ့ပါတယ် ။ အဲဒီဟာလေး နှင့်ပတ်သက်ပြီးတော့လည်း ပြောပေးစေချင်ပါတယ် ။

ဖြေ ။             ။ အဲဒီဟာက ဒီလိုပါဗျ ၊ မိခင်နို့ဆိုတာက မိခင်နှင့် ဒီသားသမီးဟာ အကုန်လုံးက ဗီဇကတူတူပဲ၊ ဗီဇတူတူပဲ ဆိုတော့ သူ့ဆီကို ခန္ဓာကိုယ်အတွင်းက ဓာတ်တွေသည် အမေရဲ့ ဓာတ်ပဲဖြစ်တဲ့ အတွက်ကြောင့်မို့လို့ Allergic သဘောမျိုး မဟုတ်ဘူး antibody မဟုတ်ဘူး၊ ဒါပေမယ့် နွားနို့တွေပေါ့ဗျာ နို့မှုန့်တွေပေါ့၊ အဲဒီအခါကျလို့ရှိရင်သူက foreign body  သဘောမျိုးရှိတဲ့ အခါကျတော၊့ သူက allergic သဘောမျိုး ဖြစ်ပွားစေတယ် ။ စောစောကလို ကျွန်တော်တို့ ပုံမှန်လူက ဖြစ်ချင်မှ ဖြစ်မယ် ။ ဒါပေမယ့် သူ့လို မျိုးရိုးဗီဇ ဓာတ်ခံ ရှိနေတဲ့လူကျတော့ စောစောကဝင်လာတဲ့ ဥစ္စာတွေကို သူက foreign body အနေနှင့် လုပ်လာတာ allergic antibody တွေထုတ်တာပေါ့။ အဲဒီလိုတွေထုတ်လာတဲ့ အခါကျတော့ ရင်ကျပ်ဖြစ်ပွားဖို့ နည်းနည်းပိုလွယ်တယ်လို့ ပြောတာပါ ။

မေး ။   ။   ဆရာကြီး ရင်ကျပ်တာပျောက်အောင် ကုသဖို့ နည်း မရှိတော့ဘူးလားခင်ဗျာ။ နောက်တစ်ခုက သမီးက အသက် ၃ နှစ်က ရင်ကျပ် စဖြစ်ပါတယ် ၊ အခုအသက် ၇ နှစ် ရှိပြီ၊ အသက်ကြီးတဲ့ အထိ ဒီရင်ကျပ်ရောဂါ ဆက်ရှိနေမှာလား ဆိုတာကိုလည်း ဖြေကြားပေးပါ ဆရာ ။

ဖြေ ။    ။ ဒါတွေက တော်တော်များများမေးတဲ့ ဥစ္စာပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရင်ကျပ်ရောဂါက မပျောက်နိုင်ဘူးဆိုတာကို တန်းပြီးတော့ လူနာတွေ စိတ်ပျက်အောင် မပြောချင်ဘူးဗျ ။ မပြောချင်တဲ့ အတွက်ကြောင့် ရေရှည်ကုသရမယ် ဆိုတာလေးပဲ ကျွန်တော်တို့ ကပြောတာပါ ။  အမှန်တိုင်းပြောရလို့ရှိရင် ပျောက်လုနီးပါး ကောင်းသွားတာတွေလည်း ရှိပါတယ် ။ ဒါပေမယ့်လည်း အဲဒီမှာ ကျွန်တော်က ကြုံတုန်းလေးပြောပြချင်တာက ပြီးခ့တဲ့အပတ်ကလည်း စပ်ဆေးအကြောင်းတွေ ဆွေးနွေးသွားပါတယ် ။ အမြစ်ပြတ်မယ်ဆိုပြီးတော့  ရေတိုနှင့်လုပ်ပြီးတော့လေ၊ အဲဒီမှာ prednisolone တွေ ကိုများများ သောက်ပြီးတော့ မျက်နှာကြီးဖောင်းကားပြီးတော့ ရင်ကျပ်ကတော့ မထတော့ဘူး ၊ သို့သော်ငြားလည်း ဘေးထွက်ဆိုးကျိုး သွေးတိုးဆီးချိုတို့ ကျန်တဲ့ရောဂါတို့ ဝင်လာမှာတော့ ဆိုးတာပေါ့ ။   အခုမေးထားတဲ့ သမီးလေးက ၃ နှစ်ကနေ စဖြစ်တယ်၊ ၇ နှစ်ထိလည်း ကောင်းကောင်းမွန်မွန်ကုသနေတယ်ဆိုတော့ ကောင်းပါတယ် ။ ဒါပေမယ့် ၁၂ နှစ်ကျော်သွားတဲ့ အခါကျတော့ ဆက်ဖြစ်မယ် မဖြစ်ဘူးဆိုတာတော့ တစ်ခါနှင့် တစ်ခါက မတူဘူးဗျ ။ မတူဘူးဆိုတာကတော့ သူတို့ စမ်းသပ်ထားတာတော့ ရှိပေမယ့် ကျွန်တော်တို့ တစ်ခါတစ်ခါကျ မျော်လင့်တာက အရွယ်ပြောင်းသွားမှ ပျောက်ကင်းသွားတဲ့ လူမျိုးကိုလည်းတွေ့ဖူးပါတယ် ။ ဒါပေမယ့် တစ်ခါတစ်ခါကျလို့ ရှိရင် အဲဒီလိုမျိုးပျောက်ကင်းပြီးမှ အသက် ၄၀ ၊ ၅၀ ကျော်မှ တစ်ခါ ပြန်ထလာတဲ့ အခါမျိုးကျတော့  ပြောရလို့ရှိရင်တော့ ကျွန်တော့အနေနဲ့ တိတိကျကျတော့ မပြောနိုင်ဘူး ။ သို့သော်ငြားလည်း ခုနကလိုဖြစ်လာရင် စနစ်တကျ ကုပါ ။ တော်တော်လေး ငြိမ်သွားလို့ရှိရင် ကိုယ်ကုနေကျ ဆရာဝန်နှင့် တိုင်ပင်ပြီးတော့ ကိုယ့်ရဲ့ကုသနေတဲ့ စနစ်ကို ဘယ်လိုဆက်သွားမလဲ  တစ်ချို့ဆေးလေးတွေ ကတော့ ရပ်မယ် ။ တစ်ချို့ဆေးလေးတွေကတော့ အနိမ့်ဆုံးအနေနှင့် ဘယ်လိုသွားမလဲ ။ အဲဒီဟာလေးတွေကို တိုင်ပင်ပြီးတော့ သွားမယ်ဆိုရင်တော့ မဆိုးဘူး ။ ရင်ကျပ်သည် ကျွန်တော်တို့ အနေနှင့် ဆိုရင်တော့ လှည့်စားမူ အများဆုံးထဲမှာ ပါတယ်  ။ တစ်ခါတစ်ခါကျလို့ရှိရင် တစ်နှစ်မှ တစ်လလောက် ရင်ကျပ် တာမျိုးတွေလည်း ရှိတယ် ။ ၁ဝနှစ်လောက် ၁၅ နှစ်လောက် မကျပ်ဘဲနှင့် အသက် ၅၀ ၊ ၆၀ လောက်မှ      ပြန်ကျပ်တာမျိုးတွေလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က တိုက်ရိုက်တော့ မပြောနိုင်ပါဘူး ။ ဒါပေမယ့် Chance ကတော့ ကလေးရင်ကျပ်တွေသည် အရွယ်ပြောင်းတဲ့အခါ ငြိမ်သွားတတ်တဲ့ Chance ကတော့ ရှိပါတယ် ။

မေး ။                      ။ နောက်ထပ် ရင်ကျပ်တာမျိုးဆိုရင်   အသက်ရှူမဝတာပေါ့နော် ။   အဲဒီဟာ အပြင်၊ သူရဲ့ လက္ခဏတွေက ဘာတွေလဲ ။ ချောင်းတွေရော ဆိုးသေးလား ။ ရင်ကျပ်တယ်ဆိုတာ လက္ခဏာက ဘယ်လိုလဲ ရှင်းပြပေးပါ ။

ဖြေ ။             ။အဲဒါက ကျွန်တော်တို့ ရင်ကျပ်လို့သာ အလွယ်တကူ ပြောတာပါ ။ အမှန်အတိုင်းပြောရရင် ရင်ကျပ်ရောဂါက ဘယ်လိုသိနိုင်လဲ ။ ဘယ်လိုရှာဖွေနိုင်လဲ ။ မေးကြတယ် ။ ရင်ကျပ်ဖြစ်နိုင်ချေ ရှိတယ်ဆို မေးကြတယ် ၊ ဆရာရင်ကျပ်ဆိုတာ ကျိန်းသေသွားပြီလား ။ အမှန်က ကျိန်းသေအောင် လုပ်ရမှာလေးတွေက တစ်ချို့ရှိပေမယ့် ၊ တစ်ချို့က မကျိန်းသေဘူးဗျ ။ ရောဂါကို သတ်မှတ်ရတဲ့အခါမှာ မကျိန်းသေဘူး ။ ကျွန်တော်တို့က ဘယ်ပေါ်မှာမူတည်ပြီးတော့ သတ်မှတ်လည်း ဆို ရာဇဝင်ပေါ်မှာ မူတည်ပြီးတော့ာ သတ်မှတ်တယ်ပေါ့နော် ။ နာမည်ကသာ ရင်ကျပ်လို့ ဆိုပေမယ့် တချို့လက္ခဏာလေးတွေလည်း ရှိတယ်ပေါ့နော် ။ ဥပမာ ချောင်းဆိုးတာလေး တွေလည်းရှိနိုင်တယ် ၊ သလိပ်နည်းနည်း ထွက်တာလေးတွေလည်း ရှိနိုင်တယ် ၊ ရင်ကျပ်တာပေါ့၊ ပြီးရင် ရင်ကျပ်တဲ့ အချိန်တွေကလည်း ရှိနိုင်တယ်၊ ဥပမာ အစားအသောက်မှားလို့ ရင်ကျပ်တာ၊ ပြီးရင် ညဘက်မှာ ကျပ်တဲ့ ရင်ကျပ်တွေ၊ ဒါမျိုးတွေလည်း ရှိနိုင်တယ်။ ဒါဖြင့် အဲဒီရင်ကျပ်တွေက ဘယ်အချိန်မှာ ဖြစ်တာလဲ ၊ ဘယ်ရာသီမှာဖြစ်တာလဲ ၊  ဘယ်လိုထိတွေ့မူ မျိုးမှာ ဖြစ်တာလဲ၊ အဲဒီဟာလေးတွေ ကို ကျွန်တော်တို့က ကောက်ချက်ချပြီးတော့  အခြေခံကို  ကျွန်တော်တို့က ရင်ကျပ်ရောဂါလို့ သတ်မှတ်တာ ။ အဲဒီမှာမှ ထပ်ပြီးတော့ တိကျအောင် ဘာလုပ်မလဲ ၊ ဓာတ်မှန်ရိုက်မလား ၊ အမှန်တိုင်းပြောရလို့ရှိရင်တော့ ရင်ကျပ်ကို ကျွန်တော်တို့ ဓာတ်မှန်ရိုက်တာက ရင်ကျပ်ကို ရောဂါရှာဖွေတာမဟုတ်ပါဘူး ။ ရင်ကျပ်မဟုတ်တဲ့ တစ်ခြားရောဂါများကို ကျွန်တော်တို့က သိအောင်လုပ်တာပါ ။ ဥပမာ ပြီးခဲ့တဲ့ တစ်ပတ်က ဆွေးနွေးတဲ့ တီဘီသော်လည်းကောင်း၊ လူကြီးတွေဖြစ်မယ်ဆို ရင်ကျပ်မဟုတ်တဲ့ တခြားအဆုတ်ရောင် နမိုးနီးယား  ဖြစ်တာသော်လည်းကောင်း ၊ ဥပမာဖြစ် အဆုတ်ကင်ဆာ ဖြစ်နေတာသော်လည်းကောင်း၊ ဒါလေးတွေကို ကျွန်တော်တို့က ပယ်ချင်တဲ့သဘောနှင့် ဓာတ်မှန်ရိုက်တာပါ ။ တကယ်တမ်း တိတိကျကျ ကျွန်တော်တို့ သွားမယ်ဆိုရင် ကျွန်တော်တို့မှာ နည်းလမ်း ၂ ခု ထပ်ရှိပါတယ် ။ တစ်ခုက ဘာလဲဆိုတော့ အဆုတ်အားကို မှုတ်သော peak flow လို့ခေါ်တဲ့ အဆုတ်အားမှုတ်သော ကိရိယာလေးတွေပါ ။ အဲဒါလေးတွေကို ကျွန်တော်တို့က တိုင်းတာသွားပြီးတော့ record လေးလုပ်ထားလို့ ရှိရင် ကျွန်တော်တို့ ရင်ကျပ်ရောဂါ သတ်မှတ်လို့ ရတယ် ။ နောက်တစ်ခုကကျတော့ spirometry လို့ခေါ်တဲ့ အဆုတ်အားကို မှုတ်တဲ့ ဥစ္စာပါ၊ သူကကျတော့ နည်းနည်းလေး စက်လေးက အဆင့်ပိုမြင့် သွားတယ် ။ အဲဒီဟာကို ကျွန်တော်တို့က လေပြွန်ချဲ့ နိုင်တဲ့အားလို့ ခေါ်တယ် ။ အဲဒီအားလေး တကယ်လို့ တွေ့မယ်ဆိုရင် စောစောကလူနာရဲ့ လက္ခဏာတွေလည်း ရှိမယ် ၊ ဒီလိုမျိုး ကျွန်တော်တို့ အဆုတ်အားသတ်မှတ်ချက်လေးကလည်း ပြည့်နေမယ် ဆိုရင်တော့ နောက်ပြီး တခြားရောဂါလည်းမရှိဘူးဆိုရင် ဒီလိုလူမျိုးတွေကို ကျွန်တော်တို့က ရင်ကျပ်လို့ သတ်မှတ်လို့ ရပါတယ် ။

မေး ။             ။ ပက်လက်လှန်လို့ရှိရင် နှာခေါင်းကို တစ်ယောက်ယောက်က ဖိထားသလို ခံစားရတယ်၊ ဒါဟာ ရင်ကျပ်ရောဂါလားလို့ သံသယ ရှိတယ်ပေါ့နော် ။ ပြီးတော့  လွန်ခဲ့တဲ့ ၄ နှစ်က လည်ပင်း အကျိတ်ခွဲထားသေးတယ်၊ သွိုင်းရွိက်ရောဂါကြောင့်ပေါ့လေ ။   အဲဒါကြောင့် ဒီလက္ခဏာဟာ အသက်ရှူမဝတဲ့ ပြဿပေါ့လေ ရင်ကျပ်သလိုခံစားရတယ်ပေါ့ ၊ ဒါဟာ ရင်ကျပ်ရောဂါလား ဆရာ ။

ဖြေ ။             ။ မှန်ပါတယ် ။ အမှန်ကတော့ ကျွန်တော်တို့ဆီက ရင်ကျပ်ဆို အကုန်လုံးက ကျပ်သမျှကို ရင်ကျပ်လို့ပဲ သတ်မှတ်တာလေ ။ ဒါပေမယ့် တကယ်တမ်းပြောရလို့ရှိရင် ဒီ Asthma ဆိုတဲ့ ရင်ကျပ်ရောဂါဆိုသည်မှာ ကျွန်တော်တို့ အဆုတ်အတွင်းထဲမှာရှိတဲ့ လေပြွန်လေးတွေပေါ့ ၊ ရောင်တယ် ၊ ပြီးလို့ရှိရင် ကျဉ်းတယ် ။ အဲဒီဟာကို ရင်ကျပ်လို့ သတ်မှတ်တာပေါ့ ။ စောစောက မေးထားတာဆိုရင် လည်ပင်းခွဲထားဖူးတယ်ဆိုတော့ ဒီလည်ပင်း ဝန်းကျင်ပေါ့၊ အဆုတ်ထိတော့ မရောက်ဖူး ။ နှာခေါင်းပိတ်ထားလို့ ဖြစ်တယ်ဆိုတာက တစ်ခါတစ်ခါကျရင် နှာခေါင်းထဲမှာ အသီးရှိရင်သော်လည်းကောင်း သို့မဟုတ် နှာစေးပြီးတော့ နှာပိတ်နေရင်သော်လည်းကောင်း ၊ ဖြစ်ကောင်း ဖြစ်နိုင်တယ်ပေါ့ ။ ပြီးရင် ပက်လက်လှန်အိပ်လို့ ဖြစ်တယ် ဆိုရင်တော့ ဖြစ်နိုင်ချေက ဘာဖြစ်တာများလဲ ဆိုရင် စောစောက ဒီလေပြွန်ရဲ့ လည်ပင်းမှာရှိတဲ့ ဒီအပေါ် Press လုပ်တာ တစ်ခုခု အကြောင်းရင်း ရှိမယ်လို့ ထင်ပါတယ် ။ အဲဒီဟာကတော့ ကျွန်တော်တို့ ပုံမှန်တွေ့နေကျ ရင်ကျပ်လက္ခဏာ မဟုတ်တာကြောင့် ကိုယ်ကုသနေကျ ဆရာဝန်နှင့် ပြန်တိုင်ပင်ဖို့လိုပါမယ် ။

မေး ။             ။ အစားအစာ နှင့် အာဟာရပေါ့နော် ။ တစ်ချို့တွေကတော့ တစ်ယောက်နဲ့ တစ်ယောက်က မတူဘူး၊ ဒါပေမယ့် အဲဒီလိုမျိုး ပန်းနာရင်ကျပ်ရောဂါသည်တွေ အနေနဲ့ ဘုံရှောင်ရမယ့် အစားအစာတွေ က ဘာတွေများ ဖြစ်မလဲ မသိဘူး ။

ဖြေ ။             ။ အဲဒီဟာတွေလည်း ကျွန်တော်ကလေ ကျွန်တော် တစ်ယောက်တည်းရဲ့ တွေ့ရှိမူလည်း ဖြစ်ချင် ဖြစ်မယ် ။ တစ်ယောက်နှင့် တစ်ယောက်လည်း ပြောတာဖြစ်ရင်ဖြစ်မှာပေါ့ ၊ ကျွန်တော်က ရန်ကုန်မှာ ဆရာဝန်ဖြစ်ပြီးကတည်းက တောက်လျှောက် ရင်ခေါင်းသမားတော် အနေနဲ့လုပ်တယ် ။ ၂၀၀၈ မှာ မန္တလေးကို ကျွန်တော် ပြောင်းသွားပါတယ် ။မန္တလေးရဲ့ ရင်ခေါင်းဆေးကုဌာနမှာ သွားပြီးတော့ အဲဒီမှာ ၉ နှစ်ကြာတယ်ပေါ့ နော် ။  ဆိုလိုသည်မှာ ဒီအောက်ပိုင်း ရင်ကျပ်လူနာ များလည်းတွေ့ဖူးတယ်။ အပေါ်ပိုင်း အထက်ပိုင်းက ရင်ကျပ်လူနာများလည်းတွေ့ဖူးတယ် ပေါ့ ။ အောက်ပိုင်း ရင်ကျပ်လူနာများမှာတော့ ကိုမျိုးသန့်ပြောတဲ့ ၊ ဘုံရှောင်ရမယ့် အစားအစာက နည်းနည်းတော့ ရှားတယ်ဗျ ။ ရှားတယ်ဆိုတော့ တစ်ယောက်နှင့် တစ်ယောက် မတူတာ များတယ် ။တစ်ချို့က ဖုန်ရှူမိလို့ ကျပ်တယ် ။ တစ်ချို့က အအေးခံလို့ ကျပ်တယ် ။ တစ်ချို့က ဘာစားမိလို့ ကျပ်တယ်  ဆိုပေမယ့် အထက်ပိုင်းမှာ စောစောကပြောတဲ့ ဘုံရှောင်ရမယ့် ဥစ္စာလေးရှိတယ်ဗျ ။ အသားတွေထဲမှာဆိုရင် သူတို့ ဝက်သားတို့ ဘာတို့ စားရင်ကျပ်တယ်လို့ ပြောတယ်ဗျ ။ မုန်ညှင်းတို့၊ မုန်လာတို့ နောက်တစ်ခုက မန်ကျည်းသီး ပေါ့ ၊ အဲဒါတွေစားရင်ကျပ်တယ် ။ အဲ့ဒီတော့ ကျွန်တော်တို့က ဆေးကုသ နေရင်းနဲ့ တစ်ခါတစ်ခါကျရင် peak flow တို့က spirometry တို့ပေါ့။ peak flow ကတော့ မဆိုးဘူး ရတယ် ပေါ့ဗျာ ။ spirometry တို့ ဘာတို့က အလွယ်တကူ မရတဲ့ အခါကျလို့ရှိရင် ကျွန်တော်တို့က နည်းနည်းလေး ကျိန်းသေအောင် လုပ်ချင်လို့ရှိရင် လူနာတွေကို History ကောက်တာပေါ့ဗျာ ။မေးတဲ့အခါ ခုနကပြောသလိုပေါ့ ဘာစားလို့ရှိရင် ကျပ်သလဲ ၊ ဘာအသားစားရင် ကျပ်သလဲ၊ အဲ့ဒီလိုမေးလို့ရှိရင် ကျွန်တော်ထင်တယ် ၁၀ ယောက်မှာ ၆ ယောက် ၇ ယောက်လောက်က ထွက်တယ်ဗျ ။ အထက်ပိုင်းလူ ဒါတွေပေါ့၊ အဲဒီဟာတွေက ထွက်တဲ့ အခါကျတော့ အဲဒီဟာတွေကို ကျွန်တော်တို့က ရှောင်ခိုင်းတယ် ။ ဘုံရှောင်ရမယ်ဆိုတာ အဲဒီဟာတွေပေါ့ ။

မေး ။             ။  ကျွန်တော် ပထမ မေးခွန်းကိုပြန်ကောက်ပါရစေ ။ ရှူဆေးရှူလို့ ရှိရင် အမြဲတမ်းရှူရမလား ။ သူ့မှာ ဘယ်နှစ်ကြိမ် ရှူရမယ်ဆိုတာမျိုး ၊ ဘယ်အခြေအနေမှာ ရှူရမယ်ဆိုတာမျိုး သတ်မှတ်ထားတာရှိပါသလား။

ဖြေ ။             ။ရှိပါတယ် ။ ရှိတယ်ဆိုတာက ကျွန်တော်စောစောကပြောသလို ရှူဆေးကို အခြေခံမှာ ၂ ခုရှိတယ်ဆိုတာ နားလည်ဖို့ လိုတယ်ဗျ ။နားလည်ဖို့ လိုမှသာလျှင်စောစောက မေးခွန်းလေးတွေကို သူတို့ကဖြေလို့ရမှာ။ ရှူဆေးက ကျွန်တော်တို့ လေပြွန်ကိုချဲ့တဲ့ ရှူဆေး propodilator သည် ဖြစ်မှ ရှူလို့ ရမှာ၊ ဖြစ်မှ ရှူတယ်ဆိုပေမယ့် ရင်ကျပ်ကို ကြွပြီးတော့ ထတဲ့ အခါကျလို့ ရှိရင် တစ်နေ့ကို ၃ ကြိမ်ကနေ ၄ ကြိမ် ရှူရပြီဆိုရင်တော့ ကျွန်တော်စောစောကပြောတဲ့ အတိုင်းပဲ အိမ်မှာကြိတ်ရှူနေလို့ မရပါဘူး။ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီးတော့ ဆရာဝန်နှင့် တွေ့ရပါတယ် ။ အဲဒီဟာက လေပြွန်ကိုုချဲ့တဲ့ propodilator ဆိုတဲ့ ဥစ္စာပေါ့ ။ စောစောကပြောတဲ့ Controller  လို့ခေါ်တဲ့ steroid ပါတဲ့ ရှူဆေးတွေကတော့ များသောအားဖြင့် ၂ ကြိမ်၊ မနက်နှင့် ညနှင့် ရှူတာပါ ။ ပြီးလို့ရှိရင် သူရဲ့ dose ပေါ်မှာမူတည်ပြီးတော့ တစ်ချက်ပဲ ရှူမှာလား၊ ၂ ချက် ရှူမှာလား အဲဒါတွေလည်းကွာပါတယ် ။ ပြီးရင်သူသုံးစွဲထားတဲ့ အနေအထားပေါ်မှာ မူတည်ပြီး တစ်ကြိမ်တည်း ပြီးသွားသလား ။ တစ်နေ့ကို တစ်ကြိမ်ပဲ ရှူတာလား ၊၂ကြိမ် ရှူဖို့လိုသလား။ ဥပမာအားဖြင့် ဒီအငွေ့ပဲ ရှူတဲ့ ဥစ္စာမှာ အငွေ့ပဲဆိုပေမယ့် တချို့ကျတော့ gas လေးကိုနှိပ်တဲ့ အငွေ့ ရှိတယ် ။ တစ်ချို့ကျတော့ ဆေးရဲ့ capsule လို သဘောမျိုးလေးလုပ်ပြီးတော့ သူ့ရဲ့ ကိရိယာလေး ကျွန်တော်တို့ ခေါ်တာတော့ DPI လို့ခေါ်တာပေါ့နော် dry powder inhaler လို့ခေါ်တယ်၊ အဲဒီဟာလေးကို ဖောက်ပြီးတော့ ရှူတာမျိုးလေးလည်း ရှိပါတယ် ။ အဲဒီဟာကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ပေါ်မှာ မူတည်ပြီး ရှူတာသည် ပိုအကျိုးရှိပါလိမ့်မယ် ။ ကိုယ့်ဟာကို တစ်ကြိမ်ရှူချင်တာတို့ ၊ ၂ ကြိမ်ရှူချင်တာတို့ကတော့ နည်းနည်းလေး သိပ်ပြီးတော့ မကိုက်ဘူးပေါ့နော် ။ အမြဲတမ်းရှူရမလား ဆိုတဲ့ဥစ္စာကတော့ စောစောကပြောတဲ့ Controller ဆိုရင်တော့ အမြဲတမ်းရှူ ရတယ်။ reliever လို့ ခေါ်တဲ့ ဖြစ်မှရှူတဲ့ ဥစ္စာတွေကကျတာ့ ဖြစ်မှပဲရှူရတယ် ဗျ။ အဲဒီလိုမျိုးနှင့် သွားရပါတယ်။

မေး ။             ။ အမြဲကျပ်တာတော့ မဟုတ်ဘူး  ၊တစ်ခါတစ်လေမှ ကျပ်တာပါ၊ အဲဒီလို ကျပ်တဲ့ အခါကျရင်တော့ ရှူဆေးရှူတယ်ပေါ့နော်။  ရှူတဲ့ အခါကျတော့ ရှူလိုက်တဲ့ အခါ သက်သာတယ်ပေါ့နော် ။ ရေရှည်အနေနဲ့ ဘာဆိုးကျိုးဖြစ်နိုင်သလဲ။ ပြီးလို့ရှိရင် ဘာတွေ ကာကွယ်လို့ ရနိုင်သလဲ ။

ဖြေ။   ။ တစ်ခါ တစ်လေမှ ဖြစ်တာဆိုတော့ ၊ အဲဒီဟာတွေလည်း ရှိတယ်၊ Intermittent ဆိုတဲ့ ဥစ္စာလေးက ကျွန်တာ်စောစော ကပြောသလိုပေါ့၊ တချို့က ဆရာရေ တစ်နှစ်မှ တစ်လပဲ ကျပ်တယ် ဆရာ ၊ ကျွန်တော် ဆောင်းရာသီလောက် ကျပ်တယ် ဆရာ ၊ဒါပေမယ့် သူတို့ကိုလည်း လွှတ်မထာရဘူးဗျ။ လွှတ်မထားရဲဘူးဆိုတာ တချို့လူနာတွေမှာရှိတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်က ဆောင်းရာသီမှာ ကျပ်တယ်ဆရာ ၊ ကျွန်တော်ကပြောလိုက်တယ် အခု ဧပြီ ၊ မေ ရောက်နေပြီ ကျပ်တုန်းပဲလားဆို၊ ဟာ ဒီထက်တော့ အဲဒီလို ကျပ်လာတယ်ဆရာ ။ ဆိုလိုသည်မှာ ပြီးခဲ့တဲ့ ၂နှစ် ၃ နှစ်တုန်းက သူသည် ဆောင်းရာသီမှာပဲ ဒီဇင်ဘာတို့ နိုဝင်ဘာတို့ ကျပ်ချင်ကျပ်မယ် ။ ဒါပေမယ့် ဒီနှစ်ရောက်လာတဲ့ အခါကျတော့ Prograss ဖြစ်လာတဲ့ ဟာကိုပြတာဗျ၊ အဲဒီလိုပြတဲ့ အခါ ကျလို့ရှိရင် ကျွန်တာ်တို့ controller ကို သုံးကို သုံးရတော့မယ် ။ စောစောက Intermittent ကျပ်တဲ့ လူ တစ်ယောက်သည် ကျပ်တယ်  bronchodilator လေး  ပဲရှူလိုက်တယ် salbutamol လေးပဲရှူလိုက်တယ် ။ သက်သာသွားတယ် ၊ အဲဒီအဆင့်ကအဲဒီလိုပဲ ထားရင်တော့ မဆိုးဘူးရတယ် ။ ဒါပေမယ့် စောစောကလို Progress ဖြစ်လာပြီဆိုရင်တော့ မရဘူး ။ စောစောက controller ပျော်တဲ့  ဒီ steroid ပါတဲ့ ရှူဆေးသော်လည်းကောင်း ကျန်တဲ့ montilocus လို့ ခေါ်တဲ့သောက်ဆေး တစ်မျိုးမျိုးသော် လည်းကောင်း၊ ထည့်ကိုထည့်ရတော့မှာ အဲဒီလိုဥစ္စာမျိုး။ ဒါကြောင့်မို့လို့ ဘာတွေရှောင်သင့်လဲ ဥစ္စာကတော့ စောစောက ကိုယ်နှင့် မတည့်တဲ့ အစားအသောက်တွေ ရှောင်မယ် ။ ပြီးရင်အခု ဒီရင်ကျပ်ရဲ့ သဘောတရားလေးကို ကျွန်တော်တို့ နားလည်လို့ ရှိရင်၊ ကိုယ်အခြေအနေလည်း ကိုယ်သိပြီးတော့ ဆရာဝန်နှင့် သွားပြဖို့တော့ လိုနေပြီဆိုတာလေးကို ကျွန်တော်တို့ သိလာမှာပေါ့နော် ။

မေး ။             ။ ဒီဇင်ဘာလ အေးတဲ့ ရာသီမှာ ကျပ်တတ်တဲ့ လူတစ်ယောက်က ပူတဲ့ ရာသီမှာလည်း ကျပ်လာပြီဆိုရင် သူက တိုးလာတာပေါ့နော် ။   အဲဒီလို အခြေအနေ မဖြစ်အောင် ကျွန်တော်တို့က ဘယ်လိုမျိုး ထိန်းမလဲဆရာ ။

ဖြေ။              ။ မှန်တယ် အဲဒီဟာလေးကလည်းလိုတယ်ဗျ ။ အဲဒီဟာလိုတာဆိုတော့ ကျွန်တော်တို့က အရင်တုန်းကတော့ သူရဲ့ ဒီ ဂျီးနား ဆိုတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ရင်ကျပ်ရောဂါများကို၊ ကုသဖို့အတွက်် guide လိုင်းတွေ ချပေးတဲ့ အဖွဲ့အစည်းတွေ ရှိတာပေါ့။ သူက state တွေကို ခွဲတယ် ။ စောစောကပြောတာ step 1 လို့ခေါ်တာပေါ့နော် ။ ကျွန်တော်တို့ ကုသမူမှာ step 1, step 2, step 3 ,step 4, step 5 ဆိုတဲ့ ကုသမူတွေ ရှိတယ် ။ step 1 မှာကျတော့ Intermittent လို့ ခေါ်ပြီးတော၊့ ဖြစ်တော့မှကျွန်တာ်တို့ ဒီလဖြစ်တယ် နောက်လ မဖြစ်ဘူးဆိုတာလေးတွေရှိတယ် ။ စောစောကကျွန်တော်တို့ ပြောသလို 2 option ကွဲသွားတယ်ဗျ ။ အဲဒီ ဉစ္စာကို ကျွန်တော်တို့က salbutamol ပဲ ရှူမှာလား၊ ဒီ bronchodilator ပဲရှူမှာလား ဆိုတာ၊ အားပေးတယ် ရှူပါ ။ ဒါပေမယ့် စောင့်တော့ ကြည့်ဖို့ လိုတယ်။ ဒီနှစ် နောက်နှစ် ကွာခြားသည် မကွာခြားသည် ၊ တချို့က စိုးရိမ်တယ်။ ကျွန်တော်တိ်ု့ ဥစ္စာမှာဖြစ်နေပြီ ၊ ကျွန်တော်တို့ ဆက်ပြီးတော့ မဖြစ်ချင်ကြတဲ့ လူကျတော့လည်း၊ အဲ့ဒီ အချိန်ကစပြီးတော့ စောစောကပြောတဲ့ steroid ရှူဆေးကိုလည်း သုံးစွဲခွင့် ပေးထားတယ်ပေါ့၊ အဲဒီဟာကတော့ လူနာနှင့် ဆရာဝန်နဲ့ ညှိနှိုင်းပြီးတော့ plan ဆွဲရမှာပေါ့နော် ။ အဲဒီအချိန်မှာ လူနာကလည်း၊ ကျွန်တော်ကတော့ steroid တွေ မရှူချင်သေးဘူး ဆရာ၊ ဆိုရင်လည်း စောင့် ကြည့်ပါ ။ တကယ်လို့ နောက်ဆက်ဖြစ်မှာ စိုးလို့ ဆိုရင်လည်း steroid ရှူဆေးဆိုတဲ့ controller ကစ သုံးလို့ရတယ် ။

မေး။              ။ သား ၂ယောက်စလုံး ရင်ကျပ်နေတယ်။ မြေပဲစားပြီးလို့ ရှိရင် ရင်ကျပ်တယ်ပေါ့လေ ။ အဲဒါ ဖြစ်နိုင်သလား၊ ရေငွေ့များလို့ ရှိရင်လည်း ကျပ်ပါတယ်တဲ့ ။  ဒီလို ဖြစ်လာတဲ့အခါ ဘယ်လိုရှောင်ရမလဲ၊ ဘာတွေ လုပ်သင့်သလဲ ။

ဖြေ ။             ။ အဲဒီဟာကြောင့် မို့လို့ ကျွန်တော်တို့ကလေ လူနာပြောတာတွေကို အကုန်နားထောင်တယ်ဗျ ။ နားထောင်တယ်ဆိုတော့ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး အကုန်ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်ဆိုတာက ကျွန်တော်တို့ ဟာ ဒါကြီးကတော့ မဖြစ်နိုင်ပါဘူးကွာ၊ မြေပဲစားလို့ မကျပ်ပါဘူးဗျာ၊ ကိုယ်မှမကျပ်တာ၊ တခြားလူမှမကျပ်တာ ခင်ဗျား တစ်ယောက်တည်းကျပ်တာ သွားပြောလို့မရဘူး။ တစ်ယောက်တည်းလည်း ဖြစ်နိုင်တာပဲ ၊ အဲဒီလိုဖြစ်လာတဲ့အခါ ကျွန်တော်က အကြံပေးချင်တာကတော့ controller ဆိုတဲ့ ဥစ္စာလေးကို ဆရာဝန်နှင့် ပြသပြီးတော့၊ ကလေးဆိုလည်း ကလေးအထူးကု ဆရာဝန်နှင့် ပြသပြီးတော့ ကောင်းကောင်းလေး ထိန်းပေးပါ ။ ထိန်းပေးရင် ကိုယ့်ကျမှဖြစ်တဲ့ allergic တွေပါ လျော့သွားပြီးတော့ ကိုယ်စားချင်တဲ့၊ ဥပမာအားဖြင့် မြေပဲလည်းစားလို့ရမယ် ။ ဥပမာအားဖြင့် ကိုယ်သွားချင်တဲ့ နေရာလည်း သွားလို့ရမယ် ။ ကိုယ်လုပ်ချင်တဲ့ အားကစားလည်းလုပ်လို့ရမယ် ။ အဲဒီလို အနေအထားမျိုးပါ ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က controller တွေကို ကောင်းကောင်း သုံးစွဲပါ ။ ဆိုတဲ့ ဥစ္စာလေး ပြောချင်တာ။ ဒါပေမယ့် တော်တော်များများက bronchodilator ရှူလိုက်လို့ရှိရင် ချက်ချင်းအာနိသင်ရတာ၊ ဟိုက controller က မရဘူး ။ အဲဒါကြောင့် သိပ်မကြိုက်တော့ သူတို့က သိပ်မသုံးချင်ကြတာ ။

မေး။              ။  နောက်တစ်ခုက အရေးပေါ်အခြေအနေ ရင်ကျပ်ရင်၊ အဲဒီဟာလေးလည်း နည်းနည်း ပြောပြပေးပါ။

ဖြေ။              ။အဲဒီဟာက asthma ထတယ်လို့ခေါ်တာပေါ့ နော် ။ ရင်ကျပ်ထ တာပေါ့ ။ ရင်ကျပ် ထတာမှာ သူက အပိုင်းမှာ ၃ ပိုင်းခွဲတယ် ။ mild ရယ် ၊ moderate ရယ် ၊ severe ရယ် ဆိုပြီးရှိတယ်။ mild ဆိုတာက ပြဿနာသိပ်မရှိဘူး ။ mild ဆိုတာပြဿနာမရှိဘူးဆိုတာက ကိုယ်လုပ်နေကျ အတိုင်း ဆရာဝန်တော့ သွားတွေ့မယ် ။ ပြီးလို့ရှိရင် ဆရာဝန်က သောက်ဆေးလေး ပေးမယ် ။ အရေးပေါ် prednisolone ဆိုတဲ့ rescue therapy လေးပေးလိုက်ရင် ok ပေါ့၊ ပြန်လာလို့ ရပြီ ။ moderate ဆို နည်းနည်းလေးတော့ အရေးစိုက်ရပြီဗျ။ အဲဒီလို ဥစ္စာမျိုးဆို ကျွန်တော် ထင်တယ်၊ ကိုယ့်ဟာကိုယ်တော့ ကုသလို့ မရဘူး၊ အရေးပေါ်ဌာန တစ်ခုခုတော့ သွားဖို့ လိုနေပြီ ။ ဆရာဝန်တစ်ယောက်ယောက် နှင့် တွေ့ပြီးတဲ့ အခါကျရင် သူရဲ့ညွှန်ကြားချက်အတိုင်းလိုပြီ ။ စောင့်ကြည့်ဖို့ကာလလား၊ ဥပမာအားဖြင့် ရှူဆေးမှာ ကျွန်တော်တို့က ပါးစပ်နှင့် ရှူတဲ့ ရှူဆေးပဲ ရှိတယ် ။ အခုဆေးရုံဆေးခန်းတွေမှာ nebulizer ဆိုတဲ့ စက်နှင့် ပန်းထုတ်တဲ့ ရှူဆေး လည်းရှိသေးတယ် ။ အဲဒီ့ စက်နှင့်ပန်းထုတ်တဲ့ ရှူဆေးနှင့် ရှူဖို့ လိုလာပြီလား၊ ဘာလို့လဲဆိုတော့ ရှူဆေးရိုးရိုးနှင့် ရှူမယ်ဆိုရင် စုပ်ရတယ်ဗျ ၊စုပ်ရတဲ့ အားလည်းရှိသေးတယ် ။ ဒါပေမယ့် ရင်ကျပ်ထလာပြီ ဆိုရင် အဲဒီ့ စုပ်တဲ့အားက မလာနိုင်တော့ဘူး၊ မလာနိုင်တော့ဘူးဆိုရင် ရယ်ဒီမိတ် သူက nebulizer နှင့် တွန်းပြီးတော့ ထည့်ရမယ့် အဆင့်မျိုးရောက်ပြီလား၊ ဒီထက်မှ သိပ်ပြီးတော့ ဖြစ်တာဆိုရင် စကားမပြောနိုင်တော့ဘူး၊ ပြီးရင် pressure ကလည်း ပုံမှန်မဟုတ်ဘူး၊ သွေးခုန်နူန်းကလည်း ပုံမှန်မဟုတ်ဘူး၊ spo2 လို့ခေါ်တဲ့ အောက်စီဂျင်ကလည်း ကျလာပြီဆိုရင် အရေးပေါ်ဆေးရုံ တက်ကို တက်ရမယ့် အပိုင်းလေးပါ ။ အဲဒီဟာကတော့ လူထုကိုပညာပေးတဲ့ အပိုင်းလေးပါ ။ အသေးစိတ်လေးတွေကတော့ ကျွန်တော် မပြောတော့ဘူး ။ ဆိုလိုသည်မှာ ရင်ကျပ်သည် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာပြီ ဆိုလို့ရှိရင် ဆရာဝန် တစ်ယောက်ယောက်နှင့် ဆွေးနွေးပါ ။ ပြီးရင် အရေးပေါ်သွားသင့်တယ် မသွားသင့်တယ် ဆိုတာကိုလည်း၊ ကိုယ့်ဟာကို ဆုံးဖြတ်ပြီးတော့ပဲ လုပ်ပါလို့ အကြံပေးချင်ပါတယ် ။

မေး ။             ။ ရေခဲမုန့်စားတိုင်း သားနှစ်ယောက်လုံးရင်ကျပ်တယ်တဲ့ ။ ဆေးစားပြီးမှပျောက်တယ်ပေါ့လေ။ ကလေးတွေကလည်း တွေ့လို့ ရှိရင်စားချင်တယ်တဲ့၊ အဲဒီဟာလေး သူတို့ကို နည်းနည်းလေး အကြံဉာဏ်လေး ပေးပေးပါ ဦး ။

ဖြေ ။    ။ အကြံဉာဏ်ကတော့ ကလေးအထူးကု ဆရာဝန်နှင့် သေချာပြ၊ Controller ဆိုတဲ့ ရှူဆေးကို ကောင်းကောင်းရှူ၊ ငြိမ်ပြီဆိုရင်တော့ စားကြည့်ပါ ။ မငြိမ်ဘဲနှင့်တော့ သွားစားလို့မရဘူး ။ နည်းနည်းလေး ကောင်းတယ်ဆိုတာနှင့် ပြန်စားလိုက်၊ ကျွန်တော်တို့ အနာတစ်ခုလိုပေါ့ဗျာ ။ သေချာကျက်သွားတော့မှပဲ နည်းနည်းလေး အထိခံနိုင်တယ် ။ မဟုတ်ရင် အနာကမကျက်သေးဘူး၊ ဒီမှာ လာလာထိနေတယ်ဆိုရင် အနာက ကျက်က်ိုမကျက်တော့ဘူး ။ စားချင်တာကိုတော့ နားလည်ပါတယ် ။ ရင်ကျပ်ကိုတော့ အရင်ဆုံး ငြိမ်အောင်ထိန်းပေးပါ ။ ရင်ကျပ် ငြိမ်သွားတော့မှ စားချင်တာစား ၊ ကစားချင်တာ ကစားလို့ ရမှာ ။

မေး။              ။ သားလေးက အမြဲတမ်း နှာစေးတယ်တဲ့ ။ ရင်ကျပ်ရှိလို့ ဆိုပြီး ရှူဆေး ရှူနေရတယ်တဲ့။ အဲဒီတော့ နှာက အမြဲတမ်း ပိတ်နေတယ် ဆိုတော့ ဒါက ဘယ်လိုလုပ်ရမလဲ ခင်ဗျား။

ဖြေ။              ။မှန်တယ်ဗျ။ အဲဒီဟာကလေ နည်းနည်းလေးတော့ တစ်စိတ်တပိုင်းမေးထားတယ် ။ သူမေးတော့ ကျွန်တော်ကပိုပြီးတော့ အရေးပေးပြီး ပြောချင်တာ ။ကျွန်တော်တို့ ရင်ကျပ်မှာ နှာခေါင်းလည်း အရေးကြီးတယ်။ နှာခေါင်းက စပြီးတော့ ရင်ကျပ်ဖြစ်တာတွေ ကြွတာတွေ အများကြီးပဲ ။ ဆိုတဲ့ အခါကျတော့ နှာစေး နှာပိတ်တာကို ရင်ကျပ်ရှိတဲ့လူ တစ်ယောက်မှာ ပေါ့ပေါ့ မထားပါနဲ့ ။ ဒီနှာစေးတာကို ပျောက်အောင် သေချာ ကုသရပါတယ် ။ ပြီးလို့ရှိရင် နှာစေးစေတဲ့ အကြောင်း အရင်းကိုလည်း အထူးဂရုထားရပါမယ်။ ဥပမာအားဖြင့် ဆိုလိုသည်မှာ ကလေးတွေဆိုတော့ ပြေးမယ် လွှားမယ် ၊ ကစားမယ် ။ ပြီးလို့ရှိရင် ချွေးသံတွေ တရွှဲရွှဲ နှင့် အအေးတွေပတ်မယ် ။ အဲဒီဟာလေးတွေကိုလည်း ထိန်းပေးရတယ်ပေါ့နော် ။ နောက်ပြီးတော့ ကျွန်တော်တို့ အခုချိန်ဆိုလို့ရှိရင် ရာသီဥတုက ပူပြင်းတယ် ။ ပူပြင်းတဲ့အခါကျတော့ အထဲထဲမှာ အေးစိမ့်အောင် ထားမယ် ။ ဥပမာအားဖြင့် ၁၆ ၊ ၁၈ ထားမယ် ။ အပြင်ကိုထွက်သွားမယ် ၃၀ ၊ ၄၀ ဖြစ်တယ် ၊ Changes ဖြစ်တယ် ၊ နှာစေးနှာပိတ်ဖြစ်တတ်တယ်။ အဲဒီဟာမျိုး မဖြစ်အောင်လည်း ထားပေးရတယ် ။ အဲဒီဟာမှ မရဘူးဆိုလို့ ရှိရင်တော့ ကျွန်တော်ထင်တယ် ။ အဲဒီလိုပဲ ကိုယ်ပြနေကြ ကလေး အထူးကု ဆရာဝန်ပြမယ် ၊ လိုအပ်ရင် နား နှာခေါင်းလည်ချောင်း ဆရာဝန်ပြမယ် ။ နှာခေါင်းထဲမှာ အသီးလေးတွေ ဘာလေးတွေ ရှိနေလားစစ်ဆေးမယ် ။ အဲဒီဟာလေးတွေကို ငြိမ်အောင်ထိန်းရင်လည်း ရင်ကျပ်က ငြိမ်သွားမယ် ။

မေး ။             ။ တစ်ခါတစ်ရံမှာ ရင်ကျပ်သလို ဖြစ်တယ်၊ တစ်ခါဖြစ်လို့ ရှိရင်လည်း တစ်ပတ် နှစ်ပတ်လောက်ကြာတယ် ။ အဲဒီအချိုန်ဆိုလို့ ရှိရင် မနက်ပိုင်းချောင်းဆိုးရင် သလိပ် အဝါရောင်တွေ ထွက်တတ်တယ် ၊ အဆုတ်ထဲမှာ သလိပ်တွေများနေသလို ခံစားရတယ် ။ ချွဲကြောင့် ဖြစ်တာလား ဒါမှမဟုတ် ရင်ကျပ်တာလား ဆရာ။

ဖြေ ။             ။သူ့ဥစ္စာက သိပ်မကျိန်းသေဘူးဗျ ။ မကျိန်းသေဘူးဆိုတာ ကျွန်တာ်တို့ စောစောက ပြောသလိုပေါ့၊ လေပြွန်ရောင်တဲ့ ရောဂါတစ်ခုကလည်းရှိသေးတာကို bronchitis လို့ခေါ်တာပေါ့၊ လေပြွန်ရောင် ရောဂါ။ ချွဲသလိပ် ၀ါတယ်ဆိုလို့ ရှိရင်တော့ လေပြွန်ရောင်ရောဂါဘက်ကို ပိုပြီးတော့ဖြစ်နိုင်ခြေ ပေးရမှာပေါ့လေ ။ အဲဒီတော့ သိပ်ဝါပြီဆိုလို့ရှိရင်တော့ ၀ါပြီ  ပျစ်ခဲပြီဆိုလို့ရှိရင်တော့ ကျွန်တော်ထင်တယ် ပိုးသတ်ဆေး anti biotic တွေ လုပ်ဖို့လိုပြီ ၊ ဆရာဝန်နှင့်ပြသမယ် ။ bronchodilator တွေ သုံးစွဲဖို့ လိုမလားဆိုရင်လည်း သူညွှန်ကြားလိမ့်မယ်ပေါ့နော် ။ ဒါပေမယ့် ရင်ကျပ်မှာရော သလိပ်က မဝါနိုင်ဘူးလားဆိုရင်၊ ရှားရှားပါးပါးတော့ တစ်ခါတစ်ခါကျ ၀ါနိုင်တယ် ။ ဒါပေမယ့် ဒါတွေကတော့ ဆရာဝန်နှင့် အသေးစိတ်ပြောဆို လိုအပ်ခဲ့ရင် ဓာတ်မှန်ရိုက်ဖို့ လိုပါတယ် ။ အဲဒီဟာတွေက တိကျတဲ့ အဖြေရဖို့ လွယ်တယ် ထင်ပါတယ် ။

မေး ။             ။ မွေးချင်း ၅ ယောက်ရှိပါတယ်၊ မွေးချင်း ၅ယောက်မှာ ၂ ယောက်ကတော့ ပန်းနာရင်ကျပ် ဖြစ်နေပါတယ် ။ ကျန်တဲ့ ၃ ယောက်မှာ မဖြစ်နိုင်ဘူးလား ခင်ဗျာ။  

ဖြေ ။             ။ Chance ဆိုတာတော့ ရှိတာပေါ့နော် ။ အဲဒီဟာကတော့ သူတို့ကပြောတာပဲ 1 in 3 တို့ 7 in 10 တို့ ဆိုပေမယ့် မဖြစ်ဘူးလို့တော့ သေချာပေါက်ပြောလို့မရပါဘူး ။ သို့သော်ငြားလည်း အခုအချိန်မှာ မဖြစ်သေးဘူး ဆိုရင်လည်း ကိုယ့်ဟာကို ဂရုစိုက်ပြီးတော့ ရင်ကျပ်စေမယ့်အချက်တွေပေါ့လေ၊ ဥပမာ  ဆေးလိပ်သောက်ခြင်း ၊ဖုန်တွေဝင်ခြင်း ၊ ကျွန်တော်ထင်တယ် ဘာရောဂါမှ မရှိပေမယ့်လည်း ၊ တစ်ကိုယ်ရည် သန့်ရှင်းမူက အမြဲလိုအပ်တယ်လို့ပေါ့လေ ။

မေး ။             ။ကျေးဇူးပါဆရာကြီး  ။   အသဲဆိုလို့ရှိရင် အသဲအဆီဖုံး နောက်တစ်ဆင့်ဆိုရင် အသဲကင်ဆာတို့ ဘာတို့ ၊ ဒါက နောက်ဆုံး အဆင့်ပေါ့နော် ။ အဲဒီတော့ ပန်းနာရင်ကျပ်ကရော ၊ နောက်ဆက်တွဲ အဆင့်တွေ ရှိသေးလား၊ ပန်းနာဖြစ်ပြီးရင်ဘာထပ်ဖြစ်နိုင်သေးလဲ ။

ဖြေ ။             ။ ကျွန်တော်တို့ ကုသမူကို ခုနကပြောလိုက်ပြီးပြီ ၊ Step 1,2,3,4 ဆိုပြီးတော့ပေါ့နော် ၊ အဲဒီတော့ Step 1, step 2 , သူက ဆေးကိုသုံးစွဲတဲ့ပေါ်မှာမူတည်တာ ၊ ဘယ်ဆေးကိုဘယ်လိုသုံးမလဲ ။ ဒီလေပြွန်ချဲ့တာနဲ့ လေပြွန် အရောင်ကျစေတဲ့ဆေးမှာမှ အရှည်စား Long propodilator လေး ဘယ်လိုသုံးမလဲ၊  montelukast ကို ဘယ်လိုသုံးစွဲမလဲဆိုတာလေး ပေါ့နော် ။ အဲဒီဟာက Step 1,2,3,4 ပေါ့နော် ။ အဲဒီဟာ ရောဂါ အဆင့်လို့ သတ်မှတ်ရင်လည်း indirectly တော့ သတ်မှတ်လို့ရပေမယ့် ၊ ဒါကုသမူကို ကျွန်တော်တို့ အဆင့်ခွဲပြီးတော့ သတ်မှတ်တာ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အဆင့် တစ်ခုကို ၃ လလုပ်ပြီးတဲ့ အခါ၊ ကျွန်တော်တို့ အတိုးအလျော့ လုပ်လို့ ရတယ် ။ သက်သာရင် ပြန်လျော့မယ် ၊ နည်းနည်းဆိုးတယ်ဆိုရင် တိုးမယ်ပေါ့နော် ၊ ဒါပေမယ့် အဆင့် ၅ ရောက်သွားတဲ့အခါကျတော့ သူက Chronic သဘောမျိုး ဖြစ်သွားတယ် ခင်ဗျ ။ အဲဒီလို ဖြစ်တာဘာကြောင့် လဲဆို သူက အဆင့် ၁၊၂ ၊ ၃ ၊ ၄ ကိုသေချာ မကုခဲ့လို့ဗျ ။ ပြီးတော့ စောစောက ရင်ကျပ်ရောဂါမှာကျွန်တော် ပြောပြီးပြီ ၊ လေပြွန်လေးတွေက ကျဉ်းလိုက် ၊ ကျယ်လိုက် ဖြစ်နိုင်ပေမယ့် ၊ လေပြွန် အရောင်ကျတာက်ု ကောင်ကောင်းမလုပ်ရင် လေပြွန်လေးတွေက မာပြီးတော့ ကျဉ်းလိုက်၊ ကျယ်လိုက် အလုပ် မလုပ်တော့ဘူး ၊ မရရင် ကျွန်တော်တို့က Chronic Asthmar လို့ခေါ်တယ် ။ Chronic Asthmar ဖြစ်သွားလို့ ရှိရင်၊ ဘာဖြစ်သွားလဲဆိုရင် ဒီ COPT ရဲ့ ပုံစံ မျိုးပေါ့နော် ။   အဲဒါ ခုနက ကျွန်တော်ပြောတဲ့ မြန်မာလိုဆိုရင် သူက ပန်းနာရင်ကျပ် အဆင့် သဘောမျိုး ပါပဲ ။ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ ခံယူတယ် ၊ ဘာလို့လဲဆို ရင်ကျပ်သမားတစ်ယောက် သည် ကျွန်တော်တို့ ပုံမှန် သွားလာလို့ရတယ် ၊ လုပ်လို့ရတယ် ၊ အဲဒီလိုမျိုး  COPT လိုသဘောမျိုး ဖြစ်သွားပြီဆိုလို့ ရှိရင် လှုပ်လိုက်တာနှင့် မောပန်းတဲ့ အတွက် ဘယ်လိုမှလုပ်လို့ မရတော့ဘူး ။ ဒါကြောင့်မို့လို့ စောစောက ပြောသလို နောက်ဆုံးအဆင့်တွေ မဖြစ်အောင် ကျွန်တော်တို့ ရှေ့က အဆင့်လေးတွေကိုကောင်းကောင်းလုပ်ပါ။ အခုလွဲမှားနေတဲ့ အယူအဆကိုလည်း တစ်ခါတည်း ကျွန်တော်တို့ ရှင်းပြလိုက်ချင်တယ် ။ ရှူဆေးတွေ သွားမသုံးနှင့် ဒါတွေက နောက်ဆုံးအဆင့်တွေဆိုရင် မဟုတ်ဘူး ဒါတွေက ရှေ့ဆုံးဆေးပါ ။ ရှေ့ဆုံးဆေးကို ပုံမှန်သုံးစွဲမှသာလျှင် စောစောက ပြောတဲ့နောက်ဆုံး အဆင့်ကို မရောက်မှာ ။ အဲဒီဟာကို လွဲမှားနေတဲ့ အယူအဆတွေနှင့် ရှူဆေးကို မရှူချင်ဘူးဆိုတဲ့ ဥစ္စာနှင့် နောက်ဆုံးအဆင့်ကို ရောက်သွားတဲ့  လူတွေလည်း တော်တော်များများ ဝမ်းနည်းဖွယ်ရာတွေ တွေ့နေရတယ်ပေါ့နော် ။

မေး ။             ။ပန်းနာရင်ကျပ်သမားတွေအတွက် သင့်တော်တဲ့ ပုံမှန်လေ့ကျင့်ခန်းဆိုရင် ဘာများဖြစ်မလဲ ။

ဖြေ ။             ။အဲဒီဟာကလည်း asthma နှင့် Exercise ဆိုတဲ့ ခေါင်းစဉ်မှာရေးထားတယ်ဗျ ။ ပုံမှန်အတိုင်း အများကြီးတော့ လျှောက်လုပ်စရာ မလိုပါဘူး ။ ဒီအတိုင်း လေဝင်လေထွက် ကောင်းကောင်းလေးနှင့် လေကောင်းလေသန့်လေးကို မှန်မှန်ရှူလို့ရှိရင် မဆိုးပါဘူး။ သူ့ဥစ္စာက ဘာခေါ်မလည်း အဆုတ်ရဲ့ လေပြွန်လေးတွေ ရှင်းသန့် နေလို့ရှိရင၊် အပိုကို ထပ်မဖြစ်တော့ဘူးပေါ့ဗျာ။ အထူးတလည် ပြေးလွှားကစားနေမှ မဟုတ်ပါဘူး။  ပုံမှန်လုပ်နေကျ အသက်ရှူလေ့ကျင့်ခန်းလေးပါပဲ ။ လေကောင်းလေသန့် ရတဲ့နေရာလေးမှာ သွားလုပ်ပေါ့ ။ ဒါပေမယ့်လည်း ဥပမာအားဖြင့် ကျွန်တော်တို့ လမ်းလျှောက်တယ်ဗျာ ။ ကားတွေရှုပ်ထွေးနေတဲ့ လမ်းမကြီးမှာ အသက်ရှူလေ့ကျင့်ခန်း လုပ်တယ်ဆို ဘာတွေဝင်လာမလဲဆိုတော့  အိတ်ဇောပိုက်ထဲက ဥစ္စာတွေ ဝင်ပြီးတော့ ပိုဆိုးရုံပဲ ရှိမှာပေါ့ ။

မေး ။             ။ မနေ့က ကမ္ဘာရင်ကျပ်ရောဂါနေ့ဆိုတော့ အဲဒီနေ့နှင့်ပတ်သက်ပြီးတော့လည်း ဆရာကြီး နည်းနည်းဖြည့်ပြောပေးပါဦး ။

ဖြေ ။             ။ကမ္ဘာ့ရင်ကျပ်နေ့က ၁၉၉၈ ကနေ စပေါ်တာဗျ ။ တစ်နှစ် တစ်နှစ်ကို ဆောင်ပုဒ်လေးနှင့် လုပ်တယ် ။ အဲဒီလိုပဲ ရင်ကျပ်ရောဂါသည်တွေကတိုးပွားလာတယ် ။ ဟိုး အရင်တုန်းက လူ သန်း ၂၀၀ ကျော်ပဲရှိတယ် ။ အခု သန်း ၃၀၀ နားကပ်လာတယ် ။ နောက်ဆုံးရတဲ့ အတိုင်းအတာအရဆိုရင် လူ သန်း ၃၃၉ သန်းလောက် ရင်ကျပ်ရောဂါတွေ ခံစားနေရတယ်ဆိုပြီး ထွက်လာတယ် ။ ထွက်လာတော့ ရင်ကျပ်ရောဂါက အမြစ်ပြတ်သွားတဲ့ ရောဂါမဟုတ်တဲ့ အတွက်ကြောင့်  အခု ကျွန်တော်တို့ပြောခဲ့တာ အားလုံးရဲ့ အနှစ်ချုပ်ပဲ ၊ ရင်ကျပ်ရောဂါက ဘာလို့ ဖြစ်လာတာလဲ ။ ဘယ်လိုပေါ်ပေါက်လာတာလဲ ၊ ရင်ကျပ်ရောဂါရဲ့ သဘောသဘာဝက ဘာတွေလဲ ၊ ပြီးရင် ကုသပုံက ဘယ်လိုရှိသလဲ၊ အဲဒီဟာလေးတွေကို ကျယ်ကျယ်ပြန့်ပြန့် သိစေဖို့ကို ရည်ရွယ်ပြီး ကျွန်တော်တို့ လုပ်တာပါ ။ ဒီ ၂၀၁၉ မှ Stop for Asthmar ဆိုတဲ့ Team နဲ့လုပ်တာပေါ့ ။ အဲဒီဟာ ရင်ကျပ်ရောဂါကိုတားဆီးဖို့ဆိုတဲ့ Stop ဆိုတဲ့ ဥစ္စာပေါ့ ။ ဒါပေမယ့် အဲဒီ Stop မှာ ရောဂါ လက္ခဏာလေးတွေ ကျွန်တော်တို့ တားဆီးဖို့ဆိုတာ ရှိတယ်။ ဒါပေမယ့် အဲဒီ Stop မှာ တစ်လုံးချင်းဆီမှာ သူ့ အဓိပ္ပာယ်လေးတွ ရှိတယ် ။ S ဆိုတာ ကျွန်တော်တို့ရောဂါ လက္ခဏာများကို ရှာဖွေတာ ၊T ဆိုတဲ့ ဥစ္စာမှာတော့ ကျွန်တော်တို့ ရောဂါကိုကုသမယ် ၊ ရောဂါကို ကျွန်တော်တို့ Peep flow လေးတွေနှင့် ရှာဖွေ စမ်းသပ်မယ် ။ ပြီးရင် O ဆိုတာက ဘာလဲဆိုလို့ ရှိရင် ရောဂါ ကုသတာ တိုးတက်လာလား မတိုးတက်လာလား ၊ မှန်လား မမှန်လား စောင့် ကြည့်မယ် ။ P ဆိုတာကဘာလဲဆိုရင် ကိုယ့် ရဲ့ Treatment ကို adjust ပြန်လုပ်မယ် ။ အဲဒီလိုဥစ္စာလေးတွေပါတာကြောင့် STOP ဆိုတဲ့ဆောင်ပုဒ်နှင့် လုပ်ဆောင်တာ ။ လုပ်ဆောင်တော့ ရောဂါဝေဒနာရှိတဲ့ လူများသည် ပထမဦးဆုံး စပြောသလိုပဲ Healthy  Life ဆိုတဲ့ Quality Life ကိုကောင်းကောင်းသွားနိုင်ဖို့ အတွက် ရည်ရွယ်တာပါ ။ ရင်ကျပ်ရောဂါဖြစ်ပြီးတော့ လူဖြစ်ရှုံးတာ မဖြစ်စေရပါဘူး ။ ရင်ကျပ်ရောဂါကြောင့် ဟိုဟာ မလုပ်ရဲဘူး ဒီဟာ မလုပ်ရဲဘူးဆိုတာလဲ မဖြစ်စေရပါဘူး ။ အဲဒီဟာလေးတွေကို သိစေချင်လို့ World asthma day မှာကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့လုပ်တာပါ ။  ရန်ကုန်မှာ ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဒီလ ၁၂ ရက်နေ့မှာ မနက်ပိုင်းမှာ ကျွန်တော်တို့   ရင်ခေါင်းသမားတော်နှင့် ရင်ခေါင်းခွဲစိတ် ဆရာဝန်တွေ စုစည်းထားတဲ့ အဖွဲ့ကနေ ကြီးမှူးပြီးတော့ ပညာပေးပေါ့နော် လုပ်ကြမှာပါ ။ အဲဒါကတော့ ဒီ သူနာပြုတက္ကသိုလ်မှာ မနက်ပိုင်း  ၉နာရီ ကနေ ၁၂ နာရီ ၊ ပညာပေးတွေပြောမယ်။ ပြီးတော့ ဒီပျော်ပျော်ရွှင်ရွှင် ဂိမ်းကစားတာတို့ ဘာတို့ပါမှာပါ ။ အဲ့ဒါ ရန်ကုန်တိုင်းကပေါ့။  မန္တလေးတိုင်းကလည်း ဒီလိုပဲလုပ်မှာ ၊ တစ်ချိန်တည်းမှာပဲ မန္တလေးမှာလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း မန္တလေးပေါ့။ မန္တလေးမှာရှိတဲ့ ရင်ခေါင်းသမားတော်များကနေပြီးတော့ လုပ်ကြမှာပါ ။ အဲဒီလိုမျိုး ပွဲတွေကို သွားခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်လည်း ဗဟုသုတရမယ် ။ မေးချင်တာတွေကိုလည်း ရင်ခေါင်းသမားတော်တွေကို အနီးကပ် မေးခွင့် ရှိမယ် ။ အဲဒီဟာလေးတွေလည်း စီစဉ်ထားတယ်ပေါ့ ။

မေး ။             ။ဟုတ်ကဲ့ပါ ကျေးဇူးပါ ဆရာကြီး ၊ ရင်ကျပ်ရောဂါခံစားနေရတဲ့ ကျွန်တော်တို့ မဇ္စျိမ ပရိတ်သတ်တွေ ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေပဲ ဖြစ်ဖြစ်၊ သူတို့ကို နောက်ဆုံး Massage လေး ပေါ့နော် ၊  ရှောင်ရန်ပဲ ဖြစ်ဖြစ် ဆောင်ရန်ပဲ ဖြစ်ဖြစ် ၊ ဆရာကြီး ထပ်ဖြည့် ပြောချင်တာရှိရင် ပြောပေးပါဦး ။

ဖြေ ။             ။ ကျွန်တော်ကတော့ မှာချင်တာကတော့ ရင်ကျပ်ရောဂါဆိုတာက ဖြစ်ပွားနူန်းလည်း များလာတာ ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပွားသူလည်းများလာတာပေါ့နော် ။  ကျွန်တော်တို့ ကုသတဲ့ အပိုင်းမှာလည်း တွေ့ရတယ် ။    ရင်ကျပ်ရောဂါ ဖြစ်မှာကို မကြောက်ပါနှင့်လို့ ရင်ကျပ်ရောဂါဆိုတာ ကျွန်တော်တို့ မဖြစ်ပါနှင့် လို့လည်း တားဆီးလို့ရတဲ့ ရောဂါမဟုတ်ဘူး ။ အဲဒီတော့ တားဆီးလို့ ရတာတွေကတော့ ဆေးလိပ် မသောက်နှင့်ပေါ့ဗျာ။ Air pollution တွေ မဝင်စေနှင့် ဆိုတာကတော့ အဟန့် အတား တစ်ခု အနေနဲ့ပဲ တားဆီးလို့ ရမှာပေါ့ ။ ဖြစ်ပွားလာပြီဆိုရင်လည်း ကြောက်ဖို့ မလိုပါဘူး၊ နည်းစနစ် မှန်မှန်ကန်ကန်နှင့် ကုသမယ်ဆိုရင် ပုံမှန်ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ ။ နောက်ပြီးတော့ အတွေးမှား အမြင်မှားတွေကိုလည်း မရှိပါစေနှင့် ။ ရင်ကျပ်ရောဂါကိုလည်း ကောင်းကောင်းနားလည်အောင် လုပ်နိုင်တာရှိလို့ရှိရင် ရင်ကျပ်ရောဂါဖြစ်သော်ငြားလည်း ပုံမှန်လူလို နေနိုင်ပါတယ်လို့ ၊အဲဒီစကားလေးတော့ ကျွန်တော် အထူးအလေးအနက်ထားပြီး ပြောချင်ပါတယ် ။

Mr.Ravindra Jain  ။    ။ ပန်းနာရင်ကျပ် ရောဂါနှင့် ပတ်သက်ပြီးတော့ ဖြေသွားတဲ့ ဆရာကြီးကိုလည်း ကျေးဇူးတင်ပါတယ် ။   ကျွန်တော်တို့ အိန္ဒိယနိုင်ငံက Apolo Chanyl ဆေးရုံက ဆရာဝန် ၃ ယောက် လာပါလိမ့်မယ်။ မေလ ၁၀ ရက်နေ့မှာပေါ့နော် ။ အဲဒီတော့ ဒီဆရာဝန်တွေကတော့ အသည်းအစားထိုး ကုသတဲ့ ဆရာဝန်တွေ ၊ ကျောက်ကပ် အစားထိုးကုသတဲ့ ဆရာဝန်တွေ၊ ပြီးလို့ရှိရင် နောက်တစ်ခေါက်ကတော့  ခွဲစိတ် အထူးကု ဆရာဝန် ၃ယောက်ပေါ့။ အဲဒီတော့ သူတို့က ဒီ မေလ ၁၀ ရက်နေ့မှာဆိုလို့ ရှိရင်ပေါ့နော် ၊ ကျွန်တော်တို့ ဒီ ၂၉ လမ်း အောက်ဘလောက်က 4R Consultancy ရုံးခန်းပေါ့နော် ၊ ၊ ရုံးခန်းကို လာပြီးတော့ ခုနကပြောတဲ့ အသည်း ရယ် ၊ ကျောက်ကပ်ရယ် ၊ခွဲစိတ်အထူးကု ဆရာဝန်တွေ နှင့် တွေ့နိုင်ပါတယ် ။ အဲဒီတော့ ဒီရောဂါတွေ ဖြစ်နေတယ်ဆိုရင် တွေ့ဆုံပြီးတော့ မေးမြန်းနိုင်တယ် ။ အိန္ဒိယနိုင်ငံသား ဆရာဝန် ၃ယောက် နှင့် တကယ်လို့ ဆွေးနွေးချင်တယ်ဆိုရင် ၀၉- ၉၇၇၁၁၇၁၄၀ ကို ဆက်သွယ်ပြီးတော့မှ စာရင်းပေးသွင်းနိုင်ပါတယ် ။ အခမဲ့ ဖြစ်ပါတယ် ။ သွားရောက်ဆွေးနွေးပြီးတော့မှ အကြံဉာဏ် တောင်းခံနိုင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။   ။
 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly