ရင်သားကင်ဆာ ဆေးဝါးသစ်တစ်မျိုးက လူနာတွေရဲ့ အသက်ဆက်ရှင်နိုင်ခြေနှုန်းကို ၃၀ ရာခိုင်နှုန်း ပိုမြင့်တက်စေနိုင်

ရင်သားကင်ဆာ ဆေးဝါးသစ်တစ်မျိုးက လူနာတွေရဲ့ အသက်ဆက်ရှင်နိုင်ခြေနှုန်းကို ၃၀ ရာခိုင်နှုန်း ပိုမြင့်တက်စေနိုင်
 File photo of a patient receiving chemotherapy treatment for breast cancer. (Photo: REUTERS/Eric Gaillard)

အသစ် ထုတ်လုပ်ထားတဲ့ ရင်သားကင်ဆာ ဆေးဝါးသစ်တစ်မျိုးက ယင်းဝေဒနာ  ခံစားနေရသူ အမျိုးသမီးငယ်တွေရဲ့ အသက်ဆက်ရှင်သန်နိုင်မှုနှုန်းကို သိသိသာသာ တိုးတက်စေတာကို တွေ့ရှိရကြောင်း သုတေသီတွေက ဇွန်လ ၁ ရက်မှာ ပြောပါတယ်။

နိုင်ငံတကာ ဆေးဝါးကုသမှု လက်တွေ့စမ်းသပ်ချက်တစ်ခုရဲ့ ရလဒ်တွေကို ကိုးကားပြီး သုတေသီတွေက အထက်ပါအတိုင်း  ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရင်သားကင်ဆာ ပြန့်ပွားမှုနှုန်းကို နှေးကွေးသွားစေတယ်ဆိုတဲ့ ယင်းဆေးဝါးကတော့ သွေးဆုံးချိန်အတွင်း ဒါမှမဟုတ် သွေးဆုံံးချိန်မတိုင်ခင် ရင်သားကင်ဆာရောဂါ စဖြစ်ထားတဲ့  အမျိုးသမီးတွေရဲ့ အသက်ဆက်ရှင်နိုင်မှုကို ပိုရှည်လျားစေတာကို တွေ့ရှိရတယ်လို့ သုတေသီတွေက ပြောပါတယ်။

ယင်းတွေ့ရှိချက်တွေကိုတော့ ချီကာဂိုမြို့က ကင်ဆာဆေးဝါး လေ့လာမှုဆိုင်ရာ အမေရိကန် အဖွဲ့အစည်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ယခု တွေ့ရှိချက်တွေအရ ရင်သားကင်ဆာကို စံသတ်မှတ်ချက် ကုသမှုတစ်ခုအပြင် ယခု ဆေးဝါးကို ထပ်ပေါင်းသောက်သုံးစေခဲ့ခြင်းက သုံးနှစ်ခွဲကာလနောက်ပိုင်း လူနာတွေရဲ့ အသက်ရှင်သန်နိုင်ခြေကို ပိုမြင့်တက်စေခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly