ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ (၃)ခုကာကွယ်ပွဲမှာ ဂျိုရှုအာကို အံ့အားသင့်စေခဲ့တဲ့ အန်ဒီရုဇ်

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ (၃)ခုကာကွယ်ပွဲမှာ ဂျိုရှုအာကို အံ့အားသင့်စေခဲ့တဲ့ အန်ဒီရုဇ်
Photos: AFP

တနင်္ဂနွေနေ့အစောပိုင်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က Madison Square Garden မှာ WBA၊ IBF၊ WBO ချန်ပီယံ (၃) ခုကို ကာကွယ်တဲ့အနေနဲ့ ထိုးသတ်ခဲ့တဲ့ အန်သိုနီ ဂျိုရှုအာနဲ့ အန်ဒီရုဇ်တို့ပွဲစဉ်မှာ ဂျိုရှုအာဟာ သူ့ရဲ့ ပထမဆုံး အမေရိကန်မြေပွဲဦးထွက်မှာ အလဲထိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

WBA၊ IBF၊ WBO ချန်ပီယံခါးပတ်တွေကို (၄)ကြိမ်မြောက် ရယူဖို့ ကြိုးစားနေတဲ့ ဗြိတိန်လက်ဝှေ့ကျော် ဂျိုရှုအာကို မက္ကဆီကိုလက်ဝှေ့သမား ရုဇ်က အလဲထိုးသွားပြီး ဟဲဗီးဝိတ်လက်ဝှေ့သမိုင်းရဲ့ အံ့အားသင့်စရာရလဒ်တစ်ခုလည်းဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ရုဇ်ဟာ အနိုင်အတွက် အလေးပေးမှုမှာ အများကြီးနိမ့်တယ်ဆိုပေမယ့် ဂျိုရှုအာကို ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ထိုးသတ်လာပြီး ပွဲကိုစိုးမိုးလာခဲ့ပါတယ်။ သူဟာ တတိယအချီမှာ ဂျိုရှုအာကို နှစ်ကြိမ် လှဲသိပ်ခဲ့ပြီး ဂျိုရှုအာမှာ အမှတ်စဉ်ရေရတဲ့အထိ အထိနာခဲ့ပါတယ်။

(၇)ချီမြောက်မှာတော့ ရုဇ်ရဲ့ တရစပ်လက်သီးတွေကြောင့် အထိနာခဲ့ပြီး အမှတ်စဉ်ရေတွက်ခံရပြီးနောက် အလဲထိုးနဲ့ အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

၂၀၁၂ အိုလံပစ်မှာ ရွှေတံဆိပ်ဆူးခဲ့တဲ့ ဂျိုရှုအာဟာ ဒီရှုံးပွဲက သူ့ရဲ့ ပရိုဖက်ရှင်နယ်လက်ဝှေ့ကစားသမားဘဈ ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပါတယ်။

အန်ဒီရုဇ်ကတော့ ကစားသမားဘဝ ပထမဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်သလို သူ့ရဲ့ နိုင်ငံအတွက်လည်း ပထမဆုံးရယူတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly